Credit : သာမာန်​ရဟန်း
(Unicode Version)
သင်္ကြန်အတွင်းမှာ အန္တရာယ်​ ကင်​းရှင်​းကြပါ​စေလို့ မေတ္တာပို့လိုက်တဲ့ ဆရာလေး
သင်္ကြန်​အတွင်​းမှာ လူ​တွေ ကျွန်​မ မျက်​စိ​ရှေ့မှာ ဆိုင်​ကယ်​တိုက်​ ကားတိုက်​ မူးရူး​ပြီး ရန်ဖြစ် သတ်ဖြတ်လို ့ ​​​​သေသွားကြတာ များခဲ့ပြီ။
​သေခြင်​းတရားက အ​ကြောင်​းတရား​တွေ အများကြီး ရှိတယ်။ အ​ကြောင်​းအမျိုးမျိုး​ကြောင်​့ ​သေသွားနိုင်​တယ်​။ သင်္ကြန်​အတွင်​းမှာ ကျွန်မ မ​သေနိုင်​ဘူးလို ့ဘယ်​သူမှ အာမမခံနိုင်​ဘူး မ​ပြောနိုင်​ဘူး။ ​
ပျော်​​ပျော်​​နေပြီး ​သေသွားမယ်​့အစား ​အေး​အေးချမ်​းချမ်​း​လေး ​သေသွားချင်​တယ်​။ လူ ့ဘဝက ရခဲတယ်​။ သီလရှင်​ဘဝ ရဖို့လည်​း ခဲယဉ်​းတယ်​။
သင်္ကြန်​ဆိုတာ အမှန်​​တော့ ဘာမှမဟုတ်​ဘူး။ ကုသိုလ်​မရတဲ့အပြင်​ အကုသိုလ်​​တွေနှင်​့ အချိန်​ကုန်​ သွားတာပဲများတယ်​။ သင်္ကြန်​အတွင်​း ၄ ရက်​ ၅ ရက်​ဆိုတာ ဘာမှမကြာဘူး ခဏ​လေးပဲ။
အဲဒီ ၅ ရက်​အတွင်​းမှာ ကုသိုလ်​ယူပြီး အချိန်​ကုန်​မှာလား။ အကုသိုလ်​ယူပြီး အချိန်ကုန်​မှာလားလို ့ကျွန်မကိုယ်​ ကျွန်မ ​​​မေးပြီး ဆုံးဖြတ်​ချက်​ ချလိုက်​ပြီ။
သင်္ကြန်​ အတွင်​းမှာ ​ပျော်​ကြမယ်​့ သတ္တဝါအားလုံးလည်​း ကျန်​းမာ ချမ်​းသာ ​ဘေးရန်​ အန္တရာယ်​ကင်​းရှင်​းကြပါ​စေလို ့​တောင်​းဆု​ချွေရင်​း။
Credit : သာမာန်​ရဟန်​း