ထောက်ကြန့် မြို့ရှောင်လမ်းဆုံ ကားနှစ်စီး တိုက်မှု လူ ၈ ဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့




Zin Moe

(Unicode Version)

ထောက်ကြန့်မြို့ရှောင်လမ်းဆုံ ကားနှစ်စီးတိုက်မှု လူ ၈ ဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရှိခဲ့

10.4.2018 (7:30) am ခန့် ရန်ကုန်တိုင်း ထောက်ကြန့် မြို့ရှောင်လမ်း လမ်းဆုံ မိနီဘတ်နှင့် ဟိုင်းလတ်ကား တိုက်မိမှု ဖြစ်ပွားခဲ့ရာ လူ ၈ ဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။

ဒဏ်ရာလူနာ ၁၇ ဦးနှင့် သေဆုံးသူ ၈ ဦးတို့အား မီးသတ်တပ်ဖွဲ့ ရန်ကုန်တိုင်း လူမူကူညီရေးအဖွဲ့နှင့် ပေးဆပ်သူ (Rescue) အဖွဲ့မှ ပူးပေါင်း ကယ်ဆယ်ရေးများ ဆောင်ရွက်ခဲ့ပြီး အင်းစိန် ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။

ဓါတ်ပုံ – နေလင်းအောင်/လူမှုကွန်ယက်