သႀကၤန္ အေပ်ာ္လြန္ရာမွ လင္မယားခ်င္း စကားမ်ားျပီး ႀကိဳးဆြဲခ် ေသဆံုးမႈျဖစ္ပြား

ဧရာဝတီတိုင္းေဒသႀကီးဖ်ာပုံခရိုင္အမာျမိဳ႕အမွတ္ (၂) ရပ္ကြက္တြင္ဧျပီလ (၁၄) ရက္ေန႔ ညေန (၆) နာရီ (၄၁) မိနစ္ အခ်ိန္၌ လူတစ္ဦး ဆြဲႀကိဳးခ်ေသဆုံးမႈ ျဖစ္ပြားခဲ႔ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ဧျပီလ (၁၄) ရက္ေန႔ ညေန (၆) နာရီ (၄၁) မိနစ္အခ်ိန္ အမာျမိဳ႕ အမွတ္ (၂) ရပ္ကြက္အုပ္ခ်ဳပ္ေရးမႈးဦးစိုးျမင့္ေအာင္မွ အမွတ္ (၂) ရပ္ကြက္ တတိယလမ္း အေနာက္ဖက္ ေတာထဲတြင္ လူတစ္ဦး ဆြဲႀကိဳးခ်ေသဆုံးေနေၾကာင္း အမာျမိဳ႕နယ္ေျမခံရဲတပ္ဖြဲ႕စခန္းသို႔ အေၾကာင္းၾကားခဲ႔ေသာေၾကာင့္ အမာရဲတပ္ဖြဲ႕စခန္းမွ ဒုရဲအုပ္ ဦးဝင္းမင္းသိန္းနွင့္ ရဲတပ္သား ေဇာ္ဝင္းတို႔ အခင္းျဖစ္ေနရာသို႔ သြားေရာက္ စစ္ေဆးရာ

ေသဆုံုးသူမွာ အမာျမိဳ႕ ေဒးဒလူေက်းရြာအုပ္စု ဘုန္းႀကီးေသာင္ေက်းရြာတြင္ ေနထိုင္သူ ဦးသံေခ်ာင္း ေဒၚပုတု၏ သားေမာင္သန္းလင္းထက္ (၂၂) နွစ္ျဖစ္ေနေၾကာင္း ေတြ႔ရွိရျပီး ဇနီးျဖစ္သူမမိမ်ိဳးနွင့္ အမာျမိဳ႕သို႔ ဇနီး ျဖစ္သူ အမ်ိဳးမ်ား ရွိရာအလည္လာရင္း ယခုကဲ႔သို႔ ေသဆုံးခဲ႔ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

ျဖစ္စဥ္မွာ ေသဆုံးသူနွင့္ ဇနီးျဖစ္သူတို႔ အမာျမိဳ႕ေသာင္ကမ္းေျခသို႔ မနက္ပိုင္းထဲက သြားေရာက္ျပီး သႀကၤန္ေရ ကစားခဲ႔ရာ ေမာင္သန္းလင္းထက္မွ အျခား မိန္းကေလးမ်ားနွင့္ စေနာက္ ေရကစားခဲ႔ရာ ဇနီးျဖစ္သူ မမိမ်ိဳးမွ မႀကိဳက္ေသာေၾကာင့္ ယင္းကိစၥျဖင့္ လင္မယားခ်င္း စကားမ်ားခဲ႔ေၾကာင္း ေသာင္မွအမာျမိဳ႕သို႔ ျပန္ေရာက္ျပီးေနာက္ မမိမ်ိဳးမွ မိမိမႀကိဳက္၍ အေနအထိုင္ဆင္ျခင္ရန္ ေျပာခဲ႔ ေၾကာင္း

မၾကာမီ ေမာင္သန္းလင္းထက္မွ အိမ္အေနာက္ဖက္ ေတာထဲဝင္သြားရာ အခ်ိန္ၾကာေနေသာေၾကာင့္ မမိမ်ိဳးလိုက္သြားရာ သစ္ပင္တြင္ႀကိဳးတန္းလမ္းနွင့္ ေသဆုံး ေနေၾကာင္း ေတြ႔ရေသာေၾကာင့္ အနီးအနားမွ လူမ်ားကို ေအာ္ဟစ္ အကူအညီေတာင္း အေၾကာင္းၾကားခဲ႔ေၾကာင္း သိရသည္။

အမာနယ္ေျမရဲစခန္းမွ ေသမႈေသခင္းျဖစ္စဥ္ အမွတ္ ၆/၂၀၁၈ ျဖင့္ေသဆုံးသူ ေမာင္သန္းလင္းထက္အား အမာျမိဳ႕ တိုက္နယ္ေဆးရံုသို႔ ပို႔ေဆာင္ျပီး ဓမၼတာအတိုင္း ေသဆုံးျခင္း ဟုတ္မဟုတ္ စစ္ေဆးေစကာ အေရးယူ ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

ဝင္းျမင့္ေအာင္ (အမာ)

(Unicode Version)

သင်္ကြန် အပျော်လွန်ရာမှ လင်မယားချင်း စကားများပြီး ကြိုးဆွဲချ သေဆုံးမှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီးဖျာပုံခရိုင်အမာမြို့အမှတ် (၂) ရပ်ကွက်တွင်ဧပြီလ (၁၄) ရက်နေ့ ညနေ (၆) နာရီ (၄၁) မိနစ် အချိန်၌ လူတစ်ဦး ဆွဲကြိုးချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဧပြီလ (၁၄) ရက်နေ့ ညနေ (၆) နာရီ (၄၁) မိနစ်အချိန် အမာမြို့ အမှတ် (၂) ရပ်ကွက်အုပ်ချုပ်ရေးမှုးဦးစိုးမြင့်အောင်မှ အမှတ် (၂) ရပ်ကွက် တတိယလမ်း အနောက်ဖက် တောထဲတွင် လူတစ်ဦး ဆွဲကြိုးချသေဆုံးနေကြောင်း အမာမြို့နယ်မြေခံရဲတပ်ဖွဲ့စခန်းသို့ အကြောင်းကြားခဲ့သောကြောင့် အမာရဲတပ်ဖွဲ့စခန်းမှ ဒုရဲအုပ် ဦးဝင်းမင်းသိန်းနှင့် ရဲတပ်သား ဇော်ဝင်းတို့ အခင်းဖြစ်နေရာသို့ သွားရောက် စစ်ဆေးရာ

သေဆုုံးသူမှာ အမာမြို့ ဒေးဒလူကျေးရွာအုပ်စု ဘုန်းကြီးသောင်ကျေးရွာတွင် နေထိုင်သူ ဦးသံချောင်း ဒေါ်ပုတု၏ သားမောင်သန်းလင်းထက် (၂၂) နှစ်ဖြစ်နေကြောင်း တွေ့ရှိရပြီး ဇနီးဖြစ်သူမမိမျိုးနှင့် အမာမြို့သို့ ဇနီး ဖြစ်သူ အမျိုးများ ရှိရာအလည်လာရင်း ယခုကဲ့သို့ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ သေဆုံးသူနှင့် ဇနီးဖြစ်သူတို့ အမာမြို့သောင်ကမ်းခြေသို့ မနက်ပိုင်းထဲက သွားရောက်ပြီး သင်္ကြန်ရေ ကစားခဲ့ရာ မောင်သန်းလင်းထက်မှ အခြား မိန်းကလေးများနှင့် စနောက် ရေကစားခဲ့ရာ ဇနီးဖြစ်သူ မမိမျိုးမှ မကြိုက်သောကြောင့် ယင်းကိစ္စဖြင့် လင်မယားချင်း စကားများခဲ့ကြောင်း သောင်မှအမာမြို့သို့ ပြန်ရောက်ပြီးနောက် မမိမျိုးမှ မိမိမကြိုက်၍ အနေအထိုင်ဆင်ခြင်ရန် ပြောခဲ့ ကြောင်း

မကြာမီ မောင်သန်းလင်းထက်မှ အိမ်အနောက်ဖက် တောထဲဝင်သွားရာ အချိန်ကြာနေသောကြောင့် မမိမျိုးလိုက်သွားရာ သစ်ပင်တွင်ကြိုးတန်းလမ်းနှင့် သေဆုံး နေကြောင်း တွေ့ရသောကြောင့် အနီးအနားမှ လူများကို အော်ဟစ် အကူအညီတောင်း အကြောင်းကြားခဲ့ကြောင်း သိရသည်။

အမာနယ်မြေရဲစခန်းမှ သေမှုသေခင်းဖြစ်စဉ် အမှတ် ၆/၂၀၁၈ ဖြင့်သေဆုံးသူ မောင်သန်းလင်းထက်အား အမာမြို့ တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးစေကာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဝင်းမြင့်အောင် (အမာ)

Sharing is caring!