





Source : Mcn TV News

(Unicode Version)

မိန်းမကို ပန်းအိုးနဲ ့ပေါက်လို ့ဟံသာဝတီတိုင်း ဂျာနယ် ထုတ်ဝေသူ ပေါက်ပြားနဲ့ အခုတ်ခံရ

ဟံသာဝတီတိုင်းမ်ဂျာနယ် ထုတ်ဝေသူ ကိုသန့်ဇင်ဟာ ဧပြီလ ၇ ရက် မနက် ၁၁ နာရီ ခွဲ ကျော်ကျော်က နေအိမ် ခြံဝန်း အတွင်းမှာ ပေါက်ပြားနဲ့ အခုတ်ခံရပီး ရန်ကုန် ဆေးရုံကြီးကို တင်ပို့ခဲ့ရတယ်လို ပဲခူးတိုင်းဒေသကြီး ခရိုင်ရဲမှူး စိန်မင်းက MCN ကိုပြောပါတယ် ။

နေအိမ် ခြံဝန်း အတွင်းမှာ ပန်းရံ လုပ်နေတုန်း တစ်ယောက်နဲ့ တစ်ယောက် စကားများ ရန်ဖြစ်ခဲ့ပြီး ယောက်ကျား ဖြစ်သူက သူ့အမျိုးသမီးကို ပန်းအိုးနဲ ့ပစ်ပေါက်ခဲ့တဲ့ အတွက် မိန်းမဖြစ်သူရဲ့ မောင်က မကျေနပ်တဲ့ အတွက် ပေါက်ပြားနဲ့ ခုတ်ခဲ့တာလို ့ခရိုင်မှူးက ပြောပါတယ်။

လက်ရှိမှာ ကိုသန့်ဇင် အနေနဲ့ ပေါက်ပြား အခုတ်ခံရတဲ့ ဒဏ်ရာကြောင့် နောက်စေ့၊ မျက်နာနဲ ့မေးစေ့မှာ ဒဏ်ရာတွေ ရရှိခဲ့ပြီး ပဲခူး ဆေးရုံကနေ ရန်ကုန် ဆေးရုံကြီးကို မွန်းလွဲပိုင်းမှာ လွှဲပြောင်း ဆေးကုသနေပါတယ် ။

လက်ရှိမှာ ဒီအမှုနဲ ့ပက်သက်လို့ ဦးသန် ့စင်ရဲ့ မိသားစုတွေ ရဲစခန်းမှာ ရှိနေပြီး အမှုတော့ မဖွင့်ရသေးဘူးလို့ ရဲမှူးက ပြောပါတယ် ။

Source : Mcn TV News

ကမ္ဘာပေါ်က အကြီးဆုံး ကြာပင်