Source : Shwe Innlay
(Unicode Version)
ထမင်းစားပြီးပြီးချင်း လတ်တလော မလုပ်သင့်သော အမူအကျင့်များ
ထမင်းစားပြီးခါက မလဲလျောင်းရဘူး။ ထမင်းစားပြီး မပြေးမလွှားရဘူးဆိုပြီးတော့ လူကြီးတွေက ကလေးတွေကို ပြောပေးထားလို့ သိရပါတယ်။ ဒါဟာ တကယ်လည်း မှန်ကန်ပါတယ်။ သိပ္ပံနည်း လမ်းနဲ့ ဆေးဝါးဗဟုသုတမှာလည်း ထမင်းစားပြီးခါစ ခန္ဓာကိုယ်အ တွင်း ပြောင်းလဲမှုပုံစံနဲ့ ဝမ်းဗိုက်၊ အစာအိမ်တွေမှာ အစာပြည့်ဝမှုဖြစ်ပြီးတော့ တချို့သောအနေအထိုင်တွေက လူတွေရဲ့ ကျန်းမာရေး ကို ထိခိုက်စေနိုင်ပြီး တချို့က အသက်အန္တရာယ်ဖြစ်လာတဲ့အထိတောင် ကြုံတွေ့ရနိုင်ပါတယ်။
ဒီတော့ ထမင်းစားပြီးနောက် လုံးဝမလုပ်သင့် တဲ့ အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒါတွေက သင့်အတွက် အသက်အန္တရာယ်ကို ကြိုတင်ကာကွယ်ပြီးသားလည်း ဖြစ်မှာပါ။
ထမင်းစားသောက်ပြီးတဲ့အခါ လဲလျောင်းအိပ်စက်ခြင်း လုံးဝမပြုလုပ်ပါနဲ့။ ဘာ့ကြောင့်ဆို ဒါဟာ အစာ အိမ်တွင်း တဖြည်းဖြည်းသွားနေတဲ့ အစာတွေကို အပေါ်ပြန်ဆန်ပြီး အော့အန်နိုင်ပြီး မအီမလည်လည်း ဖြစ်လာစေနိုင်ပါတယ်။ နောက်ပြီး အမေရိကန်ဆေးဝါးဌာနရဲ့ အကြံပြုချက်အရဆိုရင် ထမင်းစားပြီး တိုင်း အိပ်စက်တတ်လေ့ရှိသူတွေမှာ လေဖြတ်မှုတွေပိုမိုအဖြစ်များတယ်လို့ သိရပါတယ်။
ထမင်းစားပြီးတိုင်း လက်ဖက်ရည်မသောက်သုံးသင့်ပါဘူး။ နေ့လည်စာ၊ ညစာ အစားများတဲ့ စား သောက်မှုတွေပြီးနောက်မှာ အချိုတဲကြတဲ့အလေ့အကျင့်တွေကတော့ လူတော်တော်များများမှာ ရှိတတ်ကြပါလိမ့်မယ်။
ဒါပေမယ့် ကမ္ဘာ့အစားအသောက်နဲ့ ကျန်းမာရေးအကြံပြုအဖွဲ့အစည်းရဲ့ပြော ကြားချက်ထဲမှာဆိုရင်တော့ အစားစားပြီးချင်း တစ်နာရီမခြားပဲ လက်ဖက်ရည်သုံးဆောင်ဖို့ မသင့်ဘူးလို့ သိရပါတယ်။ ဘာကြောင့်ဆို လက်ဖက်ရည်မှာပါဝင်တဲ့ တန်နင်ဓာတ်က အစားအသောက်မှာ ပါဝင်တဲ့ သံဓာတ်တွေ အားလုံးကို စုပ်ယူလိုက်နိုင်တာမို့လို့ သံဓာတ်အာဟာရချို့တဲ့မှုတွေဖြစ်ပေါ်စေ နိုင်တယ်လို့ ဆိုပါတယ်။
အသီးစားခြင်းကို ရှောင်ပါ။ ခန္ဓာကိုယ်လက်ကျန်းမာရေးအတွက် အသီးအနှံစားသုံးခြင်းကို အချိန်မရွေး စားသုံးလို့ရနိုင်တယ်လို့ သိထားကြပေမယ့် ထမင်းစားပြီးအချိန်တော့ အသီးအနှံစားသုံးခြင်းက မသင့် တော်ဘူးလို့ သိရပါတယ်။
စီအင်န်အင်န် သတင်းဌာ အစားအသောက်နဲ့ အာဟာရ ကျွမ်းကျင်ပညာရှင် ရဲ့ ပြောကြားချက်မှာဆိုရင် အသီးအနှံတွေမှာဆိုရင် အသီးအရွက်တွေမှာပါဝင်တဲ့ ကယ်လိုရီရဲ့ သုံးဆ ပိုမိုပါဝင်လေ့ရှိကာ အစားစားပြီးချိန် စားသုံးမယ်ဆိုပါက အစားအသောက်အပြင် အသီးအနှံကြောင့် လည်း ခန္ဓာကိုယ်အလေးချိန်တိုးလာခြင်းတွေဖြစ်နိုင်ပါတယ်။ တစ်ခါတစ်ရံမှာ အသီးအနှံတွေကို ထမင်းအစား စားသုံးခြင်းတွေလည်း ရှိကြလို့ ထမင်းနဲ့ အသီးအနှံတစ်ပြိုက်နက်စားသုံးရန် မသင့်တော် ပါဘူး။
ထမင်းစားပြီးချင်း ရေမချိုးသင့်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ခန္ဓာကိုယ်ကနေ အစာတွေကို ချေ ဖျက်ဖို့အတွက် စွမ်းအင်းနဲ့ သွေးလည် ပတ်စီးဆင်းမှုက အစာအိမ်ဆီ ဦးတည်သွားရပါတယ်။
အဲ့ဒီမှာ ရုတ်တရက်ကြီးရေချိုးလိုက်တဲ့အခါ ဦးနှောက်ကနေ သွေးတွေ ကို ခြေလက်၊ လက်မောင်းနဲ့ အခြား နေရာတွေဆီ ဖြန့်ကျက်စီးဆင်းစေလို့ အစာအိမ်ဆီသွေးလည်ပတ်စီးဆင်းမှုကို အကန့်အသတ်နဲ့ သာ စီးဆင်းစေတော့မှာဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ အစာအိမ်မှာ အစာကိုကောင်းကောင်းမချေဖျက်နိုင် တော့ပဲ အူနဲ့ အစာအိမ် လမ်းကြောင်းမှာ အစာပိတ်ဆို့ခြင်း၊ အစာမချေဖျက်နိုင်ခြင်းတွေ ဖြစ်ပေါ်လာပါ တော့တယ်။
Source : Shwe Innlay
ကမ္ဘာပေါ်က အကြီးဆုံး ကြာပင်