ညအခိ်ိန္ ေဝါနဲ႔ စစ္ေတာင္းၾကား ကားပ်က္ရင္ သတိထားပါ

2.4.2018 ည (8:30) ေလာက္က ေမာ္လျမိဳင္က ညီမေလးတစ္ဦး ဆက္သြယ္လာတယ္။

“အစ္ကိုေရ ညီမတို႔ ကားပ်က္လို႔တဲ႔ ရန္ကုန္ကေန ေမာ္လျမိဳင္ကို အျပန္ ေဝါနဲ႔စစ္ေတာင္းၾကား ေညာင္ခါးရွည္ လမ္းခြဲမေရာက္ခင္နားမွာ ကားထိုးရပ္သြားတာ လူကလဲ ျပတ္ ကားတားရလဲခက္ ဘယ္သူ႔ကို အကူအညီ ေတာင္းရမွန္းမသိလို႔ အစ္ကို႔ဆီ လွမ္းဆက္သြယ္ျပီး အကူအညီ ေတာင္းတာပါ။ ဘာလုပ္ရမွန္းလဲ မသိဘူး ကူညီႏိုင္ရင္ ကူညီပါတဲ႔”

ကိုယ္လဲ ဖုန္းနံပါတ္ေပး အေျခအေနေသခ်ာေမးျပီး ကူညီေပးဖို႕ စဥ္းစားေနတုန္း ကားတစ္စီးရပ္ေပးတယ္တဲ႔ အဲဒါနဲ႔ ဖုန္းဆက္ေျပာျပီး ကားဆြဲေပးဖို႔ လွမ္းေျပာေတာ႔ ကားက ဆြဲစရာမပါလို႔ အဆင္မေျပဘူးတဲ႔။ ဒါနဲ႔ လူကို ေခၚသြားျပီး ေညာင္ခါးရွည္လမ္းဆုံမွာ ကားဝပ္ေရွာ႔ ရွိမရွိ စုံစမ္းေပးမယ္ ဆိုျပီး ေျပာလာေတာ႔ ကိုယ္လဲ ကားအေစာင္႔ထားခိုင္းျပီး က်န္တဲ႔သူကို လိုက္သြားခိုင္းလိုက္တယ္။

ဟိုေရာက္ေတာ႔ အဆင္မေျပျပန္ဘူး။ ကားဝပ္ေရွာ႔ မရွိဘူး။ ရွိတဲ႔သူကလည္း ပစၥည္းမစုံလို႔အဆင္မေျပဘူးတဲ႔ ဒါနဲ႔ကိုယ္လည္း ေမာ္လျမိဳင္ကကိုယ္႔ရဲ႕အမာခံ ပရဟိတ အဖြဲ႔ေတြကို ဆက္သြယ္ျပီး အနီးအနား ေခၚလို႔ရမဲ႔ ကားဝပ္ေရွာ႔ကို စုံစမ္းေတာ႔ အနီးဆုံးက စစ္ေတာင္းမွာပဲ ရွိတယ္။

ပရဟိတကားေတြ လူနာပို႔သြားရင္း ကားပ်က္ရင္ လိုက္လာျပီးကူညီျပင္ေပးေနၾက ကိုေအာင္ေအာင္ရဲ႕ ဖုန္းနံပါတ္ရလို႔ လွမ္းဆက္ျပီး အကူအညီေတာင္းေတာ႔ ကိုေအာင္ေအာင္က ခ်က္ခ်င္းပဲ သူ႔တပည္႔တေယာက္နဲ႔ ထြက္လာျပီး ဆိုေတာ႔ ေကာင္မေလးေတြဆီ ဖုန္းျပန္ဆက္ ေရာက္ေနတဲ႔ လမ္းဆုံမွာပဲ ေစာင္႔ခိုင္းထားလိုက္တယ္။ ေနာက္ဆုံး ေတြ႔ျပီး ပ်က္တဲ႔ကားဆီျပန္လာတုန္း ကားအေစာင္႔ေနခဲ႔တဲ႔ တေယာက္က လူအရမ္းျပတ္ေတာ႔ မေနရဲပဲ ဆိုင္ကယ္ဌားျပီး လိုက္လာတယ္တဲ႔။

ဒါနဲ႔ပဲ ကားဆီေရာက္ေတာ႔ စေတြ႔တာပဲ။ လူအရမ္းျပတ္တဲ႔ ေနရာမွာ ဘယ္ကသူခိုးကေရာက္လာတာလဲ။ ဒါေတာင္ ျပန္လာခ်ိန္မွီလို႔။ ေလာ႔ေတြခ်ထားတဲ႔ ကားေနာက္ဖုံးကို ဖြင္႔ျပီး စိတ္ႀကိဳက္ခိုးေနတာ။ လူေတြလာတာ ေတြ႔ေတာ႔ ေဘးက လယ္ကြင္းေတြထဲ ထြက္ေျပးသြား တယ္။ ပစၥည္းေတြလဲ ဖရိုဖရဲနဲ႔ ပလဲျပီး က်န္ခဲ႔တယ္။

တန္ဖိုးရွိ ပစၥည္းအခ်ိဳ႕ ထည္႔ထားတဲ႔ အထုပ္ႀကီးတထုပ္ ေတာ႔ ပါသြားပါတယ္။ ဒါနဲ႔ ကိုေအာင္တို႔လည္း ေညာင္ခါးရွည္စခန္းကို ဖုန္းဆက္ေပးေတာ႔ ဒုရဲအုပ္နဲ႔ အဖြဲ႔ခ်က္ခ်င္း ေရာက္လာျပီး တရားခံေနာက္ လိုက္လံရွာေဖြ ဖမ္းဆီးေပးေပမဲ႔ မမိပါဘူး။ လြတ္သြားပါတယ္။

ေနာက္ထပ္ဖုန္းဆက္အကူအညီေတာင္းထား စစ္ေတာင္း လူမႈကယ္ဆယ္ေရးအဖြဲ႔က ကိုျပည္႔စုံနဲ႔ အဖြဲ႔လည္း ကူညီဖို႔ ကားပ်က္တဲ႔ေနရာ ထပ္ေရာက္လာေတာ႔ ကားကို စစ္ေတာင္းထိ ဆြဲလာျပီး အခက္အခဲျဖစ္ေနတဲ႔ ညီမေလးေတြကို Ambulance ကားနဲ႔ ကိုျပည္႔စုံကိုယ္တိုင္ ေမာ္လျမိဳင္ထိ လိုက္လံပို႔ေဆာင္ေပးေနပါျပီး။ ကားကေတာ႔ စစ္ေတာင္းဝပ္ေရွာ႔မွာပဲ ထားခဲ႔ရပါတယ္။

ျဖစ္စဥ္ကေတာ႔ သိရေအာင္ေရးျပတာပါ။ အဓိက ေပးခ်င္တဲ႔ မက္ေဆ႔က ေဝါနဲ႔ေညာင္ခါးရွည္ရြာ မေရာက္ခင္ လမ္းမွာ လူအရမ္းျပတ္ပါတယ္။ လူဒီေလာက္ျပတ္တဲ႔ ေနရာမွာ သူခိုးက ဘယ္ကေရာက္လာတာလဲ။ တကယ္လို႔ ကားအေစာင္႔ေနခဲ႔တဲ႔ အစ္ကိုက ဆိုင္ကယ္နဲ႔ မလိုက္လာရင္ ပစၥည္းလိုခ်င္လို႔ လူပါရန္ရွာသြားႏိုင္ပါတယ္။ ေခတ္အေနအထားအရ လူေတြက တပါးသူ ဒုကၡ ေရာက္ရင္ ကူညီဖို႔ထက္ ခိုးဆိုးလုယက္ဖို႔ကိုပဲ ပိုျပီး အားသန္ ေနၾကသလိုပဲ။ မႈခင္းျဖစ္စဥ္ကိုေတာ႔ ေညာင္ခါးရွည္စခန္းမွာ တိုင္ခ်က္ဖြင္႔ခိုင္း ထားခဲ႔ပါတယ္။

ကြ်န္ေတာ္ဖုန္းဆက္ အကူအညီေတာင္းလို႔ အေသးစိတ္ လိုက္လံကူညီေပးခဲ႔ၾကတဲ႔ ကိုတရုတ္ ကိုေနမ်ိဳး ေအာင္ပိုင္စိုး ကိုေအာင္ေအာင္နဲ႔ စစ္ေတာင္း Rescueက ကိုျပည္႔စုံတို႔ကိုလည္း အထူးေက်းဇူးတင္ပါတယ္။

ခရီးသြားမိတ္ေဆြေတြလည္း အဲဒီ ေမာ္လျမိဳင္-ရန္ကုန္ ကားလမ္း ေဝါနဲ႔စစ္ေတာင္းၾကား သတိထားၾကပါ။ လူျပတ္တယ္သာေျပာတယ္။ မသမာသူေတြက ရွိကို ရွိေနပါတယ္။ ေနာက္ဆို အျမန္လမ္းမွာလို ကားကို ခဲနဲ႔ ထုလာတဲ႔ အဆင္႔ထိ မျဖစ္ႏိုင္ဘူးလို႔ မေျပာႏိုင္ပါဘူး။ တာဝန္ရွိသူေတြလည္း အဆင္ေျပသလို ေဆာင္ရြက္ေပး ႏိုင္ၾကပါေစ။

Zin Moe

(Unicode Version)

ညအချိိန် ဝေါနဲ့ စစ်တောင်းကြား ကားပျက်ရင် သတိထားပါ

2.4.2018 ည (8:30) လောက်က မော်လမြိုင်က ညီမလေးတစ်ဦး ဆက်သွယ်လာတယ်။

“အစ်ကိုရေ ညီမတို့ ကားပျက်လို့တဲ့ ရန်ကုန်ကနေ မော်လမြိုင်ကို အပြန် ဝေါနဲ့စစ်တောင်းကြား ညောင်ခါးရှည် လမ်းခွဲမရောက်ခင်နားမှာ ကားထိုးရပ်သွားတာ လူကလဲ ပြတ် ကားတားရလဲခက် ဘယ်သူ့ကို အကူအညီ တောင်းရမှန်းမသိလို့ အစ်ကို့ဆီ လှမ်းဆက်သွယ်ပြီး အကူအညီ တောင်းတာပါ။ ဘာလုပ်ရမှန်းလဲ မသိဘူး ကူညီနိုင်ရင် ကူညီပါတဲ့”

ကိုယ်လဲ ဖုန်းနံပါတ်ပေး အခြေအနေသေချာမေးပြီး ကူညီပေးဖို့ စဉ်းစားနေတုန်း ကားတစ်စီးရပ်ပေးတယ်တဲ့ အဲဒါနဲ့ ဖုန်းဆက်ပြောပြီး ကားဆွဲပေးဖို့ လှမ်းပြောတော့ ကားက ဆွဲစရာမပါလို့ အဆင်မပြေဘူးတဲ့။ ဒါနဲ့ လူကို ခေါ်သွားပြီး ညောင်ခါးရှည်လမ်းဆုံမှာ ကားဝပ်ရှော့ ရှိမရှိ စုံစမ်းပေးမယ် ဆိုပြီး ပြောလာတော့ ကိုယ်လဲ ကားအစောင့်ထားခိုင်းပြီး ကျန်တဲ့သူကို လိုက်သွားခိုင်းလိုက်တယ်။

ဟိုရောက်တော့ အဆင်မပြေပြန်ဘူး။ ကားဝပ်ရှော့ မရှိဘူး။ ရှိတဲ့သူကလည်း ပစ္စည်းမစုံလို့အဆင်မပြေဘူးတဲ့ ဒါနဲ့ကိုယ်လည်း မော်လမြိုင်ကကိုယ့်ရဲ့အမာခံ ပရဟိတ အဖွဲ့တွေကို ဆက်သွယ်ပြီး အနီးအနား ခေါ်လို့ရမဲ့ ကားဝပ်ရှော့ကို စုံစမ်းတော့ အနီးဆုံးက စစ်တောင်းမှာပဲ ရှိတယ်။

ပရဟိတကားတွေ လူနာပို့သွားရင်း ကားပျက်ရင် လိုက်လာပြီးကူညီပြင်ပေးနေကြ ကိုအောင်အောင်ရဲ့ ဖုန်းနံပါတ်ရလို့ လှမ်းဆက်ပြီး အကူအညီတောင်းတော့ ကိုအောင်အောင်က ချက်ချင်းပဲ သူ့တပည့်တယောက်နဲ့ ထွက်လာပြီး ဆိုတော့ ကောင်မလေးတွေဆီ ဖုန်းပြန်ဆက် ရောက်နေတဲ့ လမ်းဆုံမှာပဲ စောင့်ခိုင်းထားလိုက်တယ်။ နောက်ဆုံး တွေ့ပြီး ပျက်တဲ့ကားဆီပြန်လာတုန်း ကားအစောင့်နေခဲ့တဲ့ တယောက်က လူအရမ်းပြတ်တော့ မနေရဲပဲ ဆိုင်ကယ်ဌားပြီး လိုက်လာတယ်တဲ့။

ဒါနဲ့ပဲ ကားဆီရောက်တော့ စတွေ့တာပဲ။ လူအရမ်းပြတ်တဲ့ နေရာမှာ ဘယ်ကသူခိုးကရောက်လာတာလဲ။ ဒါတောင် ပြန်လာချိန်မှီလို့။ လော့တွေချထားတဲ့ ကားနောက်ဖုံးကို ဖွင့်ပြီး စိတ်ကြိုက်ခိုးနေတာ။ လူတွေလာတာ တွေ့တော့ ဘေးက လယ်ကွင်းတွေထဲ ထွက်ပြေးသွား တယ်။ ပစ္စည်းတွေလဲ ဖရိုဖရဲနဲ့ ပလဲပြီး ကျန်ခဲ့တယ်။

တန်ဖိုးရှိ ပစ္စည်းအချို့ ထည့်ထားတဲ့ အထုပ်ကြီးတထုပ် တော့ ပါသွားပါတယ်။ ဒါနဲ့ ကိုအောင်တို့လည်း ညောင်ခါးရှည်စခန်းကို ဖုန်းဆက်ပေးတော့ ဒုရဲအုပ်နဲ့ အဖွဲ့ချက်ချင်း ရောက်လာပြီး တရားခံနောက် လိုက်လံရှာဖွေ ဖမ်းဆီးပေးပေမဲ့ မမိပါဘူး။ လွတ်သွားပါတယ်။

နောက်ထပ်ဖုန်းဆက်အကူအညီတောင်းထား စစ်တောင်း လူမှုကယ်ဆယ်ရေးအဖွဲ့က ကိုပြည့်စုံနဲ့ အဖွဲ့လည်း ကူညီဖို့ ကားပျက်တဲ့နေရာ ထပ်ရောက်လာတော့ ကားကို စစ်တောင်းထိ ဆွဲလာပြီး အခက်အခဲဖြစ်နေတဲ့ ညီမလေးတွေကို Ambulance ကားနဲ့ ကိုပြည့်စုံကိုယ်တိုင် မော်လမြိုင်ထိ လိုက်လံပို့ဆောင်ပေးနေပါပြီး။ ကားကတော့ စစ်တောင်းဝပ်ရှော့မှာပဲ ထားခဲ့ရပါတယ်။

ဖြစ်စဉ်ကတော့ သိရအောင်ရေးပြတာပါ။ အဓိက ပေးချင်တဲ့ မက်ဆေ့က ဝေါနဲ့ညောင်ခါးရှည်ရွာ မရောက်ခင် လမ်းမှာ လူအရမ်းပြတ်ပါတယ်။ လူဒီလောက်ပြတ်တဲ့ နေရာမှာ သူခိုးက ဘယ်ကရောက်လာတာလဲ။ တကယ်လို့ ကားအစောင့်နေခဲ့တဲ့ အစ်ကိုက ဆိုင်ကယ်နဲ့ မလိုက်လာရင် ပစ္စည်းလိုချင်လို့ လူပါရန်ရှာသွားနိုင်ပါတယ်။ ခေတ်အနေအထားအရ လူတွေက တပါးသူ ဒုက္ခ ရောက်ရင် ကူညီဖို့ထက် ခိုးဆိုးလုယက်ဖို့ကိုပဲ ပိုပြီး အားသန် နေကြသလိုပဲ။ မှုခင်းဖြစ်စဉ်ကိုတော့ ညောင်ခါးရှည်စခန်းမှာ တိုင်ချက်ဖွင့်ခိုင်း ထားခဲ့ပါတယ်။

ကျွန်တော်ဖုန်းဆက် အကူအညီတောင်းလို့ အသေးစိတ် လိုက်လံကူညီပေးခဲ့ကြတဲ့ ကိုတရုတ် ကိုနေမျိုး အောင်ပိုင်စိုး ကိုအောင်အောင်နဲ့ စစ်တောင်း Rescueက ကိုပြည့်စုံတို့ကိုလည်း အထူးကျေးဇူးတင်ပါတယ်။

ခရီးသွားမိတ်ဆွေတွေလည်း အဲဒီ မော်လမြိုင်-ရန်ကုန် ကားလမ်း ဝေါနဲ့စစ်တောင်းကြား သတိထားကြပါ။ လူပြတ်တယ်သာပြောတယ်။ မသမာသူတွေက ရှိကို ရှိနေပါတယ်။ နောက်ဆို အမြန်လမ်းမှာလို ကားကို ခဲနဲ့ ထုလာတဲ့ အဆင့်ထိ မဖြစ်နိုင်ဘူးလို့ မပြောနိုင်ပါဘူး။ တာဝန်ရှိသူတွေလည်း အဆင်ပြေသလို ဆောင်ရွက်ပေး နိုင်ကြပါစေ။

Zin Moe