ပုဇြန္ေတာင္ၿမိဳ႕နယ္အတြင္း ေလျပင္း တိုက္ခတ္ၿပီး မိုးသည္းထန္စြာ ႐ြာသြန္းမႈေၾကာင့္ သစ္ကိုင္းမ်ား က်ိဳးပဲ့

ရန္ကုန္တိုင္းေဒသႀကီး၊ အေရွ႕ပိုင္းခ႐ိုင္၊ ပုဇြန္ေတာင္ၿမိဳ႕နယ္အတြင္း ဧၿပီလ(၃) ရက္ေန႔ ညေန(၃)နာရီ (၃၀) မိနစ္ခန္႔က ေလျပင္းမ်ား ႐ုတ္တရက္တိုက္ခတ္ၿပီး မိုးသည္း ထန္စြာ ႐ြာသြန္းမႈေၾကာင့္ ရပ္ကြက္အခ်ိဳ႕တြင္ သစ္ပင္၊ သစ္ကိုင္းမ်ား လဲက်ခဲ့ေၾကာင္း သိရွိရသည္။

“ညေန(၃)နာရီ ေက်ာ္ေလာက္က မိုးစတင္႐ြာတယ္ ဒီေနာက္မွာ ေလပါတစ္အား ျပင္းလာၿပီး သစ္ကိုင္းေတြ က်ိဳးတယ္။ (၉)ရပ္ကြက္ ဇီဇဝါလမ္းႏွင့္ ေရေက်ာ္လမ္းေဒါင့္မွာ သစ္ပင္က်ိဳးက်ၿပီး ကား(၄)စီး ပိေနတယ္။ အေနာ္ရထာလမ္းႏွင့္ (၅၁)လမ္းထိပ္ဘက္မွာလည္း တစ္ခ်ိဳ႕ဆိုင္ေတြက ဆိုင္းဘုတ္ေတြ ပ်က္စီးတယ္လို႔ သိရတယ္။

တစ္ခ်ိဳ႕ေနရာေတြမွာလည္း လၽွပ္စစ္ႀကိဳးေတြ ေပၚကို သစ္ကိုင္းေတြပိေနတာကို ေတြ႕ရတယ္။ ေရေက်ာ္လမ္းေပၚ တစ္ေနရာမွာ (၈)ေပ စေလာင္းႀကီး တစ္ခ်ပ္ လမ္းေပၚအထိ လြင့္က်ေနတာကို ေတြ႕ရ ပါတယ္။ ေရေက်ာ္နားက သံလမ္းေပၚမွာလည္း သစ္ကိုင္းေတြ က်ိဳးက်ေနတယ္။ ေလျပင္း တိုက္ခတ္မႈ ေၾကာင့္ ျဖစ္ေပၚလာတဲ့ သစ္ကိုင္းအက်ိဳးအပဲ့ေတြနဲ႔ အပ်က္အစီးေတြကို သက္ဆိုင္ရာ တာဝန္ရွိသူေတြနဲ႔ ဝန္ထမ္းမ်ားက အခ်ိန္ႏွင့္ တစ္ေျပးညီ လိုက္လံရွင္းလင္း ဖယ္ရွားေနတာကိုလည္း ေတြ႕ျမင္ရပါတယ္” ဟု ေဒသခံတစ္ဦးက ေျပာၾကားသည္။

အဆိုပါ မိုးသက္ေလျပင္းမ်ား တိုက္ခတ္မႈေၾကာင့္ လူႏွင့္ တိရစာၦန္ အေသအေပ်ာက္ မရွိေၾကာင္း သိရွိရသည္။

(ၿမိဳ႕နယ္ျပန္/ဆက္)

Source : MOI Webportal Myanmar

(Unicode Version)

ပုဇွန်တောင်မြို့နယ်အတွင်း လေပြင်း တိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ကိုင်းများ ကျိုးပဲ့

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်း ဧပြီလ(၃) ရက်နေ့ ညနေ(၃)နာရီ (၃၀) မိနစ်ခန့်က လေပြင်းများ ရုတ်တရက်တိုက်ခတ်ပြီး မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် ရပ်ကွက်အချို့တွင် သစ်ပင်၊ သစ်ကိုင်းများ လဲကျခဲ့ကြောင်း သိရှိရသည်။

“ညနေ(၃)နာရီ ကျော်လောက်က မိုးစတင်ရွာတယ် ဒီနောက်မှာ လေပါတစ်အား ပြင်းလာပြီး သစ်ကိုင်းတွေ ကျိုးတယ်။ (၉)ရပ်ကွက် ဇီဇဝါလမ်းနှင့် ရေကျော်လမ်းဒေါင့်မှာ သစ်ပင်ကျိုးကျပြီး ကား(၄)စီး ပိနေတယ်။ အနော်ရထာလမ်းနှင့် (၅၁)လမ်းထိပ်ဘက်မှာလည်း တစ်ချို့ဆိုင်တွေက ဆိုင်းဘုတ်တွေ ပျက်စီးတယ်လို့ သိရတယ်။

တစ်ချို့နေရာတွေမှာလည်း လျှပ်စစ်ကြိုးတွေ ပေါ်ကို သစ်ကိုင်းတွေပိနေတာကို တွေ့ရတယ်။ ရေကျော်လမ်းပေါ် တစ်နေရာမှာ (၈)ပေ စလောင်းကြီး တစ်ချပ် လမ်းပေါ်အထိ လွင့်ကျနေတာကို တွေ့ရ ပါတယ်။ ရေကျော်နားက သံလမ်းပေါ်မှာလည်း သစ်ကိုင်းတွေ ကျိုးကျနေတယ်။ လေပြင်း တိုက်ခတ်မှု ကြောင့် ဖြစ်ပေါ်လာတဲ့ သစ်ကိုင်းအကျိုးအပဲ့တွေနဲ့ အပျက်အစီးတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဝန်ထမ်းများက အချိန်နှင့် တစ်ပြေးညီ လိုက်လံရှင်းလင်း ဖယ်ရှားနေတာကိုလည်း တွေ့မြင်ရပါတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

အဆိုပါ မိုးသက်လေပြင်းများ တိုက်ခတ်မှုကြောင့် လူနှင့် တိရစ္ဆာန် အသေအပျောက် မရှိကြောင်း သိရှိရသည်။

(မြို့နယ်ပြန်/ဆက်)

Source : MOI Webportal Myanmar