အေသးမႊားေလးေပမဲ့ အေလးထား ေစခ်င္ပါတယ္ အႏၲရာယ္ ကင္း႐ွင္းၾကပါေစ

၂.၄.၂၀၁၈ ရက္ ညခင္းပိုင္းမွာ ေတာင္ေျခရြာသြားရင္း မေတာ္တဆ လမ္းေဘးထိုးက် တိမ္းေမွာက္သြားတဲ့ အေၾကာင္း အမ်ားျပည္သူသိရွိေစရန္ ေရးသားေဖာ္ျပေပးျခင္း ျဖစ္ပါတယ္။

” က်ေနာ္တို႕အေနနဲ႕လူမႈေရးလုပ္ငန္း တာဝန္မ်ားကို မည့္သည့္နိုင္ငံေတာ္အႀကီးကဲမ်ား၏ လမ္းညႊန္မႈ ေထာက္ပံ႕ေပးမႈတို႔ ႏွင့္မွ လုပ္ကိုင္ေနျခင္းမဟုတ္ဘဲ မိမိတို႔ ၏ ပင္ကို ဝါသနာ ဗီဇ အက်င့္တခုကိုအေျခခံျပီး ကိုယ့္စားရိတ္ကိုယ္စား ဂ်ီးးေတာ္ႏြားေက်ာင္းေနသူမ်ားသာ ျဖစ္ပါသည္ ”

သို႕ေသာ္ အခ်ိဳ႕ေသာလူတို႕၏ စိတ္သည္ကား လူ႕ကန္႕လန္႕မ်ားပင္။ ေရွ႕မွာေခါင္းေဆာင္ေနရာတြန္းပို႕ေသာ္လည္း အဘက္ဘက္က အရည္ခ်င္းမရိွ ေနာက္ကလိုက္ပါဖို႔ လက္တြဲေခၚေသာ္လည္း မင္းေနာက္ကလိုက္ရမဲ႕အဆင့္လားဆိုသူမ်ား အဘက္ဘက္က အေျပာမလြတ္။ ဒါေၾကာင့္ ယခုျဖစ္စဥ္ကိုဖုန္းလိုင္းမိတာနဲ႕ခ်က္ျခင္း ေခါင္းေပါင္းႀကီးကိုသတင္းပို႕ ျဖစ္စဥ္ပံုနွင့္ အခ်က္လက္မ်ားေပးပို႕ျပီး မည္သူမွ ဘာမွမေျပာခင္လိုင္းေပၚတင္ ေဖာ္ျပလိုက္ျခင္းပါ။

သူမ်ားသတင္းေတာ့ ဦးဦးဖ်ားဖ်ား သူတို႕ၿဖစ္ေတာ့ ထိန္ခ်န္ထားဟု ေျပာေတာ့မည့္သူကို ေၾကာက္လို႕ပါ။

ကဲ က်ေနာ့္တို႕ျဖစ္စဥ္ေလးေျပာျပပါမယ္။ ေအာက္မွာ လက္ညိႈးထိုးျပေနတဲ႕ပံုေလးေပါ့ သူ႕ကိုၾကည့္ေတာ့ ဘာမွမဟုတ္သလိုပါ။ ကားတစ္စီးမွာ သူ႕အရြယ္ပမာဏနဲ႕ ၾကည့္ရင္ ဘာမွအေရးမပါသလိုနဲ႕ သူ႕ေၾကာင့္ဘဲ က်ေနာ္တို႕ အသက္ေဘးနဲ႕ ရင္ဆိုင္ ကံေကာင္းေထာက္မစြာ အသက္မေပ်ာက္ခဲ့ၾကတာပါ။

ကားစီယာတိုင္ကို လွည့္တဲ႔အခါ ကားဘီးကိုလိုရာဘက္သို႔ ဆြဲယူနိုင္ရန္အတြက္ အသံုးျပဳရတဲ႔ တိုက္ေရာ့ ေခါင္းထိန္းတဲ့ (ေပသီးေခါင္း) နတ္ပါ။ ဒီေခါင္းေလးရဲ႕ နတ္ကေသးငယ္ေသာ္လည္း ကားတစ္စီးလံုးကို ေၾကမႊသြားေစနိုင္ပါတယ္။

ဒီနတ္က ကိ်ဳးသြားေတာ့ ဘီးနဲ႕ဆက္သြယ္ထားတဲ႕ တိုက္ေရာ့တန္းက ျပဳတ္ထြက္သြားျပီ ကားစီယာတိုင္ထိန္းမရ လမ္းေဘးေခ်ာက္ထဲက်ခ႔ဲတာပါ။ ဒါေၾကာင့္ က်ေနာ့အေနနဲ႕ မည္သည့္ကိစၥမဆို အလြယ္စကားနဲ႕ အေသးေလးပါ ပါမႊားပါ ေခါက္ထားဆိုတဲ႕ စကားနဲ႕ မေလးမစား မလုပ္ၾကပါနဲ႕။

ဘယ္ေလာက္ပင္ေသးငယ္ေသာ္လည္း သူ႕ေနရာနွင့္သူ အေရးပါၾကပါတယ္။ အရာရာကို သတိရွိၾကပါေစ။ အေသးမႊားေလးေပမဲ့ အေလးထားၾကပါလို႕ ေရးသားေဖာ္ျပရင္း။ အႏၲရာယ္ကင္းရွင္းၾကပါေစ။

ဦးေစာမင္းၾကဴ

ဇီဝိတလူမႈကူညီေရးအသင္း ေက်ာက္မဲ

(Unicode Version)

အသေးမွှားလေးပေမဲ့ အလေးထား စေချင်ပါတယ် အန္တရာယ် ကင်းရှင်းကြပါစေ

၂.၄.၂၀၁၈ရက် ညခင်းပိုင်းမှာ တောင်ခြေရွာသွားရင်း မတော်တဆ လမ်းဘေးထိုးကျ တိမ်းမှောက်သွားတဲ့ အကြောင်း အများပြည်သူသိရှိစေရန် ရေးသားဖော်ပြပေးခြင်း ဖြစ်ပါတယ်။

” ကျနော်တို့အနေနဲ့လူမှုရေးလုပ်ငန်း တာဝန်များကို မည့်သည့်နိုင်ငံတော်အကြီးကဲများ၏ လမ်းညွှန်မှု ထောက်ပံ့ပေးမှုတို့ နှင့်မှ လုပ်ကိုင်နေခြင်းမဟုတ်ဘဲ မိမိတို့ ၏ ပင်ကို ဝါသနာ ဗီဇ အကျင့်တခုကိုအခြေခံပြီး ကိုယ့်စားရိတ်ကိုယ်စား ဂျီးးတော်နွားကျောင်းနေသူများသာ ဖြစ်ပါသည် ”

သို့သော် အချို့သောလူတို့၏ စိတ်သည်ကား လူ့ကန့်လန့်များပင်။ ရှေ့မှာခေါင်းဆောင်နေရာတွန်းပို့သော်လည်း အဘက်ဘက်က အရည်ချင်းမရှိ နောက်ကလိုက်ပါဖို့ လက်တွဲခေါ်သော်လည်း မင်းနောက်ကလိုက်ရမဲ့အဆင့်လားဆိုသူများ အဘက်ဘက်က အပြောမလွတ်။ ဒါကြောင့် ယခုဖြစ်စဉ်ကိုဖုန်းလိုင်းမိတာနဲ့ချက်ခြင်း ခေါင်းပေါင်းကြီးကိုသတင်းပို့ ဖြစ်စဉ်ပုံနှင့် အချက်လက်များပေးပို့ပြီး မည်သူမှ ဘာမှမပြောခင်လိုင်းပေါ်တင် ဖော်ပြလိုက်ခြင်းပါ။

သူများသတင်းတော့ ဦးဦးဖျားဖျား သူတို့ဖြစ်တော့ ထိန်ချန်ထားဟု ပြောတော့မည့်သူကို ကြောက်လို့ပါ။

ကဲ ကျနော့်တို့ဖြစ်စဉ်လေးပြောပြပါမယ်။ အောက်မှာ လက်ညှိုးထိုးပြနေတဲ့ပုံလေးပေါ့ သူ့ကိုကြည့်တော့ ဘာမှမဟုတ်သလိုပါ။ ကားတစ်စီးမှာ သူ့အရွယ်ပမာဏနဲ့ ကြည့်ရင် ဘာမှအရေးမပါသလိုနဲ့ သူ့ကြောင့်ဘဲ ကျနော်တို့ အသက်ဘေးနဲ့ ရင်ဆိုင် ကံကောင်းထောက်မစွာ အသက်မပျောက်ခဲ့ကြတာပါ။

ကားစီယာတိုင်ကို လှည့်တဲ့အခါ ကားဘီးကိုလိုရာဘက်သို့ ဆွဲယူနိုင်ရန်အတွက် အသုံးပြုရတဲ့ တိုက်ရော့ ခေါင်းထိန်းတဲ့ (ပေသီးခေါင်း) နတ်ပါ။ ဒီခေါင်းလေးရဲ့ နတ်ကသေးငယ်သော်လည်း ကားတစ်စီးလုံးကို ကြေမွှသွားစေနိုင်ပါတယ်။

ဒီနတ်က ကျိုးသွားတော့ ဘီးနဲ့ဆက်သွယ်ထားတဲ့ တိုက်ရော့တန်းက ပြုတ်ထွက်သွားပြီ ကားစီယာတိုင်ထိန်းမရ လမ်းဘေးချောက်ထဲကျခဲ့တာပါ။ ဒါကြောင့် ကျနော့အနေနဲ့ မည်သည့်ကိစ္စမဆို အလွယ်စကားနဲ့ အသေးလေးပါ ပါမွှားပါ ခေါက်ထားဆိုတဲ့ စကားနဲ့ မလေးမစား မလုပ်ကြပါနဲ့။

ဘယ်လောက်ပင်သေးငယ်သော်လည်း သူ့နေရာနှင့်သူ အရေးပါကြပါတယ်။ အရာရာကို သတိရှိကြပါစေ။ အသေးမွှားလေးပေမဲ့ အလေးထားကြပါလို့ ရေးသားဖော်ပြရင်း။ အန္တရာယ်ကင်းရှင်းကြပါစေ။

ဦးစောမင်းကြူ

ဇီဝိတလူမှုကူညီရေးအသင်း ကျောက်မဲ