တရားပြဲ ေနရာ ေရႊ႕ရလို႔ သီတဂူ ဘက္က စာထုတ္

ေရႊျပည္သာၿမိဳ႕နယ္ သဟပုညကာရီ ဆြမ္းအက်ိဳးေတာ္ေဆာင္အသင္းက ႀကီးမွူးၿပီး အာယုဒါနေဆးအလွူေတာ္အတြက္ ဧၿပီ ၆ ရက္ေန႔က ေလွာ္ကားရြာ အထက ၂ ေက်ာင္းမွာ က်င္းပမယ့္ သီတဂူ အဓိပတိ ဆရာေတာ္ အရွင္ ဉာဏိႆရနဲ႔ ေရႊပန္းကုံး ဆရာေတာ္ တို႔ တရားပြဲအတြက္ က်င္းပရာေနရာကို ဧၿပီလဆန္းပိုင္းမွာ ေက်းရြာ အုပ္ခ်ဳပ္ေရးမွူး ထံ ေတာင္းခံခဲ့ ရာမွာ စာသင္ေက်ာင္းျဖစ္တဲ့အတြက္ ဆိုၿပီး ခြင့္မျပဳတာေၾကာင့္ ေနရာေျပာင္း က်င္းပခဲ့ရပါတယ္။

အာဏာပိုင္ေတြရဲ့ ဒီလုပ္ရပ္အေပၚ သီတဂူဆရာေတာ္ရဲ့ တပည့္ သာဝကေတြက စိတ္မခ်မ္းေျမ့ရေၾကာင္းနဲ႔ အနာဂတ္ သာသနာအတြက္ စိုးရိမ္ေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။

အစိုးရကို အျပစ္မတင္ခ်င္ ေသာ္လည္း တိုင္းျပည္အတြက္ အလုပ္လုပ္ေနတဲ့ ဘုန္းႀကီးက လြတ္လြတ္လပ္လပ္ ေဟာေျပာခြင့္ ေနရာမေရြး ရသင့္တယ္ ၊ ေနရာတိုင္းမွာ ေဟာေျပာခြင့္ ရဖို႔ အားႀကိဳးမာန္တက္ ေဆာင္ရြက္ေပးသင့္တယ္ ၊ တိုင္းျပည္အတြက္ ၊ သာသနာအတြက္ ရည္ရြယ္ လုပ္ေဆာင္ေနတာ ျဖစ္တဲ့ အတြက္ ဆရာေတာ္ဟာ ေနရာမေရြး ၊ အခ်ိန္မေရြး ၊ ေဒသမေရြး ေဟာေျပာခြင့္ ရွိသင့္ရမယ့္ အေနအထားမွာ ဘာေၾကာင့္ ပိတ္ပင္ ရသလဲ ၊ ေရႊ႕ခိုင္းရသလဲ ဆိုတဲ့အေပၚ ၀မ္းနည္းလို႔ ေၾကညာခ်က္ ထုတ္ရတာပါလို႔ သီတဂူဆရာေတာ္ရဲ့ တပည့္ သီတဂူ အရွင္တိကၡသာရ က မိန္႔ပါတယ္။

ခုလို ျဖစ္ပ်က္မွုေတြေၾကာင့္ ဆရာေတာ္ရဲ့ ႀကိဳးစား အားထုတ္မွုနဲ႔ တိုင္းျပည္အေပၚ ထားတဲ့ ေစတနာကို ထိခိုက္တယ္လို႔လည္း အရွင္တိကၡသာရ က ရွင္းျပပါတယ္။

တကယ္တမ္းမွာ တရားပြဲ ေအာင္ေအာင္ျမင္ျမင္ ၿပီးေျမာက္ခဲ့ေပမယ့္ တရားပြဲ စီစဥ္တဲ့ အက်ိဳးေတာ္ေဆာင္ ေတြသာ ျပင္ဆင္ ေနရာေရႊ႕ ရတဲ့ အခက္အခဲ ရွိသြားခဲ့တာပါလို႔လည္း သူက မိန္႔ပါတယ္။

ဒီကိစၥေတြကို ဆရာေတာ္ႀကီး သိလိမ့္မယ္ မထင္ေၾကာင္းနဲ႔ သိရင္ စိတ္မေကာင္း ျဖစ္မွာ စိုးလို႔ ဘယ္သူမွ မေလၽွာက္ထားျဖစ္ခဲ့ၾကဘူးလို႔ ဆိုပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္လို႔ အထက္အဆင့္ဆင့္ ျဖစ္တဲ့ ခရိုင္နဲ႔ ၿမိဳ႕နယ္ေတြ အထိ မတက္ေတာ့ဘဲ ေနရာေရႊ႕ ၿပီး တရားပြဲကို ေအာင္ျမင္ေအာင္ က်င္းပလိုက္နိုင္ခဲ့တယ္လို႔ ေျပာပါတယ္။

တရားပြဲ က်င္းပမယ့္ ေနရာဟာ စာသင္ေက်ာင္း ျဖစ္ေနတဲ့ အတြက္ ခြင့္ျပဳခ်က္ မေပးတာလို႔ အုပ္ခ်ဳပ္ေရးမွူးထုတ္ျပန္ခ်က္မွာ ဆိုထားတာ ျဖစ္ပါတယ္။

Source : ဘီဘီစီျမန္မာပိုင္း

(Unicode Version)

တရားပွဲ နေရာ ရွှေ့ရလို့ သီတဂူ ဘက်က စာထုတ်

ရွှေပြည်သာမြို့နယ် သဟပုညကာရီ ဆွမ်းအကျိုးတော်ဆောင်အသင်းက ကြီးမှူးပြီး အာယုဒါနဆေးအလှူတော်အတွက် ဧပြီ ၆ ရက်နေ့က လှော်ကားရွာ အထက ၂ ကျောင်းမှာ ကျင်းပမယ့် သီတဂူ အဓိပတိ ဆရာတော် အရှင် ဉာဏိဿရနဲ့ ရွှေပန်းကုံး ဆရာတော် တို့ တရားပွဲအတွက် ကျင်းပရာနေရာကို ဧပြီလဆန်းပိုင်းမှာ ကျေးရွာ အုပ်ချုပ်ရေးမှူး ထံ တောင်းခံခဲ့ ရာမှာ စာသင်ကျောင်းဖြစ်တဲ့အတွက် ဆိုပြီး ခွင့်မပြုတာကြောင့် နေရာပြောင်း ကျင်းပခဲ့ရပါတယ်။

အာဏာပိုင်တွေရဲ့ ဒီလုပ်ရပ်အပေါ် သီတဂူဆရာတော်ရဲ့ တပည့် သာဝကတွေက စိတ်မချမ်းမြေ့ရကြောင်းနဲ့ အနာဂတ် သာသနာအတွက် စိုးရိမ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

အစိုးရကို အပြစ်မတင်ချင် သော်လည်း တိုင်းပြည်အတွက် အလုပ်လုပ်နေတဲ့ ဘုန်းကြီးက လွတ်လွတ်လပ်လပ် ဟောပြောခွင့် နေရာမရွေး ရသင့်တယ် ၊ နေရာတိုင်းမှာ ဟောပြောခွင့် ရဖို့ အားကြိုးမာန်တက် ဆောင်ရွက်ပေးသင့်တယ် ၊ တိုင်းပြည်အတွက် ၊ သာသနာအတွက် ရည်ရွယ် လုပ်ဆောင်နေတာ ဖြစ်တဲ့ အတွက် ဆရာတော်ဟာ နေရာမရွေး ၊ အချိန်မရွေး ၊ ဒေသမရွေး ဟောပြောခွင့် ရှိသင့်ရမယ့် အနေအထားမှာ ဘာကြောင့် ပိတ်ပင် ရသလဲ ၊ ရွှေ့ခိုင်းရသလဲ ဆိုတဲ့အပေါ် ဝမ်းနည်းလို့ ကြေညာချက် ထုတ်ရတာပါလို့ သီတဂူဆရာတော်ရဲ့ တပည့် သီတဂူ အရှင်တိက္ခသာရ က မိန့်ပါတယ်။

ခုလို ဖြစ်ပျက်မှုတွေကြောင့် ဆရာတော်ရဲ့ ကြိုးစား အားထုတ်မှုနဲ့ တိုင်းပြည်အပေါ် ထားတဲ့ စေတနာကို ထိခိုက်တယ်လို့လည်း အရှင်တိက္ခသာရ က ရှင်းပြပါတယ်။

တကယ်တမ်းမှာ တရားပွဲ အောင်အောင်မြင်မြင် ပြီးမြောက်ခဲ့ပေမယ့် တရားပွဲ စီစဉ်တဲ့ အကျိုးတော်ဆောင် တွေသာ ပြင်ဆင် နေရာရွှေ့ ရတဲ့ အခက်အခဲ ရှိသွားခဲ့တာပါလို့လည်း သူက မိန့်ပါတယ်။

ဒီကိစ္စတွေကို ဆရာတော်ကြီး သိလိမ့်မယ် မထင်ကြောင်းနဲ့ သိရင် စိတ်မကောင်း ဖြစ်မှာ စိုးလို့ ဘယ်သူမှ မလျှောက်ထားဖြစ်ခဲ့ကြဘူးလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အထက်အဆင့်ဆင့် ဖြစ်တဲ့ ခရိုင်နဲ့ မြို့နယ်တွေ အထိ မတက်တော့ဘဲ နေရာရွှေ့ ပြီး တရားပွဲကို အောင်မြင်အောင် ကျင်းပလိုက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

တရားပွဲ ကျင်းပမယ့် နေရာဟာ စာသင်ကျောင်း ဖြစ်နေတဲ့ အတွက် ခွင့်ပြုချက် မပေးတာလို့ အုပ်ချုပ်ရေးမှူးထုတ်ပြန်ချက်မှာ ဆိုထားတာ ဖြစ်ပါတယ်။

Source : ဘီဘီစီမြန်မာပိုင်း