ပဲခူးၿမိဳ႕၊ ေရႊဂူေလး ဘုရားလမ္းတြင္ လူသတ္မႈျဖစ္ပြား

ပဲခူးၿမိဳ႕၊ အမွတ္(၂)နယ္ေျမရဲစခန္းအပိုင္၊ မဇင္းရပ္ကြက္၊ ေရႊဂူေလးဘုရားလမ္းတြင္ ဧၿပီလ ၆ ရက္ နံနက္ ၆ နာရီအခ်ိန္တြင္ လူသတ္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ျဖစ္စဥ္မွာ ဦး၀င္းေအာင္ (၆၆)ႏွစ္ (ဘ)ဦးခၽြန္ႀကီး၊ မီးေသြးေရာင္း၀ယ္၊ ေရႊသာေလ်ာင္းဘုရားလမ္း၊ မဇင္းရပ္ကြက္ေနသူမွ ဧၿပီလ ၆ ရက္ နံနက္ ၆ နာရီအခ်ိန္တြင္ မီးေသြးကားေမာင္းေသာ ယာဥ္ေမာင္း လင္းထက္ (၂၃)ႏွစ္ (ဘ)ဦးတင္ျမ၊ ေညာင္၀ိုင္း(၁၀)လမ္း၊ ပဲခူးၿမိဳ႕ေနသူသည္ ေရႊဂူေလးဘုရားလမ္း၊ အမွတ္(၁၃၃၁)ရိွ ေနအိမ္ၿခံ၀င္းသို႔ မီးေသြးကားေမာင္းရန္ သြားေရာက္စဥ္ ၿခံတံခါးမႀကီးပိတ္ထားသျဖင့္ ေနအိမ္အတြင္းရိွ ေဒၚခင္ျဖဴျဖဴရိွန္အား ဖုန္းေခၚဆိုရာ ဖုန္းမကိုင္သျဖင့္ ၿခံစည္း႐ိုးအားေက်ာ္ၿပီး ၿခံ၀င္းအတြင္း ၀င္ေရာက္ၾကည့္႐ႈခဲ့ေၾကာင္း၊

ေနအိမ္တံခါးမႀကီးႏွင့္ ေျခရင္းေဘးျပဴတင္းေပါက္ ပြင့္ေနၿပီး အိမ္အတြင္းသို႔ လွမ္းၾကည့္ခဲ့ရာ ေဒၚခင္ျဖဴျဖဴရိွန္မွာ ေခါင္းရင္းဘက္သို႔ ေခါင္းျပဳလ်က္ ယာဘက္ေစာင္းကာ ေသြးအိုင္ထဲတြင္ လဲက်ေနသည္ကို ေတြ႕ရိွရေၾကာင္း ဖုန္းဆက္ အေၾကာင္းၾကားသျဖင့္ သြားေရာက္ၾကည့္႐ႈခဲ့ရာ ဇနီးျဖစ္သူ ေဒၚခင္ျဖဴျဖဴရိွန္ (၅၈)ႏွစ္ (ဘ)ဦးေအာင္ရိွန္မွာ ေမးေစ့ေအာက္ လည္ပင္းတြင္ ထိုးသြင္းဒဏ္ရာ(၁)ခ်က္၊ လည္ပင္းေရွ႕ဇလုပ္တြင္ ထိုးသြင္းဒဏ္ရာ(၁)ခ်က္၊ လည္ပင္း ၀ဲဘက္ ထိုးသြင္းဒဏ္ရာ(၁)ခ်က္ႏွင့္ ယာနဖူး ဖူးေရာင္ညိဳမဲဒဏ္ရာ(၁)ခ်က္တို႔ျဖင့္ ေသဆံုးေနသည္ကို ေတြ႕ရိွရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ဇနီးျဖစ္သူ ေဒၚခင္ျဖဴျဖဴရိွန္အား သတ္သြားသည့္ တရားခံအား အေရးယူေပးပါရန္ ဦး၀င္းေအာင္မွ တရားလိုျပဳလုပ္ တိုင္တန္းသျဖင့္ ပဲခူးၿမိဳ႕၊ အမွတ္(၂)နယ္ေျမရဲစခန္း (ပ)၃၃၂/၂၀၁၈ ရာဇသတ္ႀကီးဥပေဒပုဒ္မ၊ ၃၀၂ အရ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

အမႈအား စခန္းမွဴး ရဲအုပ္ ခ်စ္ၾကည္မွ စစ္ေဆးၿပီး ေသဆံုးသူ ေဒၚခင္ျဖဴျဖဴရိွန္၏ ေနအိမ္အ၀င္ေပါက္ ဧည့္ခန္းေကာင္တာ စားပဲြေဘးမွ အရွည္(၃)ေပခဲြခန္႔ရိွ (၃×၁)လက္မအရြယ္ သစ္သားတုတ္(၁)ေခ်ာင္း၊ အေလာင္း၏ယာဘက္ေဘးအနီးမွ ေသြးစြန္းေနေသာ အ႐ိုးအသြား(၁)ေပခန္႔ရိွ လက္ကိုင္အနက္ေရာင္တပ္ စတီးဓား(၁)ေခ်ာင္း၊ ေသြးစြန္းေပေနေသာ အရွည္(၅)လက္မခန္႔၊ လံုးပတ္(၈)လက္မခန္႔ရိွ သနပ္ခါးတံုး(၁)တံုးတို႔အား သိမ္းဆည္းခဲ့ၿပီး ျပစ္မႈက်ဴးလြန္သူအား စံုစမ္း ဖမ္းဆီးရမိေရးအတြက္ ေဆာင္ရြက္လ်က္ရိွေၾကာင္း သိရသည္။

Ko Thant Zin

(Unicode Version)

ပဲခူးမြို့၊ ရွှေဂူလေး ဘုရားလမ်းတွင် လူသတ်မှုဖြစ်ပွား

ပဲခူးမြို့၊ အမှတ်(၂)နယ်မြေရဲစခန်းအပိုင်၊ မဇင်းရပ်ကွက်၊ ရွှေဂူလေးဘုရားလမ်းတွင် ဧပြီလ ၆ ရက် နံနက် ၆ နာရီအချိန်တွင် လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ဖြစ်စဉ်မှာ ဦးဝင်းအောင် (၆၆)နှစ် (ဘ)ဦးချွန်ကြီး၊ မီးသွေးရောင်းဝယ်၊ ရွှေသာလျောင်းဘုရားလမ်း၊ မဇင်းရပ်ကွက်နေသူမှ ဧပြီလ ၆ ရက် နံနက် ၆ နာရီအချိန်တွင် မီးသွေးကားမောင်းသော ယာဉ်မောင်း လင်းထက် (၂၃)နှစ် (ဘ)ဦးတင်မြ၊ ညောင်ဝိုင်း(၁၀)လမ်း၊ ပဲခူးမြို့နေသူသည် ရွှေဂူလေးဘုရားလမ်း၊ အမှတ်(၁၃၃၁)ရှိ နေအိမ်ခြံဝင်းသို့ မီးသွေးကားမောင်းရန် သွားရောက်စဉ် ခြံတံခါးမကြီးပိတ်ထားသဖြင့် နေအိမ်အတွင်းရှိ ဒေါ်ခင်ဖြူဖြူရှိန်အား ဖုန်းခေါ်ဆိုရာ ဖုန်းမကိုင်သဖြင့် ခြံစည်းရိုးအားကျော်ပြီး ခြံဝင်းအတွင်း ဝင်ရောက်ကြည့်ရှုခဲ့ကြောင်း၊

နေအိမ်တံခါးမကြီးနှင့် ခြေရင်းဘေးပြူတင်းပေါက် ပွင့်နေပြီး အိမ်အတွင်းသို့ လှမ်းကြည့်ခဲ့ရာ ဒေါ်ခင်ဖြူဖြူရှိန်မှာ ခေါင်းရင်းဘက်သို့ ခေါင်းပြုလျက် ယာဘက်စောင်းကာ သွေးအိုင်ထဲတွင် လဲကျနေသည်ကို တွေ့ရှိရကြောင်း ဖုန်းဆက် အကြောင်းကြားသဖြင့် သွားရောက်ကြည့်ရှုခဲ့ရာ ဇနီးဖြစ်သူ ဒေါ်ခင်ဖြူဖြူရှိန် (၅၈)နှစ် (ဘ)ဦးအောင်ရှိန်မှာ မေးစေ့အောက် လည်ပင်းတွင် ထိုးသွင်းဒဏ်ရာ(၁)ချက်၊ လည်ပင်းရှေ့ဇလုပ်တွင် ထိုးသွင်းဒဏ်ရာ(၁)ချက်၊ လည်ပင်း ဝဲဘက် ထိုးသွင်းဒဏ်ရာ(၁)ချက်နှင့် ယာနဖူး ဖူးရောင်ညိုမဲဒဏ်ရာ(၁)ချက်တို့ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဇနီးဖြစ်သူ ဒေါ်ခင်ဖြူဖြူရှိန်အား သတ်သွားသည့် တရားခံအား အရေးယူပေးပါရန် ဦးဝင်းအောင်မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် ပဲခူးမြို့၊ အမှတ်(၂)နယ်မြေရဲစခန်း (ပ)၃၃၂/၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ၊ ၃၀၂ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

အမှုအား စခန်းမှူး ရဲအုပ် ချစ်ကြည်မှ စစ်ဆေးပြီး သေဆုံးသူ ဒေါ်ခင်ဖြူဖြူရှိန်၏ နေအိမ်အဝင်ပေါက် ဧည့်ခန်းကောင်တာ စားပွဲဘေးမှ အရှည်(၃)ပေခွဲခန့်ရှိ (၃×၁)လက်မအရွယ် သစ်သားတုတ်(၁)ချောင်း၊ အလောင်း၏ယာဘက်ဘေးအနီးမှ သွေးစွန်းနေသော အရိုးအသွား(၁)ပေခန့်ရှိ လက်ကိုင်အနက်ရောင်တပ် စတီးဓား(၁)ချောင်း၊ သွေးစွန်းပေနေသော အရှည်(၅)လက်မခန့်၊ လုံးပတ်(၈)လက်မခန့်ရှိ သနပ်ခါးတုံး(၁)တုံးတို့အား သိမ်းဆည်းခဲ့ပြီး ပြစ်မှုကျူးလွန်သူအား စုံစမ်း ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ko Thant Zin