အသက္ ၆ ႏွစ္အ႐ြယ္ မိန္းကေလးငယ္ကုိ အဓမၼျပဳက်င့္သူ ဖမ္းမိ

ဧရာဝတီတိုင္းေဒသႀကီး၊ မအူပင္ခ႐ိုင္၊ ပန္းတေနာ္ၿမိဳ႕နယ္၊ က်ံဳတိုင္းႀကီးအုပ္စု၊ ေရႊတန္ခူးငါးေမြးကန္မွာ ျဖစ္ပြားခဲ့တဲ့ အသက္ (၆) ႏွစ္ အရြယ္ မိန္းကေလးငယ္ကို အဓမၼ ျပဳက်င့္ျပီး ထြက္ေျပး တိမ္းေရွာင္သူကို (၂၄) နာရီအတြင္း ဖမ္းမိခဲ့တယ္လို႔ သိရပါတယ္။

ဧျပီ (၁၂) ရက္ ညေနပိုင္းက တရားလို ျဖစ္သူဟာ ရြာထဲမွာ သၾကၤန္ပန္း သြားခူးခ်ိန္မွာ အိမ္မွာထားခဲ့တဲ့ (၆) ႏွစ္အရြယ္ မိန္းကေလးငယ္ကို တစ္ရြာတည္းေနသူ အသက္ (၂၈) ႏွစ္အရြယ္ အမ်ိဳးသားက အဓမၼ ျပဳက်င့္ခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။

ဒီျဖစ္စဥ္နဲ႔ ပတ္သက္ျပီး ဧၿပီ (၁၃) ရက္ မနက္ပိုင္းမွာ သံုးခြနယ္ေျမ ရဲစခန္းကို သြားေရာက္ တိုင္တန္းခဲ့ရာ ျပစ္မႈ က်ဴးလြန္သူကို (၂၄) နာရီ အတြင္း ဖမ္းဆီးႏိုင္ခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။ ဒီသတင္းကို ၀င္းၾကိဳင္ (ေက်ာင္းကုန္း) ေပးပို႔တာ ျဖစ္ပါတယ္။

Source : Central News Bureau

(Unicode Version)

အသက် ၆ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သူ ဖမ်းမိ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ကျုံတိုင်းကြီးအုပ်စု၊ ရွှေတန်ခူးငါးမွေးကန်မှာ ဖြစ်ပွားခဲ့တဲ့ အသက် (၆) နှစ် အရွယ် မိန်းကလေးငယ်ကို အဓမ္မ ပြုကျင့်ပြီး ထွက်ပြေး တိမ်းရှောင်သူကို (၂၄) နာရီအတွင်း ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

ဧပြီ (၁၂) ရက် ညနေပိုင်းက တရားလို ဖြစ်သူဟာ ရွာထဲမှာ သင်္ကြန်ပန်း သွားခူးချိန်မှာ အိမ်မှာထားခဲ့တဲ့ (၆) နှစ်အရွယ် မိန်းကလေးငယ်ကို တစ်ရွာတည်းနေသူ အသက် (၂၈) နှစ်အရွယ် အမျိုးသားက အဓမ္မ ပြုကျင့်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဧပြီ (၁၃) ရက် မနက်ပိုင်းမှာ သုံးခွနယ်မြေ ရဲစခန်းကို သွားရောက် တိုင်တန်းခဲ့ရာ ပြစ်မှု ကျူးလွန်သူကို (၂၄) နာရီ အတွင်း ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီသတင်းကို ဝင်းကြိုင် (ကျောင်းကုန်း) ပေးပို့တာ ဖြစ်ပါတယ်။

Source : Central News Bureau

Sharing is caring!