ေမာင္ေတာၿမိဳ႕နယ္၊ အင္းဒင္ေက်းရြာအုပ္စု၊ ပဲ႐ံု(နတလ)ေက်းရြာ သုႆာန္အနီး၌ ဖမ္းဆီးရမိဘဂၤါလီ ၁၀ ဦး ေသဆုံးမႈႏွင့္ပတ္သက္၍ ျဖစ္စဥ္တြင္ပါ၀င္ခဲ့သည့္ အရာရွိ၊ စစ္သည္မ်ားအား ျပစ္ဒဏ္မ်ားခ်မွတ္

ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္၊ အင္းဒင္ေက်းရြာအုပ္စု၊ ပဲ႐ံု(နတလ)ေက်းရြာ သုႆာန္အနီး၌ ဖမ္းဆီးရမိဘဂၤါလီ ၁၀ ဦး ေသဆုံးမႈႏွင့္ပတ္သက္၍ ျဖစ္စဥ္တြင္ပါ၀င္ခဲ့သည့္ အရာရွိ၊ စစ္သည္မ်ားအား ျပစ္ဒဏ္မ်ားခ်မွတ္

ေနျပည္ေတာ္၊ ဧၿပီ – ၁၀

၂၀၁၈ ခုႏွစ္၊ ဇန္န၀ါရီလ ၁၀ ရက္ေန႔ ျမ၀တီသတင္းစာႏွင့္ ျမ၀တီ႐ုပ္ျမင္သံၾကားတို႔မွ ရခိုင္ျပည္နယ္ အင္းဒင္ေက်းရြာအနီး ဘဂၤါလီအၾကမ္းဖက္ ၁၀ ဦးအေပၚ ဥပေဒႏွင့္အညီ ဖမ္းဆီးခ်ဳပ္ေႏွာင္တရားစြဲဆို၍ ျပစ္ဒဏ္ခ်မွတ္မႈလုပ္ငန္းစဥ္အတိုင္း ေဆာင္ရြက္ျခင္းမရွိဘဲ အင္းဒင္ေက်းရြာေန တိုင္းရင္းသားျပည္သူအခ်ိဳ႕ႏွင့္ လုံၿခံဳေရးတပ္ဖြဲ႕၀င္မ်ားမွ ဌာေနတိုင္းရင္းသားမ်ား၏ စိတ္ခံစားနာၾကည္းခ်က္အေပၚ အေျခခံ၍ ဥပေဒမဲ့ သတ္ျဖတ္ခဲ့ျခင္းအေပၚ

ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအး၀င္း ဦးေဆာင္ေသာ စုံစမ္းစစ္ေဆးေရးအဖြဲ႕ျဖင့္ ၂၀၁၇ ခုႏွစ္၊ ဒီဇင္ဘာ ၂၀ ရက္မွ ၂၀၁၈ ခုႏွစ္၊ ဇန္န၀ါရီ ၂ ရက္ အထိ တပ္မေတာ္မွ အရာရွိ၊ စစ္သည္ ၂၁ ဦး၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕၀င္ ၃ ဦး၊ အမွတ္(၈)လုံၿခံဳေရးတပ္ဖြဲ႕ခြဲမွ တပ္ဖြဲ႕၀င္ ၁၃ ဦး၊ ဌာနဆိုင္ရာ၀န္ထမ္း ၆ ဦးႏွင့္ အင္းဒင္ရြာသား ၆ ဦးတို႔ကို အေသးစိတ္စိစစ္ စစ္ေဆးေမးျမန္းခဲ့ရာ ဥပေဒမဲ့ျပစ္မွု က်ဴးလြန္ခဲ့သည္မွာမွန္ကန္ေၾကာင္း စစ္ေဆးေတြ႕ရွိရမႈအေပၚ ထုတ္ျပန္ေၾကညာၿပီး ျဖစ္ပါသည္။

အဆိုပါ ဥပေဒမဲ့ျပစ္မႈက်ဴးလြန္ခဲ့ၾကသူမ်ားအနက္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၀င္မ်ားႏွင့္ အရပ္သားမ်ားအား သက္ဆိုင္ရာဥပေဒ၊ လုပ္ထုံးလုပ္နည္း၊ စည္းမ်ဥ္းမ်ားႏွင့္အညီ အေရးယူဆဲျဖစ္ၿပီး တပ္မေတာ္အက္ဥပေဒ၊ နည္းဥပေဒကိုလိုက္နာရသည့္ တပ္မေတာ္မွ အရာရွိ၊ စစ္သည္ ၇ ဦးတို႔အား တပ္မေတာ္အက္ဥပေဒပုဒ္မ(၇၁) နယ္ဘက္ျပစ္မႈ တစ္ရပ္ျဖစ္ေသာ လူသတ္မႈကိုက်ဴးလြန္ရာတြင္ ပူးေပါင္းပါ၀င္ခဲ့ေၾကာင္းေတြ႕ရွိရသျဖင့္

ျပစ္မႈက်ဴးလြန္သူ အရာရွိ ၄ ဦးအား ႐ႈတ္ခ်၍အျမဲတမ္းထုတ္ပစ္ေစရန္ႏွင့္ အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ ၁၀ ႏွစ္အား နယ္ဘက္အက်ဥ္းေထာင္တြင္က်ခံေစရန္ ျပစ္ဒဏ္ခ်မွတ္ခဲ့ေၾကာင္း ႏွင့္ အျခားအဆင့္စစ္သည္ ၃ ဦးအား တပ္သားအဆင့္ေလ်ာ့ခ်၍ အျမဲတမ္းထုတ္ပစ္ရန္ႏွင့္ အလုပ္ၾကမ္းႏွင့္ေထာင္ဒဏ္ ၁၀ ႏွစ္အား နယ္ဘက္အက်ဥ္းေထာင္တြင္ က်ခံေစရန္ဟု ျပစ္ဒဏ္အသီးသီးခ်မွတ္ခဲ့ေၾကာင္း သတင္းထုတ္ျပန္အပ္ပါသည္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕

Source : တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး

(Unicode Version)

မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာအုပ်စု၊ ပဲရုံ(နတလ)ကျေးရွာ သုဿာန်အနီး၌ ဖမ်းဆီးရမိဘင်္ဂါလီ ၁၀ ဦး သေဆုံးမှုနှင့်ပတ်သက်၍ ဖြစ်စဉ်တွင်ပါဝင်ခဲ့သည့် အရာရှိ၊ စစ်သည်များအား ပြစ်ဒဏ်များချမှတ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာအုပ်စု၊ ပဲရုံ(နတလ)ကျေးရွာ သုဿာန်အနီး၌ ဖမ်းဆီးရမိဘင်္ဂါလီ ၁၀ ဦး သေဆုံးမှုနှင့်ပတ်သက်၍ ဖြစ်စဉ်တွင်ပါဝင်ခဲ့သည့် အရာရှိ၊ စစ်သည်များအား ပြစ်ဒဏ်များချမှတ်

နေပြည်တော်၊ ဧပြီ – ၁၀

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့ မြဝတီသတင်းစာနှင့် မြဝတီရုပ်မြင်သံကြားတို့မှ ရခိုင်ပြည်နယ် အင်းဒင်ကျေးရွာအနီး ဘင်္ဂါလီအကြမ်းဖက် ၁၀ ဦးအပေါ် ဥပဒေနှင့်အညီ ဖမ်းဆီးချုပ်နှောင်တရားစွဲဆို၍ ပြစ်ဒဏ်ချမှတ်မှုလုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ခြင်းမရှိဘဲ အင်းဒင်ကျေးရွာနေ တိုင်းရင်းသားပြည်သူအချို့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဌာနေတိုင်းရင်းသားများ၏ စိတ်ခံစားနာကြည်းချက်အပေါ် အခြေခံ၍ ဥပဒေမဲ့ သတ်ဖြတ်ခဲ့ခြင်းအပေါ်

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း ဦးဆောင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်မှ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၂ ရက် အထိ တပ်မတော်မှ အရာရှိ၊ စစ်သည် ၂၁ ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၃ ဦး၊ အမှတ်(၈)လုံခြုံရေးတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင် ၁၃ ဦး၊ ဌာနဆိုင်ရာဝန်ထမ်း ၆ ဦးနှင့် အင်းဒင်ရွာသား ၆ ဦးတို့ကို အသေးစိတ်စိစစ် စစ်ဆေးမေးမြန်းခဲ့ရာ ဥပဒေမဲ့ပြစ်မှု ကျူးလွန်ခဲ့သည်မှာမှန်ကန်ကြောင်း စစ်ဆေးတွေ့ရှိရမှုအပေါ် ထုတ်ပြန်ကြေညာပြီး ဖြစ်ပါသည်။

အဆိုပါ ဥပဒေမဲ့ပြစ်မှုကျူးလွန်ခဲ့ကြသူများအနက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် အရပ်သားများအား သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းများနှင့်အညီ အရေးယူဆဲဖြစ်ပြီး တပ်မတော်အက်ဥပဒေ၊ နည်းဥပဒေကိုလိုက်နာရသည့် တပ်မတော်မှ အရာရှိ၊ စစ်သည် ၇ ဦးတို့အား တပ်မတော်အက်ဥပဒေပုဒ်မ(၇၁) နယ်ဘက်ပြစ်မှု တစ်ရပ်ဖြစ်သော လူသတ်မှုကိုကျူးလွန်ရာတွင် ပူးပေါင်းပါဝင်ခဲ့ကြောင်းတွေ့ရှိရသဖြင့်

ပြစ်မှုကျူးလွန်သူ အရာရှိ ၄ ဦးအား ရှုတ်ချ၍အမြဲတမ်းထုတ်ပစ်စေရန်နှင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်အား နယ်ဘက်အကျဉ်းထောင်တွင်ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း နှင့် အခြားအဆင့်စစ်သည် ၃ ဦးအား တပ်သားအဆင့်လျော့ချ၍ အမြဲတမ်းထုတ်ပစ်ရန်နှင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်အား နယ်ဘက်အကျဉ်းထောင်တွင် ကျခံစေရန်ဟု ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

Source : တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး