ထိုင္းႏိုင္ငံ ဆူကုမ္ဗစ္ေဆးရံုမွာ တက္ေရာက္ကုသေနတဲ့ အဆိုေတာ္ စိုင္းဆိုင္ေမာဝ္

“ခ်ယ္ရီေတြငုိေနၿပီ” ဆိုတဲ့ တစ္ခ်ိန္က နာမည္ေက်ာ္ဆိုေတာ္ စိုင္းဆိုင္ေမာဝ္

တစ္ခ်ိန္ကနာမည္ေက်ာ္ အဆိုေတာ္တစ္ေယာက္ျဖစ္ခဲ့တဲ့ စိုင္းဆိုင္ေမာဝ္ကေတာ့ က်န္းမာေရးမေကာင္းတဲ့ဒဏ္ကို ဆိုးရြားစြာ ခံစားေနရပါတယ္။ ဒီေန႔ေတာ့ ထိုင္းႏိုင္ငံ ဆူကုမ္ဗစ္ေဆးရံုမွာ တက္ေရာက္ကုသေနၿပီး သူ႔ရဲ့ ေဖ့စ္ဘြက္စာမ်က္ႏွာမွာလည္း ခ်စ္ရီေတြ ငိုေနၿပီ ဆိုတဲ့ သီခ်င္းစာသားေလးကို ေရးသားထားပါတယ္။

ေက်ာက္ကပ္ေရာဂါဝ ေလဖ်န္းေရာဂါေတြ ခံစားေနရတဲ့ စိုင္းဆိုင္ေမာဝ္ရဲ့ ဓာတ္ပံုအခ်ိဳ႕ဟာ ၿပီးခဲ့တဲ့လအတြင္းက ေဖ့စ္ဘြက္မွာ ျပန္႔ႏွံ႔လာခဲ့ၿပီး ပရိတ္သတ္ေတြက သနားကရုဏာ သက္ခဲ့ၾကပါတယ္။ ဒါကို အခြင့္ေကာင္းယူၿပီး မသမာသူေတြက အေကာင့္တုလုပ္ၿပီး စိုင္းဆိုင္ေမာဝ္ အေယာင္ေဆာင္ကာ အလွဴခံ ေနခဲ့ၾကပါေသးတယ္။ ဒါကိုလည္း စိုင္းဆိုင္ေမာဝ္က ျပန္ရွင္းလိုက္ရ ပါေသးတယ္။

လြန္ခဲ့တဲ့ ဆယ္စုႏွစ္ေက်ာ္က နာမည္ေက်ာ္ သီခ်င္းမ်ားစြာ ဖန္တီးခဲ့ၿပီး ခုထိတိုင္ ႀကိိဳက္ေနၾကဆဲျဖစ္တဲ့ ရွမ္းအမ်ိဳးသား အဆိုေတာ္ စိုင္းဆိုင္ေမာဝ္က ဘဝအေျပာင္းအလဲ အခ်ိဳးေကြ႔နဲ႔ ရင္ဆိုင္ေနရတာ ျဖစ္ပါတယ္။

Credit : Road of Cele

(Unicode Version)

ထိုင်းနိုင်ငံ ဆူကုမ်ဗစ်ဆေးရုံမှာ တက်ရောက်ကုသနေတဲ့ အဆိုတော် စိုင်းဆိုင်မောဝ်

“ချယ်ရီတွေငိုနေပြီ” ဆိုတဲ့ တစ်ချိန်က နာမည်ကျော်ဆိုတော် စိုင်းဆိုင်မောဝ်

တစ်ချိန်ကနာမည်ကျော် အဆိုတော်တစ်ယောက်ဖြစ်ခဲ့တဲ့ စိုင်းဆိုင်မောဝ်ကတော့ ကျန်းမာရေးမကောင်းတဲ့ဒဏ်ကို ဆိုးရွားစွာ ခံစားနေရပါတယ်။ ဒီနေ့တော့ ထိုင်းနိုင်ငံ ဆူကုမ်ဗစ်ဆေးရုံမှာ တက်ရောက်ကုသနေပြီး သူ့ရဲ့ ဖေ့စ်ဘွက်စာမျက်နှာမှာလည်း ချစ်ရီတွေ ငိုနေပြီ ဆိုတဲ့ သီချင်းစာသားလေးကို ရေးသားထားပါတယ်။

ကျောက်ကပ်ရောဂါဝ လေဖျန်းရောဂါတွေ ခံစားနေရတဲ့ စိုင်းဆိုင်မောဝ်ရဲ့ ဓာတ်ပုံအချို့ဟာ ပြီးခဲ့တဲ့လအတွင်းက ဖေ့စ်ဘွက်မှာ ပြန့်နှံ့လာခဲ့ပြီး ပရိတ်သတ်တွေက သနားကရုဏာ သက်ခဲ့ကြပါတယ်။ ဒါကို အခွင့်ကောင်းယူပြီး မသမာသူတွေက အကောင့်တုလုပ်ပြီး စိုင်းဆိုင်မောဝ် အယောင်ဆောင်ကာ အလှူခံ နေခဲ့ကြပါသေးတယ်။ ဒါကိုလည်း စိုင်းဆိုင်မောဝ်က ပြန်ရှင်းလိုက်ရ ပါသေးတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်က နာမည်ကျော် သီချင်းများစွာ ဖန်တီးခဲ့ပြီး ခုထိတိုင် ကြိိုက်နေကြဆဲဖြစ်တဲ့ ရှမ်းအမျိုးသား အဆိုတော် စိုင်းဆိုင်မောဝ်က ဘဝအပြောင်းအလဲ အချိုးကွေ့နဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

Credit : Road of Cele