ခြဲစိတ္မႈ ေအာင္ျမင္သြားၿပီျဖစ္တဲ့ ရင္သားတစ္ဖက္ကို ၁၀ ကီလို (၂၂ ေပါင္) ေလာက္ ေလးေနတဲ့ သမီးငယ္ေလး

သမီးေလး နန္းဆိုင္လူ ခြဲစိတ္မႈေအာင္ျမင္စြာၿပီးဆံုးပါၿပီ။

မနက္ ၉နာရီကေန ညေန၃နာရီ၄၅အထိ ဦးေဆာင္ခြဲစိတ္ေပးပါေသာ CS ေဒါက္တာႏိုင္ႏိုင္ထြန္း (ခြဲစိတ္) first assistant SAS ေဒါက္တာကိုေလးဝင္း(အရိုး) ေတာက္ေလွ်ာက္ညင္သာေအးခ်မ္းစြာ ခြဲစိတ္နိုင္ရန္စီစဥ္ေပးပါေသာေမ့ေဆး SAS ေဒါက္တာသီတာဝင္း လက္ေထာက္ဆရာဝန္မ်ား ျဖစ္ၾကေသာ ေဒါက္တာထူးႏိုင္ေအာင္ ေဒါက္တာ ဟိန္းသူ ေဒါက္တာသစ္လြင္သန္႔ ေဒါက္တာစိုင္းထြန္းဦး ခြဲစိတ္ခန္း/ခြဲစိတ္ေဆာင္မွဆရာမမ်ား ရံုးမွဝန္ထမ္းမ်ား ပရဟိတမိတ္ေဆြမ်ား အလွဴရွင္မ်ား ဆုေတာင္းေပးၾကသူ ကမၻာအႏွံ႕မွမိတ္ေဆြမ်ား သစၥာျပဳကာေမတၱာပို႔ေပးပါေသာအႀကီးအကဲမ်ား အားလံုးကို အထူးေက်းဇူးတင္ပါသည္။

We are United….

ဒီေအာက္က စာသားေလးကေတာ့ ခြဲစိတ္ခန္း မဝင္ခင္တုန္းက ေရးခဲ့တဲ့ စာေလးပါ။

ညဦးပိုင္းက ကၽြန္ေတာ့္ေဖေဖ ဖုန္းဆက္တယ္ ဒီေန႕ခြဲမယ့္ သမီးေလး နန္းဆိုင္လူအတြက္ သူ ဆုေတာင္းေပးေနတယ္ သားကိုယံုၿပီးသား အေကာင္းဆံုးစီမံႏိုင္မွာပါတဲ့ (ေဖေဖ ဖုန္းခ်ၿပီးသြားတဲ့ေနာက္မွာ ေမေမ သက္ရွိထင္ရွားရွိတုန္းက အားေပးခဲ့တဲ့ ကိုနန္သည္၀င္းနား ပါသားရယ္ သားလုပ္ႏိုင္မွာပါ ဆိုတဲ့ အားေပးစကားကိုၾကားေယာင္မိေနတယ္။)

ကၽြန္ေတာ့္အေပၚ အၿမဲေစာင့္ေရွာက္ရန္ ေစတနာထားတဲ့ အႀကီးအကဲ တစ္ေယာက္ဆီက ဆက္သြယ္လာတယ္။ လိုအပ္ရင္ သူတို႕အဖြဲ႕က ကၽြမ္းက်င္ ဆရာ၀န္ေတြ အဆင္သင့္ေစာင့္ေပးေနတယ္ ကူမယ္ ဆိုတဲ့ အားေပးစကားၾကားရတယ္။ ခြဲခန္းေလးေသးေသးထဲမွာ ဒီကအဖြဲ႕ေတြလည္း ျပည့္ေနတာရယ္ ႀကိဳတင္ညႈိရန္ အခ်ိန္ကာလတိုတာရယ္ေၾကာင့္ အကူအညီမယူလိုက္ရဘူး။ ဒါေပမယ့္ အားေပးသြားတဲ့စကား ကူညီေပးမယ္ဆိုတဲ့ စကားေတြေၾကာင့္ အားတက္မိပါတယ္။

ယဥ္ေလးႏွင့္သားခန္႔ညားေလးက အားတင္းထား သူတို႔လည္းသႀကၤန္လာမယ္ဆိုၿပီး လွမ္း အားျဖည့္ေပးတယ္။

သူငယ္ခ်င္းေတြမိတ္ေဆြေတြက အားေပးတယ္ ဆုေတာင္းေပးတယ္။ သီေပါမွာခြဲမယ္ဆိုၿပီး ဆံုးျဖတ္တဲ့ စီမံခန္႕ခြဲသူ ကၽြန္ေတာ့္အတြက္ မဟာစြန္႕စားခန္းပါပဲ။ ဒါဟာ ေငြေၾကးမတတ္ႏိုင္လို႕ ရွိတဲ့အရပ္မွာ ခြဲလိုက္တာမဟုတ္ပါဘူး။ အေျခအေနအရပ္ရပ္အရ အားလံုးထက္အေကာင္းဆံုးေနရာဟာ သီေပါျဖစ္ေနလို႕သာခြဲတာပါ။

ကၽြန္ေတာ့္မွာ မိတ္ေဆြအင္အားအမ်ားအျပားပါပဲ။ ခြဲမယ့္သူရွိရင္ ရန္ကုန္ပို႕ခြဲခြဲ မႏၱေလးပို႕ခြဲခြဲ ေငြေၾကးအင္အား ကူညီမယ့္သူေတြခ်ည္းပါပဲ။ ဘာေၾကာင့္သီေပါကိုသာ အေကာင္းဆံုးအျဖစ္ေရြးခ်ယ္ရပါသလဲ။

အဓိက က တာ၀န္ခံလိုမႈပါ။

သမီးေလး ရဲ႕ အေနအထားကို အရင္ေျပာပါ့မယ္။ သူကေလးဟာ ဒီေ၀ဒနာႀကီးနဲ႕ ပင္ပန္းဆင္းရဲ ေလးလံေနေပမယ့္ အိပ္ရာထဲ တစ္ေခြေခြေတာ့မဟုတ္ပါဘူး။ ကေလးပီပီ ေဆာ့ပါတယ္ ကဲပါတယ္။

လမ္းသြားရင္ ေလးလြန္းလို႕ သူ႕ဘာသာႀကံစည္တဲ့ လမ္းေလွ်ာက္နည္းရွိပါတယ္။ အဲဒါကေတာ့ ကန္ေတာ့ပါ ႏို႕လို႕သံုးပါရေစ။ သူ႕ႏို႕ေတြကို လက္နဲ႕ တြန္းတြန္းလႊဲၿပီး အရွိန္ႏွင့္ လမ္းေလွ်ာက္တဲ့နည္းပါ။ စာမတတ္ ပညာမတတ္ နားမလည္တဲ့ကေလး မို႕ သက္သာရာနည္း အတိုင္းေလွ်ာက္သြားေတာ့ ဆိုးက်ိဳးက ပိုၿပီးရွည္လာ ပိုၿပီး ႀကီးထြားလာေတာ့တာပါပဲ။ လံုေအာင္မဖုံးႏိုင္တဲ့ ႏို႕သီးေခါင္းေလးေတြ ပ်က္စီးေနပါတယ္ အေကာင္းအတိုင္းမရွိေတာ့ပါဘူး။ ယားလို႕ကုတ္ထားတဲ့ အတြက္ ပဲ႕တဲ့ေနရာပဲ႕ ခ်ိဳင့္တဲ့ေနရာခ်ိဳင့္ေနပါၿပီ။

သူ႕မွာ သူမ်ားထက္သာတဲ့ အခြင့္အေရးရွိပါတယ္။ ဒီပစၥည္းႀကီးႏွစ္ခုဟာ ေပါင္ေလးဆယ္ေက်ာ္ေလးေပမယ့္ ေရထဲက်မျမဳပ္ပါဘူး။ ေရေပၚေပၚပါတယ္။ သူတို႕ရြာနားကေခ်ာင္းမွာ သူဟာ ႏို႕ေဘာကိုစီးရင္း ေပ်ာ္ေနတတ္ပါသတဲ့။ ညအိပ္ေတာ့ သူ႕ေဘးသြားၾကည့္မိေတာ့ သူဟာ သူ႕ႏို႕ေလးေတြကို အားရပါးရခြၿပီးအိပ္ေနပါတယ္။ ေကာင္းမွေကာင္း အိမွအိတဲ့ ခြအံုးေတြပါပဲ။ ဒါေပမယ့္ ဒီလိုေတြေၾကာင့္ သူ႕ရင္သားမွာ မာတစ္ေနရာ ေပ်ာ့တစ္ေနရာေတြ အရည္အိတ္လိုေနရာေတြ အသားမာတက္ေနတဲ့ အလံုးေတြ အမ်ားႀကီးပါပဲ။ ဒဏ္ေတြျဖစ္ ေက်ာက္ခဲလို ထံုးဓါတ္ဖြဲ႕သြားတဲ့ေနရာေတြ ဓါတ္မွန္မွာေတာင္ေပၚေနပါတယ္။

ဒါေတြေၾကာင့္ ခြဲစိတ္ရင္ သူ႕ရင္သားေတြဟာ reduction mammoplasty (ရင္သားျပန္လည္တည္ေဆာက္ျခင္း) မျဖစ္ႏိုင္ေလာက္ေတာ့ပါဘူး။ simple mastectomy (ရင္သားလွီးထုတ္ျခင္း) အားျဖင့္သာ ခြဲစိတ္သင့္ပါတယ္။ ကၽြန္ေတာ့္ရင္မွျဖစ္တဲ့ ခန္႕ညားေလးအရြယ္ သမီးေလးကို ေတြ႕တဲ့ ခဏမွာပဲ သားသမီးခ်င္းစာနာကာ သံေယာဇဥ္ျဖစ္မိပါတယ္။ ရင္သားျပန္လည္တည္ေဆာက္ေပးရင္ ႏွစ္ဖက္ အတိုအရွည္အႀကီးအေသးညီရန္ခက္ပါတယ္။(ဘယ္ဘက္ရင္သားမွာ ထိခိုိက္ထားလို႕ အရည္အိတ္အႀကီးႀကီးျဖစ္ေနပါတယ္။ ညာဘက္မွာ ကၽြဲေကာသီးေလာက္ရွိတဲ့ အမာလံုးႀကီးတစ္လံုးရွိေနပါတယ္။) ႏို႕သီးေခါင္းေတြဟာ ခံစားခ်က္ မဲ့ေနပါတယ္။ ခုအေနအထားေတာင္ေသြးသိပ္မေလွ်ာက္ပါဘူး။ ခြဲၿပီးရင္ ေသြးမေရာက္လို႕ ပုတ္ႏိုင္ပါတယ္။

ကၽြန္ေတာ္တို႕ထက္ ေတာ္တဲ့ တတ္တဲ့ေနရာေတြမွာခြဲမယ္ဆိုရင္ ပစၥည္း ကၽြမ္းက်င္မႈေတြက သာမွာအမွန္ပါ။ ဒါေပမယ့္ တာ၀န္ယူစီမံႏိုင္ရန္ မလြယ္ပါဘူး။ သမီးေလးတို႕မိသားစုစားတဲ့ ဆန္ (ရွမ္းဆန္) သူတို႕ ခံတြင္းေတြ႕မယ့္ ဟင္းလ်ာ သူတို႕အေလ့အထ သူတို႕ဆက္သြယ္ရန္ ဘာသာစကား သူတို႕ရဲ႕ စိတ္ပိုင္းဆိုင္ရာလံုၿခံဳမႈ အားလံုးကို လိုက္လုပ္ေပးႏိုင္ရန္မလြယ္ပါဘူး။ သူတို႕ေရာက္ဘူးတဲ့ ၿမိဳ႕ဟာ မိုင္းရယ္ႏွင့္ သီေပါသာရွိပါေသးတယ္။

သီေပါၿမိဳ႕က မိသားစု၀င္ေတြက သမီးေလးဆီလာပါတယ္။ ျမန္မာလို တစ္လံုးေတာင္မတတ္တဲ့ သမီးေလးကို ရွမ္းလိုအားေပး ရွမ္းလို စကားေတြေျပာေပးၾကပါတယ္။ အရုပ္ေတြ ပန္းေတြ ကလစ္ေတြ ဘီးကုတ္ေတြ ေပးၾကပါတယ္။ အလွႀကိဳက္တဲ့သမီးေလးကို ဆံပင္ညႇပ္ေပးတယ္။ ေခါင္းေလွ်ာ္ေပးတယ္။ စိတ္လႈပ္ရွားၿပီး အစားမ၀င္တဲ့ ကေလးကို ေခ်ာ့ေကၽြးတယ္။ အစုလိုက္ ဘုရားမွာသြားဆုေတာင္းေပးတယ္။ ညဘက္သမီးေလးတို႕အိပ္ေနတာေတာင္ ေဆးရံု၀ရန္တာမွာ လာေစာင့္ေပးေနတယ္။ ဘာမွမပူနဲ႕ က်န္ခဲ့တဲ့ မိသားစုဆီကိုသြားခ်င္ရင္ ေခၚခ်င္ရင္ ေျခာက္နာရီေလာက္ပဲၾကာတာ ကားနဲ႕သြားေခၚေပးမယ္။ ပို႕ေပးမယ္လို႕ အားေပးမယ့္သူေတြရွိတယ္။ အၿပံဳးမဲ့ေနတဲ့သမီးေလး ခု ကၽြန္ေတာ့္ကို စခင္ေနၿပီ ေတြ႕ရင္ ၿပံဳးျပတာ အရမ္းအျပစ္ကင္းပါတယ္။

ခြဲစိတ္မႈတိုင္းဟာ ထံုေဆး ေမ့ေဆးႏွင့္ ရုတ္တရက္ျဖစ္ေပၚတတ္တဲ့ ျပႆနာေတြရွိတတ္ပါတယ္။ အႏၱရာယ္ရွိတတ္ပါတယ္။ ကၽြန္ေတာ္တို႕ ဟာ အႏၱရာယ္ကို အေကာင္းဆံုးစီမံမႈႏွင့္ အေလ်ာ့ဆံုးျဖစ္ေအာင္ေဆာင္ရြက္ေနပါတယ္။ ကၽြန္ေတာ္တို႕ ေလးစားရတဲ့ ဆရာႀကီး နာဂသိန္းလွိဳင္လို႕ တစ္ကိုယ္ေတာ္လက္စြမ္းႏွင့္ တိုင္းရင္းသားေတြရဲ႕ ယံုၾကည္မႈကို တည္ေဆာက္တာကို အားက်လို႕ ကၽြန္ေတာ္ဟာ အစုလိုက္အင္အား Team work အေနႏွင့္ စီမံခန္႕ခြဲႏိုင္မႈကို အေလးထားကာ ေတာေရာၿမိဳ႕ပါ မွ်တတဲ့ က်န္းမာေရးေစာင့္ေရွာက္မႈ ေရရွည္တည္တံ့ႏိုင္မယ့္ ေမာ္ဒယ္တစ္ခုကို တည္ေဆာက္ေနပါတယ္။ universal health coverage ရရန္ community awareness ကို management approach ႏွင့္ စည္းရံုးေဆာင္ရြက္ေနတာပါ။

သမီးေလး ခြဲစိတ္မႈအားလံုးအတြက္ ဘယ္သူခြဲခြဲ အဖြဲ႕လိုက္ေဆာင္ရြက္တာျဖစ္လို႕ စီမံခန္႕ခြဲသူ ကၽြန္ေတာ္သာလွ်င္ အဓိကတာ၀န္ရွိသူျဖစ္ပါတယ္။ King of the operation theater က ခြဲစိတ္ဆရာ၀န္ ျဖစ္ေပမယ့္ ခုဒီကိစၥမွာ head and most responsible person က ကၽြန္ေတာ္ပါ။ ျဖစ္ေပၚလာႏိုင္တဲ့ ဆိုးက်ိဳးအားလံုးကို တာ၀န္ယူပါတယ္။

မနက္ ကိုးနာရီမွာ သမီးေလးကို စတင္ခြဲစိတ္ကုသပါေတာ့မယ္။ အားလံုး ဆုေတာင္းေပးၾကပါ။ အမ်ားရဲ႕ ေမတၱာကိုခံယူပါတယ္။

ကၽြန္ေတာ္တို႕ (ကၽြန္ေတာ္) အေကာင္းဆံုး ႀကိဳးစားခဲ့ပါ့မယ္။

Source : Nanda Win’s Facebook

(Unicode Version)

ခွဲစိတ်မှု အောင်မြင်သွားပြီဖြစ်တဲ့ ရင်သားတစ်ဖက်ကို ၁၀ ကီလို (၂၂ ပေါင်) လောက် လေးနေတဲ့ သမီးငယ်လေး

သမီးလေး နန်းဆိုင်လူ ခွဲစိတ်မှုအောင်မြင်စွာပြီးဆုံးပါပြီ။

မနက် ၉နာရီကနေ ညနေ၃နာရီ၄၅အထိ ဦးဆောင်ခွဲစိတ်ပေးပါသော CS ဒေါက်တာနိုင်နိုင်ထွန်း (ခွဲစိတ်) first assistant SAS ဒေါက်တာကိုလေးဝင်း(အရိုး) တောက်လျှောက်ညင်သာအေးချမ်းစွာ ခွဲစိတ်နိုင်ရန်စီစဉ်ပေးပါသောမေ့ဆေး SAS ဒေါက်တာသီတာဝင်း လက်ထောက်ဆရာဝန်များ ဖြစ်ကြသော ဒေါက်တာထူးနိုင်အောင် ဒေါက်တာ ဟိန်းသူ ဒေါက်တာသစ်လွင်သန့် ဒေါက်တာစိုင်းထွန်းဦး ခွဲစိတ်ခန်း/ခွဲစိတ်ဆောင်မှဆရာမများ ရုံးမှဝန်ထမ်းများ ပရဟိတမိတ်ဆွေများ အလှူရှင်များ ဆုတောင်းပေးကြသူ ကမ္ဘာအနှံ့မှမိတ်ဆွေများ သစ္စာပြုကာမေတ္တာပို့ပေးပါသောအကြီးအကဲများ အားလုံးကို အထူးကျေးဇူးတင်ပါသည်။

We are United….

ဒီအောက်က စာသားလေးကတော့ ခွဲစိတ်ခန်း မဝင်ခင်တုန်းက ရေးခဲ့တဲ့ စာလေးပါ။

ညဦးပိုင်းက ကျွန်တော့်ဖေဖေ ဖုန်းဆက်တယ် ဒီနေ့ခွဲမယ့် သမီးလေး နန်းဆိုင်လူအတွက် သူ ဆုတောင်းပေးနေတယ် သားကိုယုံပြီးသား အကောင်းဆုံးစီမံနိုင်မှာပါတဲ့ (ဖေဖေ ဖုန်းချပြီးသွားတဲ့နောက်မှာ မေမေ သက်ရှိထင်ရှားရှိတုန်းက အားပေးခဲ့တဲ့ ကိုနန်သည်ဝင်းနား ပါသားရယ် သားလုပ်နိုင်မှာပါ ဆိုတဲ့ အားပေးစကားကိုကြားယောင်မိနေတယ်။)

ကျွန်တော့်အပေါ် အမြဲစောင့်ရှောက်ရန် စေတနာထားတဲ့ အကြီးအကဲ တစ်ယောက်ဆီက ဆက်သွယ်လာတယ်။ လိုအပ်ရင် သူတို့အဖွဲ့က ကျွမ်းကျင် ဆရာဝန်တွေ အဆင်သင့်စောင့်ပေးနေတယ် ကူမယ် ဆိုတဲ့ အားပေးစကားကြားရတယ်။ ခွဲခန်းလေးသေးသေးထဲမှာ ဒီကအဖွဲ့တွေလည်း ပြည့်နေတာရယ် ကြိုတင်ညှိုရန် အချိန်ကာလတိုတာရယ်ကြောင့် အကူအညီမယူလိုက်ရဘူး။ ဒါပေမယ့် အားပေးသွားတဲ့စကား ကူညီပေးမယ်ဆိုတဲ့ စကားတွေကြောင့် အားတက်မိပါတယ်။

ယဉ်လေးနှင့်သားခန့်ညားလေးက အားတင်းထား သူတို့လည်းသင်္ကြန်လာမယ်ဆိုပြီး လှမ်း အားဖြည့်ပေးတယ်။

သူငယ်ချင်းတွေမိတ်ဆွေတွေက အားပေးတယ် ဆုတောင်းပေးတယ်။ သီပေါမှာခွဲမယ်ဆိုပြီး ဆုံးဖြတ်တဲ့ စီမံခန့်ခွဲသူ ကျွန်တော့်အတွက် မဟာစွန့်စားခန်းပါပဲ။ ဒါဟာ ငွေကြေးမတတ်နိုင်လို့ ရှိတဲ့အရပ်မှာ ခွဲလိုက်တာမဟုတ်ပါဘူး။ အခြေအနေအရပ်ရပ်အရ အားလုံးထက်အကောင်းဆုံးနေရာဟာ သီပေါဖြစ်နေလို့သာခွဲတာပါ။

ကျွန်တော့်မှာ မိတ်ဆွေအင်အားအများအပြားပါပဲ။ ခွဲမယ့်သူရှိရင် ရန်ကုန်ပို့ခွဲခွဲ မန္တလေးပို့ခွဲခွဲ ငွေကြေးအင်အား ကူညီမယ့်သူတွေချည်းပါပဲ။ ဘာကြောင့်သီပေါကိုသာ အကောင်းဆုံးအဖြစ်ရွေးချယ်ရပါသလဲ။

အဓိက က တာဝန်ခံလိုမှုပါ။

သမီးလေး ရဲ့ အနေအထားကို အရင်ပြောပါ့မယ်။ သူကလေးဟာ ဒီဝေဒနာကြီးနဲ့ ပင်ပန်းဆင်းရဲ လေးလံနေပေမယ့် အိပ်ရာထဲ တစ်ခွေခွေတော့မဟုတ်ပါဘူး။ ကလေးပီပီ ဆော့ပါတယ် ကဲပါတယ်။

လမ်းသွားရင် လေးလွန်းလို့ သူ့ဘာသာကြံစည်တဲ့ လမ်းလျှောက်နည်းရှိပါတယ်။ အဲဒါကတော့ ကန်တော့ပါ နို့လို့သုံးပါရစေ။ သူ့နို့တွေကို လက်နဲ့ တွန်းတွန်းလွှဲပြီး အရှိန်နှင့် လမ်းလျှောက်တဲ့နည်းပါ။ စာမတတ် ပညာမတတ် နားမလည်တဲ့ကလေး မို့ သက်သာရာနည်း အတိုင်းလျှောက်သွားတော့ ဆိုးကျိုးက ပိုပြီးရှည်လာ ပိုပြီး ကြီးထွားလာတော့တာပါပဲ။ လုံအောင်မဖုံးနိုင်တဲ့ နို့သီးခေါင်းလေးတွေ ပျက်စီးနေပါတယ် အကောင်းအတိုင်းမရှိတော့ပါဘူး။ ယားလို့ကုတ်ထားတဲ့ အတွက် ပဲ့တဲ့နေရာပဲ့ ချိုင့်တဲ့နေရာချိုင့်နေပါပြီ။

သူ့မှာ သူများထက်သာတဲ့ အခွင့်အရေးရှိပါတယ်။ ဒီပစ္စည်းကြီးနှစ်ခုဟာ ပေါင်လေးဆယ်ကျော်လေးပေမယ့် ရေထဲကျမမြုပ်ပါဘူး။ ရေပေါ်ပေါ်ပါတယ်။ သူတို့ရွာနားကချောင်းမှာ သူဟာ နို့ဘောကိုစီးရင်း ပျော်နေတတ်ပါသတဲ့။ ညအိပ်တော့ သူ့ဘေးသွားကြည့်မိတော့ သူဟာ သူ့နို့လေးတွေကို အားရပါးရခွပြီးအိပ်နေပါတယ်။ ကောင်းမှကောင်း အိမှအိတဲ့ ခွအုံးတွေပါပဲ။ ဒါပေမယ့် ဒီလိုတွေကြောင့် သူ့ရင်သားမှာ မာတစ်နေရာ ပျော့တစ်နေရာတွေ အရည်အိတ်လိုနေရာတွေ အသားမာတက်နေတဲ့ အလုံးတွေ အများကြီးပါပဲ။ ဒဏ်တွေဖြစ် ကျောက်ခဲလို ထုံးဓါတ်ဖွဲ့သွားတဲ့နေရာတွေ ဓါတ်မှန်မှာတောင်ပေါ်နေပါတယ်။

ဒါတွေကြောင့် ခွဲစိတ်ရင် သူ့ရင်သားတွေဟာ reduction mammoplasty (ရင်သားပြန်လည်တည်ဆောက်ခြင်း) မဖြစ်နိုင်လောက်တော့ပါဘူး။ simple mastectomy (ရင်သားလှီးထုတ်ခြင်း) အားဖြင့်သာ ခွဲစိတ်သင့်ပါတယ်။ ကျွန်တော့်ရင်မှဖြစ်တဲ့ ခန့်ညားလေးအရွယ် သမီးလေးကို တွေ့တဲ့ ခဏမှာပဲ သားသမီးချင်းစာနာကာ သံယောဇဉ်ဖြစ်မိပါတယ်။ ရင်သားပြန်လည်တည်ဆောက်ပေးရင် နှစ်ဖက် အတိုအရှည်အကြီးအသေးညီရန်ခက်ပါတယ်။(ဘယ်ဘက်ရင်သားမှာ ထိခိိုက်ထားလို့ အရည်အိတ်အကြီးကြီးဖြစ်နေပါတယ်။ ညာဘက်မှာ ကျွဲကောသီးလောက်ရှိတဲ့ အမာလုံးကြီးတစ်လုံးရှိနေပါတယ်။) နို့သီးခေါင်းတွေဟာ ခံစားချက် မဲ့နေပါတယ်။ ခုအနေအထားတောင်သွေးသိပ်မလျှောက်ပါဘူး။ ခွဲပြီးရင် သွေးမရောက်လို့ ပုတ်နိုင်ပါတယ်။

ကျွန်တော်တို့ထက် တော်တဲ့ တတ်တဲ့နေရာတွေမှာခွဲမယ်ဆိုရင် ပစ္စည်း ကျွမ်းကျင်မှုတွေက သာမှာအမှန်ပါ။ ဒါပေမယ့် တာဝန်ယူစီမံနိုင်ရန် မလွယ်ပါဘူး။ သမီးလေးတို့မိသားစုစားတဲ့ ဆန် (ရှမ်းဆန်) သူတို့ ခံတွင်းတွေ့မယ့် ဟင်းလျာ သူတို့အလေ့အထ သူတို့ဆက်သွယ်ရန် ဘာသာစကား သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာလုံခြုံမှု အားလုံးကို လိုက်လုပ်ပေးနိုင်ရန်မလွယ်ပါဘူး။ သူတို့ရောက်ဘူးတဲ့ မြို့ဟာ မိုင်းရယ်နှင့် သီပေါသာရှိပါသေးတယ်။

သီပေါမြို့က မိသားစုဝင်တွေက သမီးလေးဆီလာပါတယ်။ မြန်မာလို တစ်လုံးတောင်မတတ်တဲ့ သမီးလေးကို ရှမ်းလိုအားပေး ရှမ်းလို စကားတွေပြောပေးကြပါတယ်။ အရုပ်တွေ ပန်းတွေ ကလစ်တွေ ဘီးကုတ်တွေ ပေးကြပါတယ်။ အလှကြိုက်တဲ့သမီးလေးကို ဆံပင်ညှပ်ပေးတယ်။ ခေါင်းလျှော်ပေးတယ်။ စိတ်လှုပ်ရှားပြီး အစားမဝင်တဲ့ ကလေးကို ချော့ကျွေးတယ်။ အစုလိုက် ဘုရားမှာသွားဆုတောင်းပေးတယ်။ ညဘက်သမီးလေးတို့အိပ်နေတာတောင် ဆေးရုံဝရန်တာမှာ လာစောင့်ပေးနေတယ်။ ဘာမှမပူနဲ့ ကျန်ခဲ့တဲ့ မိသားစုဆီကိုသွားချင်ရင် ခေါ်ချင်ရင် ခြောက်နာရီလောက်ပဲကြာတာ ကားနဲ့သွားခေါ်ပေးမယ်။ ပို့ပေးမယ်လို့ အားပေးမယ့်သူတွေရှိတယ်။ အပြုံးမဲ့နေတဲ့သမီးလေး ခု ကျွန်တော့်ကို စခင်နေပြီ တွေ့ရင် ပြုံးပြတာ အရမ်းအပြစ်ကင်းပါတယ်။

ခွဲစိတ်မှုတိုင်းဟာ ထုံဆေး မေ့ဆေးနှင့် ရုတ်တရက်ဖြစ်ပေါ်တတ်တဲ့ ပြဿနာတွေရှိတတ်ပါတယ်။ အန္တရာယ်ရှိတတ်ပါတယ်။ ကျွန်တော်တို့ ဟာ အန္တရာယ်ကို အကောင်းဆုံးစီမံမှုနှင့် အလျော့ဆုံးဖြစ်အောင်ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ လေးစားရတဲ့ ဆရာကြီး နာဂသိန်းလှိုင်လို့ တစ်ကိုယ်တော်လက်စွမ်းနှင့် တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုကို တည်ဆောက်တာကို အားကျလို့ ကျွန်တော်ဟာ အစုလိုက်အင်အား Team work အနေနှင့် စီမံခန့်ခွဲနိုင်မှုကို အလေးထားကာ တောရောမြို့ပါ မျှတတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရေရှည်တည်တံ့နိုင်မယ့် မော်ဒယ်တစ်ခုကို တည်ဆောက်နေပါတယ်။ universal health coverage ရရန် community awareness ကို management approach နှင့် စည်းရုံးဆောင်ရွက်နေတာပါ။

သမီးလေး ခွဲစိတ်မှုအားလုံးအတွက် ဘယ်သူခွဲခွဲ အဖွဲ့လိုက်ဆောင်ရွက်တာဖြစ်လို့ စီမံခန့်ခွဲသူ ကျွန်တော်သာလျှင် အဓိကတာဝန်ရှိသူဖြစ်ပါတယ်။ King of the operation theater က ခွဲစိတ်ဆရာဝန် ဖြစ်ပေမယ့် ခုဒီကိစ္စမှာ head and most responsible person က ကျွန်တော်ပါ။ ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးအားလုံးကို တာဝန်ယူပါတယ်။

မနက် ကိုးနာရီမှာ သမီးလေးကို စတင်ခွဲစိတ်ကုသပါတော့မယ်။ အားလုံး ဆုတောင်းပေးကြပါ။ အများရဲ့ မေတ္တာကိုခံယူပါတယ်။

ကျွန်တော်တို့ (ကျွန်တော်) အကောင်းဆုံး ကြိုးစားခဲ့ပါ့မယ်။

Source : Nanda Win’s Facebook