ျမန္မာနိုင္ငံမွာ ဗုဒၶဘာသာ မဟုတ္တဲ့ တျခားဘာသာေတြက သံဃာ ၊ သကၤန္း ၊ ရဟန္း စတဲ့ အသုံးႏွုန္း သုံးစြဲတာေတြ မလုပ္ဖို႔ တားျမစ္

ျမန္မာနိုင္ငံမွာ ဗုဒၶဘာသာ မဟုတ္တဲ့ တျခားဘာသာေတြက သံဃာ ၊ သကၤန္း ၊ ရဟန္း စတဲ့ အသုံးႏွုန္း သုံးစြဲတာေတြ မလုပ္ဖို႔ တားျမစ္

ျမန္မာနိုင္ငံမွာ ဗုဒၶဘာသာ မဟုတ္တဲ့ တျခားဘာသာေတြက သံဃာ ၊ သကၤန္း ၊ ရဟန္း စတဲ့ အသုံးႏွုန္း သုံးစြဲတာေတြ မလုပ္ဖို႔ နိုင္ငံေတာ္ သံဃ မဟာနာယက အဖြဲ႕ကေန အေၾကာင္းၾကားစာ တေစာင္ကို သာသနာေရး ဝန္ႀကီးဌာနက တဆင့္ တျခား ဘာသာေရး အဖြဲ႕အစည္း အသီးသီးထံ ေပးပို႔ခဲ့ပါတယ္။

ဒီလို သုံးစြဲျခင္းေၾကာင့္ ဘာသာ တခုနဲ႔ တခုၾကား အျငင္းပြားဖြယ္ ၊ အမုန္းတရား ျဖစ္ဖြယ္ ရွိလာနိုင္ၿပီး ဆိုးက်ိဳး ရွိလာနိုင္တဲ့ အတြက္ သာသနာေရး ၀န္ႀကီးဌာနက ညႇိႏွိုင္းေပးဖို႔ ေဖေဖာ္ဝါရီ ၂၈ ရက္ေန႔က က်င္းပခဲ့တဲ့ သတၱမ အႀကိမ္ နိုင္ငံေတာ္ သံဃ မဟာ နာယက အဖြဲ႕က ၄၇ ပါး စုံညီ အစည္းအေဝးမွာ ဆုံးျဖတ္ခဲ့ၾကတယ္လို႔ ေဖာ္ျပထားပါတယ္။

ကယားျပည္နယ္ဖက္က ခရစ္ယာန္ သင္းအုပ္ဆရာမ်ား ဝတ္စုံ လွူဒါန္းပြဲမွာ သံဃာေတာ္မ်ားလို႔ သုံးစြဲခဲ့ဖူးသလို ၊ စစ္ကိုင္းဖက္က ခရစ္ယာန္ ဘာသာေရး အခမ္းအနား တခုမွာလည္း ရဟန္းခံ ဂုဏ္ျပဳပြဲလို႔ သုံးထားခဲ့ ဖူးေၾကာင္း ဒါနဲ႔ ပတ္သက္လို႔ သံဃာ့ မဟာနာယက အဖြဲ႕က မသုံးသင့္ဘူးလို႔ မိန္႔ၾကားလာတဲ့ အတြက္ အေၾကာင္းၾကားျခင္း ျဖစ္တယ္လို႔ သာသနာေရး ဝန္ႀကီးဌာန သတင္းျပန္ၾကားေရး ဌာနခြဲ ညႊန္ၾကားေရးမွူး ဦးေအာင္ဆန္းဝင္း က ေျပာပါတယ္။

ဒါဟာ ေမတၱာ ရပ္ခံတဲ့ သေဘာသာ ျဖစ္ေၾကာင္း ၊ အရင္ကလည္း ဒါေတြနဲ႔ ပတ္သက္လို႔ ညႊန္ၾကားလႊာေတြ ထုတ္ထားတာ ရွိၿပီးသား ျဖစ္ေၾကာင္းနဲ႔ မလိုက္နာရင္ တည္ဆဲ ဥပေဒအရ အေရးယူသြားမွာ ျဖစ္တယ္လို႔ သူက ဆိုပါတယ္။

တျခား ဘာသာေတြမွာလည္း သူတို႔ နဲ႔ သက္ဆိုင္တဲ့ အသုံးအႏွုန္းေတြ ရွိၾကၿပီး သံဃာ ၊ သကန္း နဲ႔ ရဟန္း ဆိုတဲ့ စကားလုံးေတြက ေထရဝါဒရဲ့ အသုံးအႏွုန္းမို႔ တားျမစ္ရတာ ျဖစ္ေၾကာင္း ဦးေအာင္ဆန္းဝင္း က ေျပာပါတယ္။

Source : ဘီဘီစီျမန္မာပိုင္း

(Unicode Version)

မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ မဟုတ်တဲ့ တခြားဘာသာတွေက သံဃာ ၊ သင်္ကန်း ၊ ရဟန်း စတဲ့ အသုံးနှုန်း သုံးစွဲတာတွေ မလုပ်ဖို့ တားမြစ်

မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ မဟုတ်တဲ့ တခြားဘာသာတွေက သံဃာ ၊ သင်္ကန်း ၊ ရဟန်း စတဲ့ အသုံးနှုန်း သုံးစွဲတာတွေ မလုပ်ဖို့ နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့ကနေ အကြောင်းကြားစာ တစောင်ကို သာသနာရေး ဝန်ကြီးဌာနက တဆင့် တခြား ဘာသာရေး အဖွဲ့အစည်း အသီးသီးထံ ပေးပို့ခဲ့ပါတယ်။

ဒီလို သုံးစွဲခြင်းကြောင့် ဘာသာ တခုနဲ့ တခုကြား အငြင်းပွားဖွယ် ၊ အမုန်းတရား ဖြစ်ဖွယ် ရှိလာနိုင်ပြီး ဆိုးကျိုး ရှိလာနိုင်တဲ့ အတွက် သာသနာရေး ဝန်ကြီးဌာနက ညှိနှိုင်းပေးဖို့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ကျင်းပခဲ့တဲ့ သတ္တမ အကြိမ် နိုင်ငံတော် သံဃ မဟာ နာယက အဖွဲ့က ၄၇ ပါး စုံညီ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

ကယားပြည်နယ်ဖက်က ခရစ်ယာန် သင်းအုပ်ဆရာများ ဝတ်စုံ လှူဒါန်းပွဲမှာ သံဃာတော်များလို့ သုံးစွဲခဲ့ဖူးသလို ၊ စစ်ကိုင်းဖက်က ခရစ်ယာန် ဘာသာရေး အခမ်းအနား တခုမှာလည်း ရဟန်းခံ ဂုဏ်ပြုပွဲလို့ သုံးထားခဲ့ ဖူးကြောင်း ဒါနဲ့ ပတ်သက်လို့ သံဃာ့ မဟာနာယက အဖွဲ့က မသုံးသင့်ဘူးလို့ မိန့်ကြားလာတဲ့ အတွက် အကြောင်းကြားခြင်း ဖြစ်တယ်လို့ သာသနာရေး ဝန်ကြီးဌာန သတင်းပြန်ကြားရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်း က ပြောပါတယ်။

ဒါဟာ မေတ္တာ ရပ်ခံတဲ့ သဘောသာ ဖြစ်ကြောင်း ၊ အရင်ကလည်း ဒါတွေနဲ့ ပတ်သက်လို့ ညွှန်ကြားလွှာတွေ ထုတ်ထားတာ ရှိပြီးသား ဖြစ်ကြောင်းနဲ့ မလိုက်နာရင် တည်ဆဲ ဥပဒေအရ အရေးယူသွားမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

တခြား ဘာသာတွေမှာလည်း သူတို့ နဲ့ သက်ဆိုင်တဲ့ အသုံးအနှုန်းတွေ ရှိကြပြီး သံဃာ ၊ သကန်း နဲ့ ရဟန်း ဆိုတဲ့ စကားလုံးတွေက ထေရဝါဒရဲ့ အသုံးအနှုန်းမို့ တားမြစ်ရတာ ဖြစ်ကြောင်း ဦးအောင်ဆန်းဝင်း က ပြောပါတယ်။

Source : ဘီဘီစီမြန်မာပိုင်း