မနန္းဆိုင္လူအား ေအာင္ျမင္စြာ ခြဲစိပ္ ကုသေပးခဲ့ေသာ ေဆးအဖြဲ႔အား က်န္းမာေရးႏွင့္အားကစား ၀န္ႀကီးဌာနက လွိဳက္လွဲစြာ ခ်ီးက်ဴးဂုဏ္ယူ

မနန္းဆိုင္လူအား ေအာင္ျမင္စြာ ခြဲစိပ္ ကုသေပးခဲ့ေသာ ေဆးအဖြဲ႔အား က်န္းမာေရးႏွင့္အားကစား ၀န္ႀကီးဌာနက လွိဳက္လွဲစြာ ခ်ီးက်ဴးဂုဏ္ယူ

ေနျပည္ေတာ္၊ ဧၿပီ ၁၁

ေရာဂါေၾကာင့္ ရင္သားလြန္စြာ ၾကီးမားေနသည့္ မနန္းဆိုင္လူအား ေအာင္ျမင္စြာ ခြဲစိပ္ကုသေပးခဲ့ေသာ ေဆးအဖြဲ႔အား က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာနက လွိဳက္လွဲစြာ ခ်ီးက်ဴးဂုဏ္ယူေၾကာင္း ထုတ္ျပန္လိုက္သည္။

ဧျပီ ၉ ရက္ေန႔က ရွမ္းျပည္နယ္ေျမာက္ပိုင္း သီေပါကုတင္ ၁၀၀ ေဆးရံုတြင္ လူနာ မနန္းဆိုင္လူ (၁၃) ႏွစ္၏ virginal breast hypertrophy ေရာဂါအား ေအာင္ျမင္စြာ ခြဲစိတ္ ကုသေပးခဲ့ေသာ ေဆးရံုအုပ္ ေဒါက္တာနႏၵ၀င္း၊ ခြဲစိတ္ဆရာ၀န္ႀကီး ေဒါက္တာႏိုင္ႏိုင္ထြန္း၊ ေမ့ေဆး အထူးကု ဆရာ၀န္ ေဒါက္တာသီတာ၀င္း၊

အရိုးခြဲစိတ္ဆရာ၀န္ ေဒါက္တာကိုေလး၀င္း တို႕ ဦးေဆာင္ေသာ လက္ေထာက္ဆရာ၀န္မ်ား၊ ဆရာမမ်ား၊ လုပ္သားမ်ား ႏွင့္ လူမႈေရးအသင္းအဖြဲ႕မ်ား ေစတနာ့လုပ္အားရွင္မ်ားအား က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး၊ အၿမဲတန္းအတြင္း၀န္ႏွင့္ က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာနရွိ၀န္ထမ္းမ်ားမွ လွိဳက္လွဲစြာ ခ်ီးက်ဴး ဂုဏ္ယူပါေၾကာင္း မွတ္တမ္းတင္ ေၾကညာခဲ့ျခင္းျ ဖစ္သည္။

Source – က်န္းမာေရးႏွင့္ အားကစား၀န္ၾကီးဌာန

(Unicode Version)

မနန်းဆိုင်လူအား အောင်မြင်စွာ ခွဲစိပ် ကုသပေးခဲ့သော ဆေးအဖွဲ့အား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက လှိုက်လှဲစွာ ချီးကျူးဂုဏ်ယူ

နေပြည်တော်၊ ဧပြီ ၁၁

ရောဂါကြောင့် ရင်သားလွန်စွာ ကြီးမားနေသည့် မနန်းဆိုင်လူအား အောင်မြင်စွာ ခွဲစိပ်ကုသပေးခဲ့သော ဆေးအဖွဲ့အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လှိုက်လှဲစွာ ချီးကျူးဂုဏ်ယူကြောင်း ထုတ်ပြန်လိုက်သည်။

ဧပြီ ၉ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါကုတင် ၁၀၀ ဆေးရုံတွင် လူနာ မနန်းဆိုင်လူ (၁၃) နှစ်၏ virginal breast hypertrophy ရောဂါအား အောင်မြင်စွာ ခွဲစိတ် ကုသပေးခဲ့သော ဆေးရုံအုပ် ဒေါက်တာနန္ဒဝင်း၊ ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာနိုင်နိုင်ထွန်း၊ မေ့ဆေး အထူးကု ဆရာဝန် ဒေါက်တာသီတာဝင်း၊

အရိုးခွဲစိတ်ဆရာဝန် ဒေါက်တာကိုလေးဝင်း တို့ ဦးဆောင်သော လက်ထောက်ဆရာဝန်များ၊ ဆရာမများ၊ လုပ်သားများ နှင့် လူမှုရေးအသင်းအဖွဲ့များ စေတနာ့လုပ်အားရှင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမြဲတန်းအတွင်းဝန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရှိဝန်ထမ်းများမှ လှိုက်လှဲစွာ ချီးကျူး ဂုဏ်ယူပါကြောင်း မှတ်တမ်းတင် ကြေညာခဲ့ခြင်းြ ဖစ်သည်။

Source – ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန