ဒေါက်တာထွန်းလွင်
ဒေါက်တာထွန်းလွင်
(Unicode Version)
၂၀၁၈ ခုနှစ်၊ ဧပြီလ (၁၈) ရက်နေ့ အတွက် မိုးလေဝသ ခန့်မှန်းချက်။
ဘင်္ဂလားပင်လယ်အော်နဲ့တောင်တရုတ်ပင်လယ်ပြင်အခြေအနေ။
၁၇-၄-၂၀၁၈ ရက် နံနက် (၀၉းဝ၀) နာရီအချိန် KALPANA_1ဂြိုဟ်တုမှ တိုင်းတာပေးချက်အရ၊ ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလား ပင်လယ်အော် တို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလား ပင်လယ်အော်မှာ တိမ်အနည်းငယ် ဖြစ်ထွန်း နေပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်း နှင့် အရှေ့ပိုင်း ဒေသတွေမှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဒေသတွေမှာ တိမ်အနည်းငယ် မှ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပါတယ်။
မြန်မာ့ပင်လယ်ပြင်အခြေအနေ။
မြန်မာ့ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တွေမှာ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့် ရှိပါမယ်။ မြန်မာ့ကမ်းရိုးတန်းနှင့် ကမ်းလွန် ပင်လယ်ပြင် တွေမှာ လှိုင်းအမြင့် (၁) ပေခန့် မှ (၃) ပေခန့် ရှိနိုင်ပါတယ်။
နေ့အပူချိန်များအခြေအနေ။
နေ့အပူချိန်များဟာ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တို့မှာ 27°C–32°C ခန့်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ် ၊စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း) နှင့် တနင်္သာရီတိုင်းဒေသကြီး တို့တွင် 33°C – 36°C ခန့်၊ ကျန်ဒေသတွေမှာ 37°C – 41°C ခန့်ရှိနိုင် ပါတယ်။
ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းများအခြေအနေ။၊
မွန်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် တနင်္သာရီတိုင်း ဒေသကြီး တို့မှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အလွန်မြင့်မားအဆင့်တွင် ရှိနိုင်ပြီး၊ ကျန်ဒေသ တွေမှာ လွန်ကဲအဆင့်တွင် ရှိနိုင်ပါတယ်။
မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု အလားအလာ။
ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်မြောက်ပိုင်း၊ ကရင်ပြည်နယ်အလယ်ပိုင်း တို့မှလွဲ၍ ကျန်တပြည်လုံးတွင် မွန်းလွဲညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ပါတယ်။ ဖြစ်ပေါ်ရန်သေချာမှု ၃၅% မှ ၄၅% ခန့်ရှိပါတယ်။
မိုးရွာသွန်းမှု အခြေအနေ ခန့်မှန်းချက်။
ရခိုင်ပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီး တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်း နိုင်ပြီး၊ရှမ်းပြည်နယ်(တောင်ပိုင်း)၊ရှမ်း ပြည်နယ် (အရှေ့ပိုင်း) နှင့် တနင်္သာရီတိုင်းဒေသကြီး တို့မှာ နေရာကျဲကျဲ၊ကျန်ဒေသတွေမှာ နေရာ ကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါတယ်။
နောက်နှစ်ရက်အတွက်ခန့်မှန်းချက်။
မြန်မာနိုင်ငံ မြောက်ပိုင်း၊အရှေ့ပိုင်း နှင့် တောင်ပိုင်း ဒေသ တွေမှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါတယ်။
ဒေါက်တာထွန်းလွင််
(၁၈-၄-၂၀၁၈) ရက် နေ့တွင် မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှုအလားအလာ။
ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်မြောက်ပိုင်း၊ ကရင်ပြည်နယ် အလယ်ပိုင်း တို့မှလွဲ၍ ကျန်တစ်ပြည်လုံးတွင် မွန်းလွဲညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ပါတယ်။ ဖြစ်ပေါ်ရန်သေချာမှု ၃၅% မှ ၄၅% ခန့်ရှိပါတယ်။
မိုးတိမ်တောင်များဖြစ်ပေါ်ပါက လျပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသည်းထန်ခြင်း၊ မိုးသီးကြွေခြင်း စသည်တို့ ဖြစ်ပေါ်တတ်ပါတယ်။
ဒေါက်တာထွန်းလွင်