ဘာေၾကာင္ ခုတ္တာလဲလို ေမးၾကည့္ေတာ့ တစ္ပင္ကို က်ပ္တစ္ေသာင္းနဲ တရုတ္ျပည္ဘက္က ဝယ္ယူေနတယ္လို႔ သိရိွရပါတယ္

ဘာေၾကာင္ ခုတ္တာလဲလို ေမးၾကည့္ပါတယ္ တစ္ပင္ကို က်ပ္တစ္ေသာင္းနဲ တရုတ္ျပည္ဘက္က ဝယ္ယူေနတယ္လို႔ သိရိွရပါတယ္

“ေတာ္ဝင္ထန္းနဲ႔ ဒို႔ျမန္မာျပည္”

ဘာေၾကာင္ ခုတ္တာလဲလို ေမးၾကည့္ပါတယ္။ တစ္ပင္ကို က်ပ္တစ္ေသာင္းနဲ တရုတ္ျပည္ဘက္က ဝယ္ယူေနတယ္လို႔ သိရိွရပါတယ္။ ရြာသားတစ္ေယာက္က ပြဲစားလုပ္ၿပီး အပင္ ၅၀၀၀၀ ကို စာခ်ဳပ္ခ်ဳပ္ထားေၾကာင္း၊ သိရိွရပါတယ္။ US ၇ ေဒၚလာေက်ာ္ေက်ာ္နဲ ကြ်န္မတို႔ ျမန္မာျပည္ရဲ ထန္းပင္ အကုန္လံုးကို ကြ်န္မတိုေတြမွ မကာကြယ္ရင္ ကုန္သြားမွာကို သိပ္ကို ပူပန္မိပါတယ္။

ျမန္မာ့ အဖိုးတန္ သယံဇာတ သစ္ေတာဥပေဒ ကလည္း ထန္းပင္ကို ကာကြယ္ဖို႔ ဥပေဒမရိွေသးဘူးလို ၾကားမိပါတယ္။ ျမန္မာ့ကၽြန္း ကိုကာကြယ္ထားတဲ ဥပေဒေတြေတာ ရိွပါတယ္။ ဒီ “ထန္းေတာ” ေတြ မပါရင္ အညာအလွလည္း မရိွႏိုင္ပါဘူး၊ ပုဂံအလွေတြလည္း မျပည့္စံုႏိုင္ပါဘူးလို ကြ်န္မထင္ပါတယ္။

ႏိုင္ငံတစ္ခုရဲ ေဟာ္တယ္ႏွင့္ ခရီးသြား လုပ္ငန္းကေနရတဲ့ ဝင္ေငြဟာ မေသးပါဘူးရွင္။ ေဟာ္တယ္ခရီးသြားလုပ္ငန္း ဝင္ေငြဟာ တိုင္းႏိုင္ငံရဲ႕ အဓိကက်တဲ့ ဝင္ေငြတစ္ခုပါလို႔ သိရပါတယ္။ ကြ်န္မက ထန္းေတာေတြကို ထိန္းသိမ္းေစခ်င္ပါတယ္။

ဥပေဒ တစ္ခုျပဌန္းဖို႔ ေစာင့္ေနတဲ့ အခ်ိန္မွာဘဲ တျပည္လံုးရဲ႕ ထန္းေတာေတြ ကုန္သြားႏိုင္ပါတယ္။ ကြ်န္မကေတာ့ ထန္းပင္ေတြကို သဇင္ပန္းကို ေခၚသလို ေတာ္ဝင္ထန္းလို႔ ဆိုခ်င္ပါတယ္။ ကြ်န္မ အသက္က ႀကီးပါၿပီ။ ကြ်န္မတို႔က ကိုယ့္အေရး မဟုတ္ဘူးဆိုၿပီး လက္ပိုက္ၾကည့္ေနၾကရင္ ကြ်န္မတို႔ ေျမးေတြ လက္ထက္မွာ အညာေျမကို လြင္ထီးေခါင္ေခါင္ ျမင္ရမွာပါရွင္။ လယ္ကြင္းေတြနဲ႔ထန္းေတာေတြကလည္း ျမန္မာ့အလွ အညာေျမကို ပိုၿပီး ျပည့္စံုေစပါတယ္ရွင္။ ပုဂံ ေဒသကိုလည္း ပိုၿပီး ဆြဲေဆာင္ေစပါတယ္။

က်န္တဲ့ ထန္းေတြနဲဲ႔ေဝ ေဒသေတာ္ေတာ္မ်ားမ်ား အတြက္လည္း ရင္ေလးမိပါတယ္ရွင္။ ပန္းခ်ီဆရာေတြရဲ႕ ခံစားစရာ ကုန္ၾကမ္းေတြလည္း ေပ်ာက္ကုန္မွာပါရွင္။ ေတာ္ဝင္ထန္းပင္ေတြ ထန္းေတာေတြကို ကြ်န္မတို႔ေတြ အားလံုး ပါဝင္ ထိမ္းသိမ္းၾကဖို႔ လိုေနပါၿပီရွင္။ သူတို ခုတ္ထားတဲ အပင္တစ္ပင္ျဖစ္ေအာင္ ၁၀ ႏွစ္ ကေန ၁၅ ႏွစ္ခန္ အခ်ိန္ေပးရတယ္လိုလည္း သိရပါတယ္။

ေက်းဇူးပါ။ ဆက္ေရးပါအံုးမည္။ အားေပးၾကပါေနာ္။ ေက်ာက္ပန္းေတာင္းက ဦဇင္းနဲ႔လည္း ကြ်န္မ သႀကၤန္ၿပီးရင္ေတာ့ ထပ္ေတြ႕ပါဦးမယ္။

Source : Poe Phyu’s Facebook

(Unicode Version)

ဘာကြောင် ခုတ်တာလဲလို မေးကြည့်ပါတယ် တစ်ပင်ကို ကျပ်တစ်သောင်းနဲ တရုတ်ပြည်ဘက်က ဝယ်ယူနေတယ်လို့ သိရှိရပါတယ်

“တော်ဝင်ထန်းနဲ့ ဒို့မြန်မာပြည်”

ဘာကြောင် ခုတ်တာလဲလို မေးကြည့်ပါတယ်။ တစ်ပင်ကို ကျပ်တစ်သောင်းနဲ တရုတ်ပြည်ဘက်က ဝယ်ယူနေတယ်လို့ သိရှိရပါတယ်။ ရွာသားတစ်ယောက်က ပွဲစားလုပ်ပြီး အပင် ၅၀၀၀၀ ကို စာချုပ်ချုပ်ထားကြောင်း၊ သိရှိရပါတယ်။ US ၇ ဒေါ်လာကျော်ကျော်နဲ ကျွန်မတို့ မြန်မာပြည်ရဲ ထန်းပင် အကုန်လုံးကို ကျွန်မတိုတွေမှ မကာကွယ်ရင် ကုန်သွားမှာကို သိပ်ကို ပူပန်မိပါတယ်။

မြန်မာ့ အဖိုးတန် သယံဇာတ သစ်တောဥပဒေ ကလည်း ထန်းပင်ကို ကာကွယ်ဖို့ ဥပဒေမရှိသေးဘူးလို ကြားမိပါတယ်။ မြန်မာ့ကျွန်း ကိုကာကွယ်ထားတဲ ဥပဒေတွေတော ရှိပါတယ်။ ဒီ “ထန်းတော” တွေ မပါရင် အညာအလှလည်း မရှိနိုင်ပါဘူး၊ ပုဂံအလှတွေလည်း မပြည့်စုံနိုင်ပါဘူးလို ကျွန်မထင်ပါတယ်။

နိုင်ငံတစ်ခုရဲ ဟော်တယ်နှင့် ခရီးသွား လုပ်ငန်းကနေရတဲ့ ဝင်ငွေဟာ မသေးပါဘူးရှင်။ ဟော်တယ်ခရီးသွားလုပ်ငန်း ဝင်ငွေဟာ တိုင်းနိုင်ငံရဲ့ အဓိကကျတဲ့ ဝင်ငွေတစ်ခုပါလို့ သိရပါတယ်။ ကျွန်မက ထန်းတောတွေကို ထိန်းသိမ်းစေချင်ပါတယ်။

ဥပဒေ တစ်ခုပြဌန်းဖို့ စောင့်နေတဲ့ အချိန်မှာဘဲ တပြည်လုံးရဲ့ ထန်းတောတွေ ကုန်သွားနိုင်ပါတယ်။ ကျွန်မကတော့ ထန်းပင်တွေကို သဇင်ပန်းကို ခေါ်သလို တော်ဝင်ထန်းလို့ ဆိုချင်ပါတယ်။ ကျွန်မ အသက်က ကြီးပါပြီ။ ကျွန်မတို့က ကိုယ့်အရေး မဟုတ်ဘူးဆိုပြီး လက်ပိုက်ကြည့်နေကြရင် ကျွန်မတို့ မြေးတွေ လက်ထက်မှာ အညာမြေကို လွင်ထီးခေါင်ခေါင် မြင်ရမှာပါရှင်။ လယ်ကွင်းတွေနဲ့ထန်းတောတွေကလည်း မြန်မာ့အလှ အညာမြေကို ပိုပြီး ပြည့်စုံစေပါတယ်ရှင်။ ပုဂံ ဒေသကိုလည်း ပိုပြီး ဆွဲဆောင်စေပါတယ်။

ကျန်တဲ့ ထန်းတွေနဲဲ့ဝေ ဒေသတော်တော်များများ အတွက်လည်း ရင်လေးမိပါတယ်ရှင်။ ပန်းချီဆရာတွေရဲ့ ခံစားစရာ ကုန်ကြမ်းတွေလည်း ပျောက်ကုန်မှာပါရှင်။ တော်ဝင်ထန်းပင်တွေ ထန်းတောတွေကို ကျွန်မတို့တွေ အားလုံး ပါဝင် ထိမ်းသိမ်းကြဖို့ လိုနေပါပြီရှင်။ သူတို ခုတ်ထားတဲ အပင်တစ်ပင်ဖြစ်အောင် ၁၀ နှစ် ကနေ ၁၅ နှစ်ခန် အချိန်ပေးရတယ်လိုလည်း သိရပါတယ်။

ကျေးဇူးပါ။ ဆက်ရေးပါအုံးမည်။ အားပေးကြပါနော်။ ကျောက်ပန်းတောင်းက ဦဇင်းနဲ့လည်း ကျွန်မ သင်္ကြန်ပြီးရင်တော့ ထပ်တွေ့ပါဦးမယ်။

Source : Poe Phyu’s Facebook