







(Unicode Version)

ဥပုသ်စောင့်တဲ့ အမေကြီးကိုမှ ဆိုင်ကယ် တိုက်သွားတယ်တဲ့

ဥပုသ်စောင့်တဲ့ အမေကြီးကိုမှ တိုက်သွားတဲ့ဆိုင်ကယ်

အမေကြီးက နွားထိုးကြီးမြို့နယ်ထဲက ရွာတစ်ရွာကပါ။ ၁၄-၄-၂၀၁၈ မနက် ဥပုသ်စောင့်ပြီး အပြန် ဆိုင်ကယ်​​ တစ်စီးက တိုက်သွားတာကြောင့် မျက်နှာနဲ့ ​မေးရိုးမှာ ဒဏ်ရာတွေ ရသွား ရှာပါတယ်။

အမေကြီး ဒဏ်ရာရပြီး ခင်ပွန်းသည် အဘနဲ့ မန္တလေး ဆေးရုံကြီး ရောက်လာ ရှာပါတယ်။ အဘကလဲ အသက်ကလည်း​ကြီး ဘာမှလဲ မလုပ်တတ်၊ ပိုက်ဆံလဲ မပါခဲ့ တာကြောင့် ကျွန်တော်တို့က လိုက်ပါ ကူညီခဲ့ပြီး ထမင်းပါ ကျွေးခဲ့ပါတယ်။

ဆရာဝန်များက ပြုစုကုသပေးပြီး ရွာပြန်ရန် အတွက် မဏီစာလ အသင်းနဲ့ ချိတ်ဆက် ပေးခဲ့ရာ မဏီစာလ အသင်းမှ အခမဲ့ ပို့ဆောင် ပေးခဲ့ ပါတယ်။

အမေကြီး ၂၅ ရက်နေ့ ဆေးရုံ ပြန်လာပြရန် အတွက် အလှုငွေ ငါးသောင်းကျပ် ပေးလှုခဲ့ပါတယ်။ အလှုရှင်မှာ ကိုစိုင်းသီဟထွန်း + မနှင်းအိခိုင် သား ဇွဲသီဟနိုင် မိသားစု မှ ကွယ်လွန်သူ ဖခင်ကြီး ၃နှစ်ပြည့် ကုသိုလ်အဖြစ် လှူဒါန်းခြင်း ဖြစ်ပါသည်။

ONE TO ONE ပြည်သူ့ ကူညီရေး အဖွဲ့

ကိုဝမ်း ဖုန်း – ၀၉၄၅၆၅၆၇၈၇၈ ( မန္တလေးမြို့ )

Sharing is caring!