မြန်မာမှာလည်း ဒီလိုပညာရှင်တွေ ရှိပါတယ်

မုံရွာမြို့သဲသောင်ပြင်တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပမဲ့ ချင်းတွင်း သင်္ကြန်အတွင်းမှ ပုံရိပ်များ

မုံရွာမြို့သဲသောင်ပြင်တွင် ပထမဆုံးအကြိမ်အဖြစ် ချင်းတွင်း သင်္ကြန်ကို ဇုန်ငါးဇုန် သတ်မှတ်ကျင်းပသွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

မုံရွာမြို့ မုံရွာတောင်ရပ် ကွက် Ocean Center အနောက် ဘက်ရှိ ချင်းတွင်းမြစ် သဲသောင် ပေါ်တွင် အဆိုပါ သင်္ကြန်ပွဲတော် ကျင်းပမည်ဖြစ်ပြီး Play Zone, Wet Zone, Dry Zone, Beach Zone နှင့် Sand Sculpture Zone ဟူ၍ ဇုန်ငါးဇုန် သတ်မှတ်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ချင်းတွင်းသင်္ကြန် ရေကစားပွဲတော်သည် ပြည်တွင်းမှ စီးပွားရေး လုပ်ငန်းရှင်များအား တစ်ဖက်တစ်လမ်းမှ အားပေးကူညီမှုများ ပြုလုပ်သွားရန်အတွက် ပထမအဆင့် ခြေလှမ်းတစ်ရပ်ဖြစ်ပြီး ကြွယ်ဝ များပြားလှသည့် သဘာဝ သယံဇာတများ အပြင် သဗ္ဗုဒေဘုရား၊ မဟာဗောဓိတစ်ထောင် လေးကျွန်းစင်္ကြာဘုရား နှင့် ဖိုလ်ဝင်တောင် အစရှိသည့် သမိုင်းဝင် ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များဖြင့် ပြည့်နှက်နေသည့် နေရာဒေသ တစ်ခုဖြစ်သည့်အတွက် လာရောက် လည်ပတ်သည့် ခရီးသွားဧည့်သည်များ အနေဖြင့် စိတ်လှုပ်ရှားဖွယ် အတွေ့အကြုံ သစ်များအား ရရှိခံစားနိုင်မည်ဖြစ်ကြောင်းလည်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ချင်းတွင်း သင်္ကြန်ရေကစားပွဲတော်အား မုံရွာမြို့ ချင်းတွင်းမြစ်ကမ်းဘေး ဇက်ဆိပ်အနီးရှိ သဲသောင်ပြင်ပေါ်တွင် ဧပြီ ၁၁ ရက်မှ ၁၇ ရက်အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။