ဒလၿမိဳ႕နယ္၌ ေလျပင္းတုိက္၍ မုိးမ်ား ရြာသြန္းမႈေၾကာင့္ ကုကၠိဳပင္ လွ်ပ္စစ္ ဓာတ္ႀကိဳးေပၚသုိ႕ လဲက်မႈျဖစ္ပြား

ရန္ကုန္ တုိင္းေဒသႀကီး ဒလၿမိဳ႕နယ္တြင္ ယေန႕ ေန႕လည္ပုိင္းအခ်ိန္က စတင္ျပီး မုိးသီးမ်ားေႂကြ မုိးမ်ားရြာသြန္းမႈႏွင့္ အတူ ေလျပင္းမ်ား တုိက္ခတ္မႈတုိ႕ေၾကာင့္ သစ္ပင္သစ္ကုိင္မ်ား လွ်စ္စစ္ဓာတ္ႀကိဳးေပၚသုိ႕ လဲက်မႈျဖစ္ပြားခဲ့ေၾကာင္းသိရသည္။

အဆုိပါ မုိးမ်ား အဆက္မျပတ္ရြာသြန္းၿပီး ေလျပင္းမ်ား တုိက္ခတ္မႈေၾကာင့္ စက္ေျမရပ္ကြက္ ရာဇသႀကၤန္ လမ္းမႀကီးေပၚတြင္ ကုကၠိဳပင္ႀကီး လွ်ပ္စစ္ဓာတ္ႀကိဳးေပၚသုိ႕ လဲက်မႈျဖစ္ပြားျခင္း၊ ဗုိလ္ရန္ေျပရပ္ကြက္ ရာဇသႀကၤန္၃လမ္း ရွိ အမွတ္ ၁၂ အေျခခံပညာ မူလတန္းေက်ာင္းေပၚသုိ႕ ကုကၠိဳကုိင္း က်ိဳးက်ျခင္း၊ အဆုိပါလမ္းထိပ္ ဗလီေက်ာင္းေရွ႕တြင္ ဖုန္းေကဘယ္လ္ႀကိဳး ေပၚသုိ႔ သစ္ကုိင္း လဲက်မႈေၾကာင့္ ဖုန္းဓာတ္တုိင္ ကြန္ကရစ္တုိင္ ယုိင္လဲျခင္းတို႔ ျဖစ္ပြားခဲ့ေၾကာင္း ၊ လူႏွင့္ တိရစာၦန္တို႔ ထိခိုက္မႈ မရွိေၾကာင္းသိရသည္။

ျဖစ္ပြားရာေနရာမ်ားသို႔ ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ အုပ္ခ်ဳပ္ေရးမွဴး ဦးခင္ေမာင္ေၾကြႏွင့္ အဖြဲ႕မ်ား ၿမိဳ႕နယ္မီးသတ္ဦးစီးဌာနမွ ဦးစီးမွဴး ဦးေက်ာ္မင္းႏုိင္ႏွင့္ မီးသတ္တပ္ဖြဲ႕ဝင္မ်ား က လမ္းမမ်ားေပၚတြင္ ပိတ္ဆုိ႕ေနေသာ သစ္ပင္သစ္ကုိင္းမ်ားအား ဖယ္ရွားရွင္းလင္းေဆာင္ရြက္ေပးခဲ့ေၾကာင္းသိရသည္။

သတင္းႏွင့္ဓာတ္ပုံ-ႏုိင္လင္းေက်ာ္(ဒလ)

Source : MOI Webportal Myanmar

(Unicode Version)

ဒလမြို့နယ်၌ လေပြင်းတိုက်၍ မိုးများရွာသွန်းမှုကြောင့် ကုက္ကိုပင် လျှပ်စစ် ဓာတ်ကြိုးပေါ်သို့ လဲကျမှုဖြစ်ပွား

ရန်ကုန် တိုင်းဒေသကြီး ဒလမြို့နယ်တွင် ယနေ့ နေ့လည်ပိုင်းအချိန်က စတင်ပြီး မိုးသီးများကြွေ မိုးများရွာသွန်းမှုနှင့် အတူ လေပြင်းများ တိုက်ခတ်မှုတို့ကြောင့် သစ်ပင်သစ်ကိုင်များ လျှစ်စစ်ဓာတ်ကြိုးပေါ်သို့ လဲကျမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါ မိုးများ အဆက်မပြတ်ရွာသွန်းပြီး လေပြင်းများ တိုက်ခတ်မှုကြောင့် စက်မြေရပ်ကွက် ရာဇသင်္ကြန် လမ်းမကြီးပေါ်တွင် ကုက္ကိုပင်ကြီး လျှပ်စစ်ဓာတ်ကြိုးပေါ်သို့ လဲကျမှုဖြစ်ပွားခြင်း၊ ဗိုလ်ရန်ပြေရပ်ကွက် ရာဇသင်္ကြန်၃လမ်း ရှိ အမှတ် ၁၂ အခြေခံပညာ မူလတန်းကျောင်းပေါ်သို့ ကုက္ကိုကိုင်း ကျိုးကျခြင်း၊ အဆိုပါလမ်းထိပ် ဗလီကျောင်းရှေ့တွင် ဖုန်းကေဘယ်လ်ကြိုး ပေါ်သို့ သစ်ကိုင်း လဲကျမှုကြောင့် ဖုန်းဓာတ်တိုင် ကွန်ကရစ်တိုင် ယိုင်လဲခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း ၊ လူနှင့် တိရစ္ဆာန်တို့ ထိခိုက်မှု မရှိကြောင်းသိရသည်။

ဖြစ်ပွားရာနေရာများသို့ မြို့နယ်စည်ပင်သာယာရေးကော်မတီ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ကြွေနှင့် အဖွဲ့များ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးကျော်မင်းနိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ က လမ်းမများပေါ်တွင် ပိတ်ဆို့နေသော သစ်ပင်သစ်ကိုင်းများအား ဖယ်ရှားရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)

Source : MOI Webportal Myanmar