အင္းေတာ္ႀကီး အင္းၿမွီး ေဒသတြင္ KIA ႏွင့္ ျမန္မာ့ တပ္မေတာ္တို႔ တုိက္ပြဲျဖစ္ပြား

မိုးညွင္းၿမိဳ႕နယ္ အင္းေတာ္ႀကီးေဒသ မျပင္ေက်းရြာအထက္ နန္႔တိမ္းေခ်ာင္းဘက္ႏွင့္ အိုက္ေလးတူေက်းရြာအနီးရွိ လြယ္ေခ်ာင္ကြင္းဘက္တြင္ KIA တပ္​ရင္း ၆ ႏွင့္ ျမန္မာ့တပ္မေတာ္တို႔ ယေန႔နံနက္ ၈ နာရီမွစ၍ တုိက္ပြဲျဖစ္ပြားလွ်က္ရွိေၾကာင္း သိရသည္။

“ဒီမနက္ ၈ နာရီကေနအသံၾကားတာ ခုထိမရပ္ေသးဘူး။ အသံႀကီးေတြက တစ္ခ်က္တစ္ခ်က္ၾကားရတယ္။ စစ္ေၾကာင္းေတြ ၀င္လာတာေတာ့ တစ္ေန႕က၀င္လာတာေတြ႕တယ္။ တိုက္ပြဲျဖစ္တဲ့အသံက ဒီေန႔မွၾကားရတယ္။” ဟု အိုက္ေလးတူေက်းရြာသားတစ္ဦးက ေျပာသည္။

အဆုိပါအိုက္ေလးတူေက်းရြာတြင္း လယ္ေတာမ်ားႏွင့္ေတာထဲသုိ႔ မသြားၾကရန္ ဧၿပီ ၁၁ ရက္ေန႔က ေၾကညာထားေသာ္လည္း လယ္ေတာတြင္ ေတြ႕သည့္ ရြာသားေလးဦးအား လမ္းျပအျဖစ္ ျမန္မာ့တပ္မေတာ္ဘက္မွ ေခၚေဆာင္သြားေၾကာင္းသိရသည္။

“ မျပင္ရြာအထက္ ေရႊေမာ္ဘက္မွာ မေန႔ကတည္းက တိုက္ပြဲျဖစ္တာ။ ဒီေန႔က ပိုၿပီး တိုက္ပြဲသံေတြျပင္းလာတယ္။ခုထိ မသံမတိတ္ေသးဘူး။” ဟု မျပင္ေက်းရြာသားတစ္ဦးက ေျပာသည္။

ဧၿပီ ၁၀ ရက္ေန႔တြင္ ျမန္မာ့တပ္မေတာ္ဘက္မွ စစ္ကား အစီး (၂၀)ႏွင့္ လားမ်ားတင္ေဆာင္လာသည့္ ကား (၂)စီးေတြ႕ရွိေၾကာင္း ရြာသားမ်ားက ေျပာသည္။

Source : The Voice of Shan-Ni

(Unicode Version)

အင်းတော်ကြီး အင်းမြှီး ဒေသတွင် KIA နှင့် မြန်မာ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွား

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မပြင်ကျေးရွာအထက် နန့်တိမ်းချောင်းဘက်နှင့် အိုက်လေးတူကျေးရွာအနီးရှိ လွယ်ချောင်ကွင်းဘက်တွင် KIA တပ်​ရင်း ၆ နှင့်မြန်မာ့တပ်မတော်တို့ ယနေ့နံနက် ၈ နာရီမှစ၍ တိုက်ပွဲဖြစ်ပွားလျှက်ရှိကြောင်း သိရသည်။

“ဒီမနက် ၈ နာရီကနေအသံကြားတာ ခုထိမရပ်သေးဘူး။ အသံကြီးတွေက တစ်ချက်တစ်ချက်ကြားရတယ်။ စစ်ကြောင်းတွေ ဝင်လာတာတော့ တစ်နေ့ကဝင်လာတာတွေ့တယ်။ တိုက်ပွဲဖြစ်တဲ့အသံက ဒီနေ့မှကြားရတယ်။” ဟု အိုက်လေးတူကျေးရွာသားတစ်ဦးက ပြောသည်။

အဆိုပါအိုက်လေးတူကျေးရွာတွင်း လယ်တောများနှင့်တောထဲသို့ မသွားကြရန် ဧပြီ ၁၁ ရက်နေ့က ကြေညာထားသော်လည်း လယ်တောတွင် တွေ့သည့် ရွာသားလေးဦးအား လမ်းပြအဖြစ် မြန်မာ့တပ်မတော်ဘက်မှ ခေါ်ဆောင်သွားကြောင်းသိရသည်။

“ မပြင်ရွာအထက် ရွှေမော်ဘက်မှာ မနေ့ကတည်းက တိုက်ပွဲဖြစ်တာ။ ဒီနေ့က ပိုပြီး တိုက်ပွဲသံတွေပြင်းလာတယ်။ခုထိ မသံမတိတ်သေးဘူး။” ဟု မပြင်ကျေးရွာသားတစ်ဦးက ပြောသည်။

ဧပြီ ၁၀ ရက်နေ့တွင် မြန်မာ့တပ်မတော်ဘက်မှ စစ်ကား အစီး (၂၀)နှင့် လားများတင်ဆောင်လာသည့် ကား (၂)စီးတွေ့ရှိကြောင်း ရွာသားများက ပြောသည်။

Source : The Voice of Shan-Ni