သင္မသိေသးတဲ့ သႀကၤန္အတာအိုး အေၾကာင္း

အတာအိုး ဆိုတာ သၾကၤန္တြင္းမွာ သိၾကားမင္းက လူ႕ျပည္ကို ဆင္းလာတယ္လို႔ အယူရွိတယ္ ။ အဲ့ဒီ အခ်ိန္မွာ သိၾကားမင္းကို ၾကိဳတာေပါ့ ။ အဲ့ဒီ အခ်ိန္ အတြင္းမွာ မေကာင္းမႈ တတ္ႏိုင္သမွ် မလုပ္ဘဲ ေကာင္းမႈ ကုသိုလ္နဲ႔ပဲ ေမြ႕ေလ်ာ္ ၾကပါတယ္ ။ အတာအိုးနဲ႔ အတူ အတာပန္း ဆိုတာရွိတယ္ ။ အတာပန္းေတြကေတာ့ ေန႔ ၇ ေန႔ကို ကိုယ္စားျပဳတဲ့ ၇ ေန႔ နံပန္းနဲ႔ပါ ။

ခေရ ၁ ညြန္ု႔ / သီး ၁ ညြန္႔ / အုန္း ၁ ညြန္႔ / ထန္း ၁ ညြန္႔ / မာလကာ ၁ ညြန္႔ / တမာ နည္းနည္း / ေျမဇာ နည္းနည္း

တစ္ခ်ိဳ႕ကလဲ ပတ္၀န္းက်င္ကို မူတည္ျပီး ဒန္း၊ ဇီး ၊ စသည္ျဖင့္ ထည့္ၾကတယ္။ သၾကၤန္ ၄ရက္လံုး အတာအိုးနဲ ႔ၾကိဳပီး ႏွစ္ဆန္းတစ္ရက္ေန႔ ေရာက္ေတာ့ သဲျဖဴ၊ ခ်ည္ၾကိဳးေတြ ထပ္ျဖည့္ျပီး အႏၱရာယ္ကင္း ပရိတ္ ရြတ္ၾကတဲ့အခါ “အတာအိုး” နဲ႔ “အတာပန္း” ကေန “ပရိတ္အိုး” နဲ႔ “ပရိတ္ပန္း” အျဖစ္ အသြင္ ကူးေျပာင္းပီး မိမ္တို႔ အိမ္ ပတ္ပတ္လည္မွာ “ပရိတ္ပန္း” “ပရိတ္သဲ” ေတြနဲ႔ ကာရံျပီး အႏၱရာယ္ကင္းေအာင္ လုပ္တယ္လို႔ အယူရွိတယ္။

ဒီေဆာင္းပါးေလးမွာ ေျပာခ်င္တာက သႀကၤန္ကာလမွာ သိၾကားမင္း လူ႕ျပည္ကို ဆင္း/မဆင္း ဆိုတဲ႔ ကိစၥေလးပါ ။ လူေတာ္ေတာ္ မ်ားမ်ား သႀကၤန္တြင္းမွာ သိၾကားမင္း လူ႔ျပည္ကို ဆင္းၿပီး “ေခြးသားေရ ပုရပိုဒ္ ” နဲ႕ မေကာင္းမႈ က်ဴးလြန္သူေတြကို မွတ္တမ္း တင္ေလ႔ ရွိတယ္လို႕ ဆိုၾကပါတယ္ ။ ဒါ တကယ္ ဟုတ္ပါရဲ႕လား။

သႀကၤန္စာ လည္ေရာင္းတဲ႔ သူေတြကလည္း “ဒီႏွစ္မွာ သိၾကားမင္း ကၽြဲစီး ဆင္းမယ္” “ဘီလူးစီး ဆင္းမယ္” စသည္ျဖင့္ ေအာင္ဟစ္ ေရာင္းခ် ေလ့ ႔ရွိပါတယ္။ ကာတြန္းေတြ ထဲမွာလည္း သိၾကားမင္း လူ႔ျပည္ဆင္းတဲ႕ ဟာသ ကာတြန္းေတြကို အၿမဲလို ေတြ႕ေနၾကေတာ႔ တကယ္ဘဲ သိၾကားမင္း လူ႔ျပည္ ဆင္းသလားေပါ႕ ။ ထင္ၾကမွာဘဲေလ ။ သာမန္ လူေတြ ကေတာ႔ ထားပါေတာ႔ေလ ။ ျမန္မာႏိုင္ငံမွာ နာမည္ အႀကီးဆံုးလို႕ ဆိုေလာက္တဲ႕ ေဗဒင္ပညာရွင္ တစ္ဦးက အင္တာဗ်ဳး တစ္ခုမွာ ဒီလို ေျပာထားသဗ်။

“အခုႏွစ္ သႀကၤန္စာမွာ သိၾကားမင္းက ကၽြဲစီးၿပီး ဆင္းလာမယ္၊ လက္တဘက္က ေရအုိးနဲ႔ ေနာက္ လက္တဘက္က ပန္းကုိင္ၿပီး ဆင္း လာမယ္” လို႔ ေရးထား သဗ်။ “ထူးေထြသည့္ အံ႔ရာေသာ္” လို႕သာဆုိ ခ်င္ေတာ႔ တာပါဘဲဗ်ာ။

တကယ္ေတာ႔ သႀကၤန္စာ ထဲမွာပါတဲ႕ “အခၽြန္အတက္ေတြ ပါတဲ႔ ဦးထုပ္ႀကီး ေဆာင္းထားၿပီး နတ္၀တ္ တန္းဆာေတြ ဆင္ယင္ထားသူ ပုဂၢိဳလ္ဟာ “သိၾကာမင္း” မဟုတ္ပါဘူး။ “တနဂၤေႏြၿဂိဳဟ္မင္း”သာ ျဖစ္ပါတယ္။ တနဂၤေႏြၿဂိဳဟ္မင္းဆိုတာ တျခားဟုတ္ပါ႐ိုးလားဗ်ာ။ “ဘာဏုရာဇာ” လို႕ေခၚတဲ႕ “ေနမင္းႀကီး” ပါဘဲ။

ေရွးေခတ္ နကၡတ္ ပညာရွင္ေတြဟာ “တနဂၤေႏြ ၊ တနလၤာ ၊ အဂၤါ . . အစရွိတဲ႔ ေကာင္းကင္က ၿဂိဳဟ္ေတြဟာ “နတ္ေဒ၀တာေတြ” လည္း ျဖစ္တယ္လုိ႕ ယူဆ ခဲ႔ဖူးတာမို႕ ယေန႔ေခတ္ထိေအာင္ ဒီအယူအဆရဲ႕ အေငြ႕အသက္ အျဖစ္ က်န္ရစ္ ေနပါေသးတယ္ ။ ဒါေၾကာင့္မို႕ ေနမင္းႀကီး ကို နတ္တစ္ပါး အသြင္ ေဆာင္ယူကာ သႀကၤန္စာ ထဲမွာ သ႐ုပ္ ေဖၚထားတာ ျဖစ္ပါတယ္ ။ က်န္တဲ ႔သူေတြ မသိတာ ထားပါ ။ ေဗဒင္ပညာရွင္ တစ္ေယာက္ ကေတာ႕ ဒါကို သိသင့္တယ္လို႕ ထင္ပါတယ္။

တနဂၤေႏြ ၿဂိဳဟ္မင္းဟာ ႏွစ္စဥ္ ဧၿပီလ (၁၆)ရက္ ၀န္းက်င္မွာ “မိန္ရာသီ” ကေန “မိႆရာသီ” ကို ကူးေျပာင္း ေရာက္ရွိ ပါတယ္။ အဲဒီေန႔ဟာ ျမန္မာ သႀကၤန္ အတက္ေန႔ ျဖစ္ပါတယ္။ ဒီလို တနဂၤေႏြၿဂိဳဟ္ မင္းႀကီးဟာ တစ္ရာသီကေန တစ္ရာသီကို ကူးေျပာင္း ေရာက္ရွိ သြားတာ (တက္သြားတာကိုဘဲ) သိၾကား မင္းႀကီး ေကာင္းကင္ေပၚ ျပန္တက္သြားတယ္ လုပ္ၾကျပန္ ပါေလေရာ။

အဲဒီေန႔ အတက္ေန႔ကိုဘဲ “အတာ,စားတယ္” ဆိုၿပီး အတာအိုး ထိုးၾကတဲ႔ ဓေလ႔ ကလည္း ဘယ္ေခတ္ ဘယ္အခါက ေပၚလာတယ္ မေျပာတတ္ပါဘူး။ အတာ စားတဲ႔ ေန႕သား (ယခုႏွစ္ဆိုလွ်င္ ေသာၾကာသား) က်န္းမာေရး မေကာင္း တတ္ဘူး ၊ ကံညံ့တယ္လို႕ ယူဆ ၾကတာကိုလည္း ကၽြန္ေတာ္ လက္ေတြ႕ ေလ႕လာ ၾကည့္ေတာ႔လည္း သိပ္မမွန္ လွပါဘူး ။ တိုက္ဆိုင္တာေလးေတြ ရွိတတ္ ေပမယ့္ အဓိကက လူတစ္ဦးျခင္းရဲ႕ ကံဇာတာနဲ႕ဘဲ ပိုဆိုင္ပါတယ္။

ဒီလို ကာလရွည္ၾကာစြာ အမွတ္ မွားလာခဲ ႔ၾကေတာ႔ ေနာက္ဆံုး ဒါကဘဲ အမွန္တရားလို ျဖစ္လာပါတယ္ ။ ေျပာရရင္ေတာ႔ သိၾကားမင္း ဘဲျဖစ္ျဖစ္၊ တနဂၤေႏြၿဂိဳဟ္မင္းဘဲ ျဖစ္ျဖစ္ သိပ္ေတာ႔လည္း မေရးမႀကီးလွပါဘူး။ သူ႕ဟာသူ ဘာႀကီးဘဲ ဆင္းဆင္း ကိုယ္နဲ႕ အေနသာ ႀကီးပါ။ ဒါေပမယ့္ အမွန္တရားေလးကို သိေစခ်င္တဲ႔ ဆႏၵေလးပါဘဲ။

ေနာက္တစ္ခုက ဗုဒၶဘာသာ က်မ္းစာေတြ အရ လူ႔ျပည္ နဲ႕ နတ္ျပည္ အခ်ိန္ ကာလ ကြာျခားမႈ အလြန္ႀကီးမားပါတယ္။ နတ္ျပည္ (၆)ထပ္ရဲ႕ ေအာက္ဆံုး ဘံုျဖစ္တဲ႔ “စတုမဟာရာဇ္”ဘံုမွာေတာင္မွ သူတို႕ တစ္ရက္က လူ႕ျပည္အႏွစ္(၅၀)နဲ႕ ညီမွ် တယ္တဲ႕ ။ တာ၀တိ ံသာ ဆိုရင္ေတာ့မေျပာနဲ႕ေတာ့။

ဒီေတာ့လူ႕ျပည္မွာ သႀကၤန္အက်ေန႕ ကေန အတက္ေန႕ အထိ (၃-၄)ရက္ ကာလေလးမွာ တစ္ႏွစ္ တစ္ခါ လူ႕ျပည္ကို ဆင္းေန ရရင္ သိၾကားမင္းခမ်ာ လူ႕ျပည္က ျပန္တက္ သြားလိုက္ ၊ တေအာင့္ေလာက္ေနေတာ႔ တစ္ႏွစ္ ျပည့္သြားလို႕ ျပန္ဆင္း လာလိုက္ နဲ႕ “ပလႅင္ေပၚက ေမ်ာက္ကေလး၊ ဆင္းတက္လို ႕ေျပး၊ ဂ်ာေအး” ဆိုတာလို ျဖစ္ေနမယ္ ထင္ပါတယ္။

သိၾကားမင္းႀကီး ချမာ အခု တက္လိုက္/အခုဆင္းလိုက္- အခုတက္လိုက္/အခုဆင္းလိုက္နဲ႕ သူ႕ရဲ႕ စည္းစိမ္ကိုေတာင္မွ မခံစားရဘဲ လူ႔ျပည္နဲ႕ နတ္ျပည္ၾကားမွာ “ဂ်ာေအးသူ႕အေမ႐ိုက္” ျဖစ္ေနမွာကို ျမင္ေယာင္မိပါေသးသဗ်ာ။

ဒီေတာ႔ သႀကၤန္တြင္း သိၾကာမင္း လူ႔ျပည္ဆင္းတယ္ဆိုတာ ဟုတ္ႏိုင္မဟုတ္ႏိုင္ စဥ္းစားၾကည့္ၾကေပါ႕ဗ်ာ ။ ေရပက္ခံကား တစ္စီးစီး ေပၚမွာမ်ား သိၾကားမင္းႀကီး “အိုးေလး လႈပ္ပါေဟ႕ အိုးေလးလႈပ္ပါေဟ႕ သီခ်င္းဆိုၿပီး “ကဲ” ေနတာကို မ်က္၀ါး ထင္ထင္ ေတြ႕တဲ႕ လူမ်ား ရွိၾကရင္ ကၽြန္ေတာ္႔ဆီ အေၾကာင္းၾကားၾကပါဦး။

ႏွစ္ေဟာင္းကုန္ ႏွစ္သစ္ကူးခ်ိန္မွာ ရယ္ေမာေပ်ာ္ရႊင္ႏိုင္ၾကပါေစ။

Credit : ေဒါက္တာတင္ဗိုလ္ဗိုလ္

(Unicode Version)

သင်မသိသေးတဲ့ သင်္ကြန်အတာအိုး အကြောင်း

အတာအိုး ဆိုတာ သင်္ကြန်တွင်းမှာ သိကြားမင်းက လူ့ပြည်ကို ဆင်းလာတယ်လို့ အယူရှိတယ် ။ အဲ့ဒီ အချိန်မှာ သိကြားမင်းကို ကြိုတာပေါ့ ။ အဲ့ဒီ အချိန် အတွင်းမှာ မကောင်းမှု တတ်နိုင်သမျှ မလုပ်ဘဲ ကောင်းမှု ကုသိုလ်နဲ့ပဲ မွေ့လျော် ကြပါတယ် ။ အတာအိုးနဲ့ အတူ အတာပန်း ဆိုတာရှိတယ် ။ အတာပန်းတွေကတော့ နေ့ ၇ နေ့ကို ကိုယ်စားပြုတဲ့ ၇ နေ့ နံပန်းနဲ့ပါ ။

ခရေ ၁ ညွန်ု့ / သီး ၁ ညွန့် / အုန်း ၁ ညွန့် / ထန်း ၁ ညွန့် / မာလကာ ၁ ညွန့် / တမာ နည်းနည်း / မြေဇာ နည်းနည်း

တစ်ချို့ကလဲ ပတ်ဝန်းကျင်ကို မူတည်ပြီး ဒန်း၊ ဇီး ၊ စသည်ဖြင့် ထည့်ကြတယ်။ သင်္ကြန် ၄ရက်လုံး အတာအိုးနဲ ့ကြိုပီး နှစ်ဆန်းတစ်ရက်နေ့ ရောက်တော့ သဲဖြူ၊ ချည်ကြိုးတွေ ထပ်ဖြည့်ပြီး အန္တရာယ်ကင်း ပရိတ် ရွတ်ကြတဲ့အခါ “အတာအိုး” နဲ့ “အတာပန်း” ကနေ “ပရိတ်အိုး” နဲ့ “ပရိတ်ပန်း” အဖြစ် အသွင် ကူးပြောင်းပီး မိမ်တို့ အိမ် ပတ်ပတ်လည်မှာ “ပရိတ်ပန်း” “ပရိတ်သဲ” တွေနဲ့ ကာရံပြီး အန္တရာယ်ကင်းအောင် လုပ်တယ်လို့ အယူရှိတယ်။

ဒီဆောင်းပါးလေးမှာ ပြောချင်တာက သင်္ကြန်ကာလမှာ သိကြားမင်း လူ့ပြည်ကို ဆင်း/မဆင်း ဆိုတဲ့ ကိစ္စလေးပါ ။ လူတော်တော် များများ သင်္ကြန်တွင်းမှာ သိကြားမင်း လူ့ပြည်ကို ဆင်းပြီး “ခွေးသားရေ ပုရပိုဒ် ” နဲ့ မကောင်းမှု ကျူးလွန်သူတွေကို မှတ်တမ်း တင်လေ့ ရှိတယ်လို့ ဆိုကြပါတယ် ။ ဒါ တကယ် ဟုတ်ပါရဲ့လား။

သင်္ကြန်စာ လည်ရောင်းတဲ့ သူတွေကလည်း “ဒီနှစ်မှာ သိကြားမင်း ကျွဲစီး ဆင်းမယ်” “ဘီလူးစီး ဆင်းမယ်” စသည်ဖြင့် အောင်ဟစ် ရောင်းချ လေ့ ့ရှိပါတယ်။ ကာတွန်းတွေ ထဲမှာလည်း သိကြားမင်း လူ့ပြည်ဆင်းတဲ့ ဟာသ ကာတွန်းတွေကို အမြဲလို တွေ့နေကြတော့ တကယ်ဘဲ သိကြားမင်း လူ့ပြည် ဆင်းသလားပေါ့ ။ ထင်ကြမှာဘဲလေ ။ သာမန် လူတွေ ကတော့ ထားပါတော့လေ ။ မြန်မာနိုင်ငံမှာ နာမည် အကြီးဆုံးလို့ ဆိုလောက်တဲ့ ဗေဒင်ပညာရှင် တစ်ဦးက အင်တာဗျုး တစ်ခုမှာ ဒီလို ပြောထားသဗျ။

“အခုနှစ် သင်္ကြန်စာမှာ သိကြားမင်းက ကျွဲစီးပြီး ဆင်းလာမယ်၊ လက်တဘက်က ရေအိုးနဲ့ နောက် လက်တဘက်က ပန်းကိုင်ပြီး ဆင်း လာမယ်” လို့ ရေးထား သဗျ။ “ထူးထွေသည့် အံ့ရာသော်” လို့သာဆို ချင်တော့ တာပါဘဲဗျာ။

တကယ်တော့ သင်္ကြန်စာ ထဲမှာပါတဲ့ “အချွန်အတက်တွေ ပါတဲ့ ဦးထုပ်ကြီး ဆောင်းထားပြီး နတ်ဝတ် တန်းဆာတွေ ဆင်ယင်ထားသူ ပုဂ္ဂိုလ်ဟာ “သိကြာမင်း” မဟုတ်ပါဘူး။ “တနင်္ဂနွေဂြိုဟ်မင်း”သာ ဖြစ်ပါတယ်။ တနင်္ဂနွေဂြိုဟ်မင်းဆိုတာ တခြားဟုတ်ပါရိုးလားဗျာ။ “ဘာဏုရာဇာ” လို့ခေါ်တဲ့ “နေမင်းကြီး” ပါဘဲ။

ရှေးခေတ် နက္ခတ် ပညာရှင်တွေဟာ “တနင်္ဂနွေ ၊ တနင်္လာ ၊ အင်္ဂါ . . အစရှိတဲ့ ကောင်းကင်က ဂြိုဟ်တွေဟာ “နတ်ဒေဝတာတွေ” လည်း ဖြစ်တယ်လို့ ယူဆ ခဲ့ဖူးတာမို့ ယနေ့ခေတ်ထိအောင် ဒီအယူအဆရဲ့ အငွေ့အသက် အဖြစ် ကျန်ရစ် နေပါသေးတယ် ။ ဒါကြောင့်မို့ နေမင်းကြီး ကို နတ်တစ်ပါး အသွင် ဆောင်ယူကာ သင်္ကြန်စာ ထဲမှာ သရုပ် ဖေါ်ထားတာ ဖြစ်ပါတယ် ။ ကျန်တဲ ့သူတွေ မသိတာ ထားပါ ။ ဗေဒင်ပညာရှင် တစ်ယောက် ကတော့ ဒါကို သိသင့်တယ်လို့ ထင်ပါတယ်။

တနင်္ဂနွေ ဂြိုဟ်မင်းဟာ နှစ်စဉ် ဧပြီလ (၁၆)ရက် ဝန်းကျင်မှာ “မိန်ရာသီ” ကနေ “မိဿရာသီ” ကို ကူးပြောင်း ရောက်ရှိ ပါတယ်။ အဲဒီနေ့ဟာ မြန်မာ သင်္ကြန် အတက်နေ့ ဖြစ်ပါတယ်။ ဒီလို တနင်္ဂနွေဂြိုဟ် မင်းကြီးဟာ တစ်ရာသီကနေ တစ်ရာသီကို ကူးပြောင်း ရောက်ရှိ သွားတာ (တက်သွားတာကိုဘဲ) သိကြား မင်းကြီး ကောင်းကင်ပေါ် ပြန်တက်သွားတယ် လုပ်ကြပြန် ပါလေရော။

အဲဒီနေ့ အတက်နေ့ကိုဘဲ “အတာ,စားတယ်” ဆိုပြီး အတာအိုး ထိုးကြတဲ့ ဓလေ့ ကလည်း ဘယ်ခေတ် ဘယ်အခါက ပေါ်လာတယ် မပြောတတ်ပါဘူး။ အတာ စားတဲ့ နေ့သား (ယခုနှစ်ဆိုလျှင် သောကြာသား) ကျန်းမာရေး မကောင်း တတ်ဘူး ၊ ကံညံ့တယ်လို့ ယူဆ ကြတာကိုလည်း ကျွန်တော် လက်တွေ့ လေ့လာ ကြည့်တော့လည်း သိပ်မမှန် လှပါဘူး ။ တိုက်ဆိုင်တာလေးတွေ ရှိတတ် ပေမယ့် အဓိကက လူတစ်ဦးခြင်းရဲ့ ကံဇာတာနဲ့ဘဲ ပိုဆိုင်ပါတယ်။

ဒီလို ကာလရှည်ကြာစွာ အမှတ် မှားလာခဲ ့ကြတော့ နောက်ဆုံး ဒါကဘဲ အမှန်တရားလို ဖြစ်လာပါတယ် ။ ပြောရရင်တော့ သိကြားမင်း ဘဲဖြစ်ဖြစ်၊ တနင်္ဂနွေဂြိုဟ်မင်းဘဲ ဖြစ်ဖြစ် သိပ်တော့လည်း မရေးမကြီးလှပါဘူး။ သူ့ဟာသူ ဘာကြီးဘဲ ဆင်းဆင်း ကိုယ်နဲ့ အနေသာ ကြီးပါ။ ဒါပေမယ့် အမှန်တရားလေးကို သိစေချင်တဲ့ ဆန္ဒလေးပါဘဲ။

နောက်တစ်ခုက ဗုဒ္ဓဘာသာ ကျမ်းစာတွေ အရ လူ့ပြည် နဲ့ နတ်ပြည် အချိန် ကာလ ကွာခြားမှု အလွန်ကြီးမားပါတယ်။ နတ်ပြည် (၆)ထပ်ရဲ့ အောက်ဆုံး ဘုံဖြစ်တဲ့ “စတုမဟာရာဇ်”ဘုံမှာတောင်မှ သူတို့ တစ်ရက်က လူ့ပြည်အနှစ်(၅၀)နဲ့ ညီမျှ တယ်တဲ့ ။ တာဝတိ ံသာ ဆိုရင်တော့မပြောနဲ့တော့။

ဒီတော့လူ့ပြည်မှာ သင်္ကြန်အကျနေ့ ကနေ အတက်နေ့ အထိ (၃-၄)ရက် ကာလလေးမှာ တစ်နှစ် တစ်ခါ လူ့ပြည်ကို ဆင်းနေ ရရင် သိကြားမင်းခမျာ လူ့ပြည်က ပြန်တက် သွားလိုက် ၊ တအောင့်လောက်နေတော့ တစ်နှစ် ပြည့်သွားလို့ ပြန်ဆင်း လာလိုက် နဲ့ “ပလ္လင်ပေါ်က မျောက်ကလေး၊ ဆင်းတက်လို ့ပြေး၊ ဂျာအေး” ဆိုတာလို ဖြစ်နေမယ် ထင်ပါတယ်။

သိကြားမင်းကြီး ခမြာ အခု တက်လိုက်/အခုဆင်းလိုက်- အခုတက်လိုက်/အခုဆင်းလိုက်နဲ့ သူ့ရဲ့ စည်းစိမ်ကိုတောင်မှ မခံစားရဘဲ လူ့ပြည်နဲ့ နတ်ပြည်ကြားမှာ “ဂျာအေးသူ့အမေရိုက်” ဖြစ်နေမှာကို မြင်ယောင်မိပါသေးသဗျာ။

ဒီတော့ သင်္ကြန်တွင်း သိကြာမင်း လူ့ပြည်ဆင်းတယ်ဆိုတာ ဟုတ်နိုင်မဟုတ်နိုင် စဉ်းစားကြည့်ကြပေါ့ဗျာ ။ ရေပက်ခံကား တစ်စီးစီး ပေါ်မှာများ သိကြားမင်းကြီး “အိုးလေး လှုပ်ပါဟေ့ အိုးလေးလှုပ်ပါဟေ့ သီချင်းဆိုပြီး “ကဲ” နေတာကို မျက်ဝါး ထင်ထင် တွေ့တဲ့ လူများ ရှိကြရင် ကျွန်တော့်ဆီ အကြောင်းကြားကြပါဦး။

နှစ်ဟောင်းကုန် နှစ်သစ်ကူးချိန်မှာ ရယ်မောပျော်ရွှင်နိုင်ကြပါစေ။

Credit : ဒေါက်တာတင်ဗိုလ်ဗိုလ်