ဓာတ္လိုက္ေနသည့္ အေမျဖစ္သူကို ဝင္ဆြဲရာမွ သားျဖစ္သူပါ ဓာတ္လိုက္ၿပီး သားအမိ ၂ ဦးလံုး ေသဆုံး

၂၀၁၈ ခုႏွစ္၊ ဧၿပီလ ၆ ရက္ေန႔ ၀၃:၃၀ အခ်ိန္တြင္ ဧရာ၀တီတုိင္းေဒသၾကီး ဖ်ာပုံၿမိဳ႕နယ္ သမိန္ေထာ သိမ္ကုန္း ေက်းရြာေန ေဒၚ×××××(၄၀) ႏွစ္၏ ၿခံဝင္းေပၚမွ ျဖတ္သန္း၍ သြယ္တန္းထားေသာ ဗို႔အား ၁၂၀၀၀ ရွိ ဓာတ္ႀကိဳးျပတ္က်ၿပီး ရုိက္မိသျဖင့္ သားအမိ ၂ ဦး ဓာတ္လိုက္ေသဆုံး ခဲ့ေၾကာင္း ျပည္ထဲေရး ၀န္ၾကီးဌာန၏ သတင္းထုတ္ျပန္မႈအရ သိရပါသည္။

ဖ်ာပုံ-က်ဳံကဒြန္း ဓာတ္အားလိုင္း ဓာတ္ႀကိဳး ၃ ေခ်ာင္းအနက္ တစ္ေခ်ာင္းမွာ ထန္းပင္ႏွင့္ ထိၿပီးေရွာ့ျဖစ္ကာ မီးပြားမ်ားထြက္ေနသျဖင့္ ေဒၚ×××××မွ ၎၏ ေနအိမ္ေရွ႕သို႔ ထြက္ၾကည့္စဥ္ ဓာတ္ႀကိဳးျပတ္က်ၿပီး ၎၏ေျခေထာက္အား ရိုက္မိခဲ့၍ ေမွာက္လ်က္အေန အထားျဖင့္ လဲက်ကာ ဓာတ္ႀကိဳးေပၚသို႔ဖိမိသျဖင့္ ဓါတ္လက္ကာ ေျခေထာက္တြင္ မီးေလာင္ခဲ့ေန ေသာေၾကာင့္ သားျဖစ္သူ ××××× (၁၂) ႏွစ္မွ ေျပးဆြဲခဲ့ရာ ၂ ဦးလုံး ဓာတ္လိုက္ ေသဆုံးသြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

၅:၃၀ အခ်ိန္တြင္ အေလာင္းမ်ားအား ဖ်ာပုံၿမိဳ႕ ကနိတိုက္နယ္ေဆး႐ုံသို႔ တင္ပို႔ခဲ့ၿပီး က်ဳံကဒြန္းနယ္ေျမရဲစခန္းမွ ေသမွုေသခင္းအမွတ္စဥ္ (၂/၂၀၁၈)ျဖင့္ ေရးဖြင့္စစ္ေဆးလ်က္ ရွိေၾကာင္း သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားပါသည္။

သစ္ထူးလြင္

(Unicode Version)

ဓာတ်လိုက်နေသည့် အမေဖြစ်သူကို ဝင်ဆွဲရာမှ သားဖြစ်သူပါ ဓာတ်လိုက်ပြီး သားအမိ ၂ ဦးလုံး သေဆုံး

၂၀၁၈ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့ ၀၃:၃၀ အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် သမိန်ထော သိမ်ကုန်း ကျေးရွာနေ ဒေါ်×××××(၄၀) နှစ်၏ ခြံဝင်းပေါ်မှ ဖြတ်သန်း၍ သွယ်တန်းထားသော ဗို့အား ၁၂၀၀၀ ရှိ ဓာတ်ကြိုးပြတ်ကျပြီး ရိုက်မိသဖြင့် သားအမိ ၂ ဦး ဓာတ်လိုက်သေဆုံး ခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်မှုအရ သိရပါသည်။

ဖျာပုံ-ကျုံကဒွန်း ဓာတ်အားလိုင်း ဓာတ်ကြိုး ၃ ချောင်းအနက် တစ်ချောင်းမှာ ထန်းပင်နှင့် ထိပြီးရှော့ဖြစ်ကာ မီးပွားများထွက်နေသဖြင့် ဒေါ်×××××မှ ၎င်း၏ နေအိမ်ရှေ့သို့ ထွက်ကြည့်စဉ် ဓာတ်ကြိုးပြတ်ကျပြီး ၎င်း၏ခြေထောက်အား ရိုက်မိခဲ့၍ မှောက်လျက်အနေ အထားဖြင့် လဲကျကာ ဓာတ်ကြိုးပေါ်သို့ဖိမိသဖြင့် ဓါတ်လက်ကာ ခြေထောက်တွင် မီးလောင်ခဲ့နေ သောကြောင့် သားဖြစ်သူ ××××× (၁၂) နှစ်မှ ပြေးဆွဲခဲ့ရာ ၂ ဦးလုံး ဓာတ်လိုက် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၅:၃၀ အချိန်တွင် အလောင်းများအား ဖျာပုံမြို့ ကနိတိုက်နယ်ဆေးရုံသို့ တင်ပို့ခဲ့ပြီး ကျုံကဒွန်းနယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် (၂/၂၀၁၈)ဖြင့် ရေးဖွင့်စစ်ဆေးလျက် ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

သစ်ထူးလွင်