မနောစီးတဲ့ လေယာဉ်ပေါ်မှာ မနောသီချင်းနဲ့ ကပြဖျော်ပြေခဲ့ကြတဲ့ လေယာဉ်မယ်လေးတွေ
Photo – Air Asia
Source : Yuyalay
ဗီဒီယိုကြည့်ရန်
(Unicode Version)
မနောစီးတဲ့ လေယာဉ်ပေါ်မှာ မနောသီချင်းနဲ့ ကပြဖျော်ပြေခဲ့ကြတဲ့ ေလယာဉ်မယ်လေးတွေ
“ငါကဗိုလ်အောင်ဒင်”သီချင်းနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေတစ်ခဲနက်ရရှိလာတဲ့ အဆိုတော်တစ်ဦးဖြစ်တဲ့ ကျေးလက်အဆိုရှင် မနောကတော့ မဟာသင်္ကြန်ပွဲကို ဆင်နွှဲဖို့အတွက် ဘန်ကောက်မြို့ရောက်ရှိလို့နေပါပြီ။ မနောကတော့ ဘန်ကောက်ကို သွားတဲ့လေယာဉ်ပေါ်မှာ ဂုဏ်ယူပျော်ရွှင်ဖွယ် ကိစ္စလေးနဲ့ ကြုံခဲ့ရတဲ့့ အကြောင်းကို သူရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ အခုလိုပဲ ဝေမျှထားပါတယ်။
မနောကတော့ လေယာဉ်ပေါ်မှာ သူရဲ့ သီချင်းနဲ့ကနေကြတဲ့ လေယာဉ်မယ်လေးတွေကြောင့် အရမ်းကို ပျော်နေတဲ့ပုံပါပဲနော်။ ရပ်ပွဲ၊ ရွာပွဲတွေ၊ အလှူမင်္ဂလာပွဲတွေမှာ အမြဲလိုလိုကြားရလေ့ရှိတဲ့ မနောရဲ့ သီချင်းတွေကို အခုဆိုရင်တော့ လေယာဉ်ပေါ်မှာတောင် ကြားနေရပြီနော်။
ပရိသတ်တွေအတွက် မနောသီချင်းနဲ့ကနေကြတဲ့ လေယာဉ်မယ်လေးတွေရဲ့ ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက်ပါတယ််။
Photo – Air Asia
Source : Yuyalay