ထိုင်းနိုင်ငံတွင် လင်မယားချင်း စကားများ ရန်ဖြစ်ရာမှ ရွှေဆိုင်ပိုင်ရှင် မိမိကိုယ်ကို သေနတ်ဖြင့် ပစ်သတ်သေ

ထိုင်းနိုင်ငံ ချွန်ဘူရီပြန်နယ်က ဘိုဝင်း ရွှေဆိုင်ပိုင်ရှင်နဲ့ ဇနီးဟာ ဧပြီလ (၅) ရက်နေ့ မနက်က မိန်းမက ငွေစာရင်း စစ်တဲ့အခါ ဘတ်ငွေ နှစ်သိန်း ကွာနေတာကို သိခဲ့ပြီး ယောက်ကျားနဲ့ ရွှေဆိုင်အတွင်းမှာ စကားများခဲ့ကြပါတယ်။

ကွာနေတဲ့ ငွေကို ဘယ်မှာ သုံးလိုက်တယ်ဆိုတာ ဇနီးကို ရှင်းမပြနိုင်တော့ဘဲ မွန်ထရီ ထစ်ဒီ အသက် ၅၂ နှစ်ဟာ Montree Thipdee, 52, ဆိုင်ဓါးပြတိုက်တဲ့အခါ မိမိကိုယ်ကို ခုခံကာကွယ်ဖို့ ကိုင်ဆောင်ထားတဲ့ သေနတ်နဲ့  ကိုယ့်နားထင်ကို ပြန်ပစ်ပြီး သေနတ်ဒဏ်ရာနဲ့  သေဆုံးသွားခဲ့ပါတယ်။

ဆိုင်နီးနချင်းတွေ ပြောတာကကတော့ ရွှေဆိုင်ပိုင်ရှင် လင်မယားဟာ ပုံမှန် ရန်ဖြစ်လေ့ရှိပြီး အဓိက ငွေစာရင်း ကွာနေတာ ဈေးရောင်း မကောင်းတဲ့ အကြောင်းအရာတွေကြောင့် အိမ်ထောင်ရေး အဆင်မပြေ ဖြစ်နေတာလို့ ဆိုပါတယ်။

သေဆုံးသူရဲ့ ဇနီးကတော့ ရန်ဖြစ်တိုင်း သူ့ကိုယ်သူ ပစ်သတ်သေမယ်လို့ သေနတ်နဲ့  ချိန်ပြီး ဟန်ပြနေခဲ့တာ အကြိမ်ကြိမ်ရှိနေခဲ့တာ ခုတစ်ကြိမ်မှာ တကယ် ကျည်ဆံ ထွက်သွားခဲ့ပြီး လဲကျသွားခဲ့တယ်လို့  ရဲစခန်းမှာ ထွက်ဆိုသွားပါတယ်။

Source : SAW

(Unicode Version)

ထိုင်းနိုင်ငံတွင် လင်မယားချင်း စကားများရန်ဖြစ်ရာမှ ရွှေဆိုုင်ပိုုင်ရှင် မိမိကိုုယ်ကို သေနတ်ဖြင့် ပစ်သတ်သေ

ထိုုင်းနိုင်ငံ ချွန်ဘူရီပြန်နယ်က ဘိုုဝင်း ရွှေဆိုုင်ပိုုင်ရှင်နဲ ့ဇနီးဟာ ဧပြီလ (၅) ရက်နေ ့မနက်က မိန်းမက ငွေစာရင်း စစ်တဲ့အခါ ဘတ်ငွေ နှစ်သိန်း ကွာနေတာကိုု သိခဲ့ပြီး ယောက်ကျားနဲ့ ရွှေဆိုုင်အတွင်းမှာ စကားများခဲ့ကြပါတယ်။

ကွာနေတဲ့ ငွေကိုု ဘယ်မှာ သုုံးလိုုက်တယ်ဆိုုတာ ဇနီးကိုု ရှင်းမပြနိုုင်တော့ဘဲ မွန်ထရီ ထစ်ဒီ အသက် ၅၂ နှစ်ဟာ Montree Thipdee, 52, ဆိုုင်ဓါးပြတိုုက်တဲ့အခါ မိမိကိုုယ်ကို ခုုခံကာကွယ်ဖို့ ကိုုင်ဆောင်ထားတဲ့ သေနတ်နဲ ့ ကိုုယ့်နားထင်ကိုု ပြန်ပစ်ပြီး သေနတ်ဒဏ်ရာနဲ ့ သေဆုုံးသွားခဲ့ပါတယ်။

ဆိုုင်နီးနချင်းတွေ ပြောတာကကတော့ ရွှေဆိုုင်ပိုုင်ရှင် လင်မယားဟာ ပုုံမှန် ရန်ဖြစ်လေ့ရှိပြီး အဓိက ငွေစာရင်း ကွာနေတာ စျေးရောင်း မကောင်းတဲ့ အကြောင်းအရာတွေကြောင့် အိမ်ထောင်ရေး အဆင်မပြေ ဖြစ်နေတာလိုု ့ဆိုုပါတယ်။

သေဆုုံးသူရဲ့ ဇနီးကတော့ ရန်ဖြစ်တိုုင်း သူ့ကိုုယ်သူ ပစ်သတ်သေမယ်လိုု ့သေနတ်နဲ ့ ချိန်ပြီး ဟန်ပြနေခဲ့တာ အကြိမ်ကြိမ်ရှိနေခဲ့တာ ခုုတစ်ကြိမ်မှာ တကယ် ကျည်ဆံ ထွက်သွားခဲ့ပြီး လဲကျသွားခဲ့တယ်လိုု ့ ရဲစခန်းမှာ ထွက်ဆိုုသွားပါတယ်။

Source : SAW