ဂီတပညာ ေၾကညက္ျခင္းမရိွဘဲ ၿပိဳင္ပဲြဝင္ေတြကို ဆရာလုပ္တာ သူ႔သီခ်င္းေတြကို ၿပိဳင္ပြဲေတြမွာ ေပးမသံုးတာနဲ႔ ပတ္သက္ၿပီး ေဆာင္းဦးလိႈင္ေျပာၿပီ

” ခံယူခ်က္မ်ားရယ္ေၾကာင့္…”

အဆိုၿပိဳင္ပဲြေတြမွာ က်ေနာ့္ သီခ်င္းေတြ အသံုးျပဳခြင့္ မေပးတာၾကာပါၿပီ။ ဒိုင္တခ်ိဳ႕ Coach တခ်ိဳ႕ဟာ အေျခခံ ဂီတပညာ ေၾကညက္ျခင္းမရိွဘဲ ၿပိဳင္ပဲြဝင္ ေတြကို ဆရာလုပ္တာ က်င့္ဝတ္နဲ႔ မညီဖူးထင္လို႔။

ၿပီးခဲ့တဲ့ ၂ ရက္ေလာက္က channel တစ္ခုရဲ႕ဝန္ထမ္းကဆက္သြယ္ၿပီး အဆိုၿပိဳင္ပဲြသီခ်င္းသံုးခြင့္ေတာင္းလာတယ္။ သူနဲ႔မရေတာ့ က်ားေပါက္က ဆက္သြယ္လာတယ္။ က်ားေပါက္က က်ေနာ့္အေျခအေနကို မသိဘဲ က်ေနာ္ေရး Zaw W Htut ဆိုတဲ့ သီခ်င္းကို သံုးထားတယ္။

က်ားေပါက္တို႔က အရည္အခ်င္းရိွတဲ့ ဒိုင္ျဖစ္သင့္တဲ့လူေတြပါ။ က်ားေပါက္က ဒီနွစ္မွ ဒိုင္လုပ္တာ၊ က်ေနာ့္သီခ်င္းေတြ ေပးမသံုးတာ မသိရွာ။ က်ားေပါက္ထက္ သူ႔အေဖ ကိုရင္ဂိုဟာ က်ေနာ္ခ်စ္ခင္တဲ့ မိတ္ေဆြႀကီးတစ္ဦး။ ဒီေတာ့ က်ေနာ္ခြင့္ျပဳလိုက္ရတယ္။ အခမဲ့ခြင့္ျပဳလိုက္တယ္။

Channel ဝန္ထမ္းကေျပာျပတယ္။သီခ်င္းေရးဆရာအေတာ္မ်ားမ်ားဟာ တစ္ပုဒ္ကို ေငြက်ပ္သံုးေသာင္းခဲြ (၃၅၀၀၀)နဲ႔ သီခ်င္းေတြ ေပးသံုးၾကတာတဲ့။

က်ေနာ္ေျပာလိုက္တယ္။ အဲဒါ ေရးသူ၊ တီးသူ၊ ဆိုသူ၊ ဖန္တီးသူ အားလံုးကို ေစာ္ကားတာ၊ တျခားေတးေရးေတြလည္း ဒါကိုအရမ္းေက်နပ္ ေနမယ္ က်ေနာ္မထင္ဖူး၊ အေျခအေန တစ္ခုေၾကာင့္ ျဖစ္လိမ့္မယ္လို႔။ ဒါ့ေၾကာင့္ သံုးေသာင္းခဲြ မေပးနဲ႔ အလကားသာယူ ဆိုေတာ့ လာယူသြားၾကတယ္။

ခံယူခ်က္ေၾကာင့္ ေပးမသံုးတာ ေငြသံုးေသာင္းခဲြ ေပးဖို႔ လာႀကိဳးစားေနတယ္။ Share ေပးၾကပါ။ ေနာက္ေနာင္ မည္သည့္အဆိုၿပိဳင္ပဲြမွာမွ က်ေနာ့္ သီခ်င္းေတြ မသံုးၾကပါရန္။

အနုပညာသမားေတြဟာ အနိွမ္ခံ ေငြေနာက္လိုက္ ခံယူခ်က္မရိွတဲ့ လူစားေတြမဟုတ္ဖူး ဆိုတာ ေျပာေပးၾကပါ 🙏🏼🙏🏼🙏🏼

ေဆာင္းဦးလိႈင္ မွတ္တမ္းတင္သည္။ ၂.၄.၂၀၁၈

Source : Song Oo Hlaing

(Unicode Version)

” ခံယူချက်များရယ်ကြောင့်…”

အဆိုပြိုင်ပွဲတွေမှာ ကျနော့် သီချင်းတွေ အသုံးပြုခွင့် မပေးတာကြာပါပြီ။ ဒိုင်တချို့ Coach တချို့ဟာ အခြေခံ ဂီတပညာ ကြေညက်ခြင်းမရှိဘဲ ပြိုင်ပွဲဝင် တွေကို ဆရာလုပ်တာ ကျင့်ဝတ်နဲ့ မညီဖူးထင်လို့။

ပြီးခဲ့တဲ့ ၂ ရက်လောက်က channel တစ်ခုရဲ့ဝန်ထမ်းကဆက်သွယ်ပြီး အဆိုပြိုင်ပွဲသီချင်းသုံးခွင့်တောင်းလာတယ်။ သူနဲ့မရတော့ ကျားပေါက်က ဆက်သွယ်လာတယ်။ ကျားပေါက်က ကျနော့်အခြေအနေကို မသိဘဲ ကျနော်ရေး Zaw W Htut ဆိုတဲ့ သီချင်းကို သုံးထားတယ်။

ကျားပေါက်တို့က အရည်အချင်းရှိတဲ့ ဒိုင်ဖြစ်သင့်တဲ့လူတွေပါ။ ကျားပေါက်က ဒီနှစ်မှ ဒိုင်လုပ်တာ၊ ကျနော့်သီချင်းတွေ ပေးမသုံးတာ မသိရှာ။ ကျားပေါက်ထက် သူ့အဖေ ကိုရင်ဂိုဟာ ကျနော်ချစ်ခင်တဲ့ မိတ်ဆွေကြီးတစ်ဦး။ ဒီတော့ ကျနော်ခွင့်ပြုလိုက်ရတယ်။ အခမဲ့ခွင့်ပြုလိုက်တယ်။

Channel ဝန်ထမ်းကပြောပြတယ်။သီချင်းရေးဆရာအတော်များများဟာ တစ်ပုဒ်ကို ငွေကျပ်သုံးသောင်းခွဲ (၃၅၀၀၀)နဲ့ သီချင်းတွေ ပေးသုံးကြတာတဲ့။

ကျနော်ပြောလိုက်တယ်။ အဲဒါ ရေးသူ၊ တီးသူ၊ ဆိုသူ၊ ဖန်တီးသူ အားလုံးကို စော်ကားတာ၊ တခြားတေးရေးတွေလည်း ဒါကိုအရမ်းကျေနပ် နေမယ် ကျနော်မထင်ဖူး၊ အခြေအနေ တစ်ခုကြောင့် ဖြစ်လိမ့်မယ်လို့။ ဒါ့ကြောင့် သုံးသောင်းခွဲ မပေးနဲ့ အလကားသာယူ ဆိုတော့ လာယူသွားကြတယ်။

ခံယူချက်ကြောင့် ပေးမသုံးတာ ငွေသုံးသောင်းခွဲ ပေးဖို့ လာကြိုးစားနေတယ်။ Share ပေးကြပါ။ နောက်နောင် မည်သည့်အဆိုပြိုင်ပွဲမှာမှ ကျနော့် သီချင်းတွေ မသုံးကြပါရန်။

အနုပညာသမားတွေဟာ အနှိမ်ခံ ငွေနောက်လိုက် ခံယူချက်မရှိတဲ့ လူစားတွေမဟုတ်ဖူး ဆိုတာ ပြောပေးကြပါ 🙏🏼🙏🏼🙏🏼

ဆောင်းဦးလှိုင် မှတ်တမ်းတင်သည်။ ၂.၄.၂၀၁၈

Source : Song Oo Hlaing