တနဂၤေႏြ သားသမီးမ်ားအတြက္ ျမန္မာသကၠရာဇ္ ၁၃၈၀ ခုႏွစ္ တစ္ႏွစ္စာ ေဟာစာတမ္း

တနဂၤေႏြသားသမီးမ်ား

အလုပ္ေနရာ၊ အိမ္ေနရာ အေျပာင္းအလဲမ်ားႀကံဳရလတၱံ႔။ မိမိ၏ ဘ၀ခံယူခ်က္မ်ား ၊ အေတြးအေခၚအယူအဆမ်ား ၊ ကိုယ္က်င့္တရားမ်ား ၊ လုပ္နည္းလုပ္ဟန္မ်ားလည္း ေျပာင္းလဲအံ့။ ဘ၀တစ္ခုလံုးအတြက္ ႀကီးမားေသာအေျပာင္းအလဲမ်ားႀကံဳေတြ႕ရလတၱံ႔။ အမွန္ဘက္ကေန စကားေျပာျငင္းခုန္ရျခင္း ၊ ေဆးရံုေဆးခန္း၊အမႈအခ်ဳပ္၊ေထာင္ဂတ္မ်ားႏွင့္ပက္သက္ရျခင္း၊အနား၀န္းက်င္တြင္ မီးလန္႔ေရွာ့ျဖစ္ႀကံဳရတတ္ျခင္း ၊ သူမ်ားျပႆနာၾကား၀င္ ေခါင္းခံေျဖရွင္းေပးရျခင္းတို႔ ႀကံဳရလတၱံ႔။

အလုပ္သစ္လုပ္ရအံ့။ေနရာထိုင္ခင္းျပဳျပင္ရတတ္။အသစ္ရတတ္။အိုးပိုင္အိမ္ပိုင္မရွိေသးသူမ်ား အိုးပိုင္အိမ္ပိုင္ရတတ္။လူႀကီး အလုပ္ ေနရာထိုင္ခင္းအတြက္ အနည္းငယ္စိတ္ပူရအံ့။

ေငြေရးေၾကးေရး – ေငြအ၀င္နည္းၿပီး ၀င္သေလာက္ျပန္ထြက္ေနအံ့။ ေငြ မၿမဲအံ့။ ေငြေၾကးကိစၥမ်ား စိတ္ပူ ထစ္ေငါ့ၿပီးမွ ေအာင္ျမင္အံ့။

ေငြေရးေၾကးေရး အထူးယၾတာ – ေငြၿမဲရန္ မၾကာခဏ ငါေသတၱာဗူးေပၚတြင္ ဖေယာင္းတိုင္ထြန္းၿပီး ဆုေတာင္းပါ ။ေငြေၾကးကံေကာင္းရန္ မၾကာခဏ လမ္းမွာရွိတဲ့ ခ်ဳိင့္ခြက္ကို ေက်ာက္ခဲ ဖို႔ေပးပါ ။

( ၄င္းယၾတာမ်ားသည္ လုပ္ရသည္မွာလြယ္ကူေသာ္လည္း အင္မတန္ထိေရာက္ေအာင္ျမင္ေသာ ယၾတာမ်ားျဖစ္သည္။ေငြေၾကးကံေကာင္းၿပီး ဘ၀တစ္ဆစ္ခ်ဳိးေျပာင္းလဲျမင့္တက္ခ်မ္းသာသြားသည္မ်ားကို မၾကာခဏေတြ႕ႀကံဳဖူးပါသည္။ ထို႔ေၾကာင့္ ယံုယံုၾကည္ၾကည္ ေလးေလးနက္နက္ ေဆာင္ရြက္ေစလိုပါသည္။)

အခ်စ္ေရး – ႀကီးမားေသာ အေျပာင္းအလဲမ်ားျဖစ္အံ့။ ယခင္ကထက္ တအားလည္းေကာင္းလာႏိုင္သလို တအားလည္းဆိုးသြားတတ္။ သတိထားသင့္။ အပ်ဳိလူပ်ဳိမ်ား အခ်စ္ေရးတြင္ မၾကာခဏဆိုသလို စကားေျပာျငင္းခုန္ေျဖရွင္းရျခင္း ၊ ပူပန္ေသာကေရာက္ရျခင္း တို႔ႀကံဳရအံ့။ စိတ္ပူစရာမ်ား သ၀န္တိုစရာမ်ားလည္း ေရာေထြးေနအံ့။

အိမ္ေထာင္ေရး – မၾကာခဏဆိုသလို အေသးအဖြဲကိစၥေလးမွအစ ကေတာက္ကဆျဖစ္ရျခင္း တို႔ ႀကံဳေတြ႔ရလတၱံ႔။ ေဘးပေယာဂမ်ား ၀င္လာတတ္။ ၾကားလူေႏွာက္ယွက္တတ္။ သတိထားသင့္။

အခ်စ္ေရးအိမ္ေထာင္ေရးတြင္ တနဂၤေႏြသားသမီးမ်ား ၊ နာမည္မွာ အိမ့္ ေအာင္ ေအး အိ ဦး ပါတဲ့သူမ်ား ၊ အုပ္ခ်ဳပ္ေရး ဥပေဒ ၊ အိမ္ျခံေျမ ၊ အက်ဳိးေဆာင္အလုပ္ႏွင့္ ပက္သက္သူမ်ား ၀င္ရႈပ္အံ့။

အခ်စ္ေရးအိမ္ေထာင္ေရး အထူးယၾတာ – ႏွစ္ေယာက္ဓါတ္ပံုကို မ်က္ႏွာခ်င္းဆိုင္ကပ္ပါ ။ ဓါတ္မွန္ျပားနဲ႔ညွပ္ပါ ။ ဓါတ္ဗူးအလြတ္ထဲမွာထည့္ၿပီး လံုေအာင္ပိတ္ထားပါ။ ( ၃ ရက္တစ္ခါေလာက္ အဖံုးလွပ္ေပးပါ)

က်န္းမာေရး – ဦးေခါင္း ၊ အာရံုေၾကာ ၊ အဆုတ္ ၊ အစာအိမ္ ႏွင့္ ပက္သက္ေသာေရာဂါ ေ၀ဒနာမ်ား သတိထားသင့္။(တပ္အပ္ျဖစ္မည္ဟု မဆိုလိုပါ ။ သတိထားရန္ျဖစ္သည္)

အထူးလိုုက္နာရန္ – ေကာင္းေသာအေျပာင္းအလဲမ်ားျဖစ္ရန္ ဘာသာေရးပိုလုပ္သင့္၊ေမတၱာစိတ္ေမြးသင့္၊မၾကာခဏအိပ္ယာေျပာင္းအိပ္သင့္။ခရီးခဏခဏထြက္သင့္။

အခက္အခဲႀကီးႀကီးမားမားမ်ား ႀကံဳေတြ႔ရပါလွ်င္ – တနဂၤေႏြေန႔ည၀တ္အိပ္ထားေသာ အ၀တ္ေဟာင္းတစ္စံုကို ေနာက္ေန႔မနက္ေစာ လမ္းတြင္သြားစြန္႔ပါ။ (ငါ့မွာရွိေနတဲ့မေကာင္းတဲ့အခိုက္အညံ့ေတြအားလံုး ပါသြားပါေစလို႔ဆုေတာင္းပါ) (၂)လတစ္ခါလုပ္ပါ။အေရးအေၾကာင္းကိစၥေပၚလွ်င္ထပ္လုပ္ပါ။

ယၾတာ။ ။ မည္သည့္ေန႔တြင္မဆို မနက္ (၅)နာရီ(၅)မိနစ္ တိတိတြင္ သရက္ယို (၁)ပြဲ ၊ ေပါင္မုန္႔(၅)ခ်ပ္ ၊ ပန္းအ၀ါ (၅)ပြင့္ ၊ ေသာက္ေတာ္ေရ (၅)ခြက္ ၊ ဖေယာင္းတိုင္ (၅) တိုင္ ၊ ကို မိမိေနအိမ္ဘုရားတြင္ မၾကာခဏလွဴဒါန္းဆုေတာင္းျခင္းျဖင့္ တစ္ႏွစ္တာလံုး အခိုက္အည့ံမ်ား ကင္းစင္ေၾကေပ်ာက္ၿပီး အႀကံအစည္မ်ားေအာင္ျမင္လတၱံ႔။(အေၾကာင္းရွိတိုင္း မၾကာခဏျပဳလုပ္ႏိုင္သည္)

မင္းသိမ္းခိုင္ – ေရႊရမ္းထူးလင္း

(Unicode Version)

တနင်္ဂနွေ သားသမီးများအတွက် မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း

တနင်္ဂနွေသားသမီးများ

အလုပ်နေရာ၊ အိမ်နေရာ အပြောင်းအလဲများကြုံရလတ္တံ့။ မိမိ၏ ဘဝခံယူချက်များ ၊ အတွေးအခေါ်အယူအဆများ ၊ ကိုယ်ကျင့်တရားများ ၊ လုပ်နည်းလုပ်ဟန်များလည်း ပြောင်းလဲအံ့။ ဘဝတစ်ခုလုံးအတွက် ကြီးမားသောအပြောင်းအလဲများကြုံတွေ့ရလတ္တံ့။ အမှန်ဘက်ကနေ စကားပြောငြင်းခုန်ရခြင်း ၊ ဆေးရုံဆေးခန်း၊အမှုအချုပ်၊ထောင်ဂတ်များနှင့်ပက်သက်ရခြင်း၊အနားဝန်းကျင်တွင် မီးလန့်ရှော့ဖြစ်ကြုံရတတ်ခြင်း ၊ သူများပြဿနာကြားဝင် ခေါင်းခံဖြေရှင်းပေးရခြင်းတို့ ကြုံရလတ္တံ့။

အလုပ်သစ်လုပ်ရအံ့။နေရာထိုင်ခင်းပြုပြင်ရတတ်။အသစ်ရတတ်။အိုးပိုင်အိမ်ပိုင်မရှိသေးသူများ အိုးပိုင်အိမ်ပိုင်ရတတ်။လူကြီး အလုပ် နေရာထိုင်ခင်းအတွက် အနည်းငယ်စိတ်ပူရအံ့။

ငွေရေးကြေးရေး – ငွေအဝင်နည်းပြီး ဝင်သလောက်ပြန်ထွက်နေအံ့။ ငွေ မမြဲအံ့။ ငွေကြေးကိစ္စများ စိတ်ပူ ထစ်ငေါ့ပြီးမှ အောင်မြင်အံ့။

ငွေရေးကြေးရေး အထူးယတြာ – ငွေမြဲရန် မကြာခဏ ငါသေတ္တာဗူးပေါ်တွင် ဖယောင်းတိုင်ထွန်းပြီး ဆုတောင်းပါ ။ငွေကြေးကံကောင်းရန် မကြာခဏ လမ်းမှာရှိတဲ့ ချိုင့်ခွက်ကို ကျောက်ခဲ ဖို့ပေးပါ ။

( ၄င်းယတြာများသည် လုပ်ရသည်မှာလွယ်ကူသော်လည်း အင်မတန်ထိရောက်အောင်မြင်သော ယတြာများဖြစ်သည်။ငွေကြေးကံကောင်းပြီး ဘဝတစ်ဆစ်ချိုးပြောင်းလဲမြင့်တက်ချမ်းသာသွားသည်များကို မကြာခဏတွေ့ကြုံဖူးပါသည်။ ထို့ကြောင့် ယုံယုံကြည်ကြည် လေးလေးနက်နက် ဆောင်ရွက်စေလိုပါသည်။)

အချစ်ရေး – ကြီးမားသော အပြောင်းအလဲများဖြစ်အံ့။ ယခင်ကထက် တအားလည်းကောင်းလာနိုင်သလို တအားလည်းဆိုးသွားတတ်။ သတိထားသင့်။ အပျိုလူပျိုများ အချစ်ရေးတွင် မကြာခဏဆိုသလို စကားပြောငြင်းခုန်ဖြေရှင်းရခြင်း ၊ ပူပန်သောကရောက်ရခြင်း တို့ကြုံရအံ့။ စိတ်ပူစရာများ သဝန်တိုစရာများလည်း ရောထွေးနေအံ့။

အိမ်ထောင်ရေး – မကြာခဏဆိုသလို အသေးအဖွဲကိစ္စလေးမှအစ ကတောက်ကဆဖြစ်ရခြင်း တို့ ကြုံတွေ့ရလတ္တံ့။ ဘေးပယောဂများ ဝင်လာတတ်။ ကြားလူနှောက်ယှက်တတ်။ သတိထားသင့်။

အချစ်ရေးအိမ်ထောင်ရေးတွင် တနင်္ဂနွေသားသမီးများ ၊ နာမည်မှာ အိမ့် အောင် အေး အိ ဦး ပါတဲ့သူများ ၊ အုပ်ချုပ်ရေး ဥပဒေ ၊ အိမ်ခြံမြေ ၊ အကျိုးဆောင်အလုပ်နှင့် ပက်သက်သူများ ဝင်ရှုပ်အံ့။

အချစ်ရေးအိမ်ထောင်ရေး အထူးယတြာ – နှစ်ယောက်ဓါတ်ပုံကို မျက်နှာချင်းဆိုင်ကပ်ပါ ။ ဓါတ်မှန်ပြားနဲ့ညှပ်ပါ ။ ဓါတ်ဗူးအလွတ်ထဲမှာထည့်ပြီး လုံအောင်ပိတ်ထားပါ။ ( ၃ ရက်တစ်ခါလောက် အဖုံးလှပ်ပေးပါ)

ကျန်းမာရေး – ဦးခေါင်း ၊ အာရုံကြော ၊ အဆုတ် ၊ အစာအိမ် နှင့် ပက်သက်သောရောဂါ ဝေဒနာများ သတိထားသင့်။(တပ်အပ်ဖြစ်မည်ဟု မဆိုလိုပါ ။ သတိထားရန်ဖြစ်သည်)

အထူးလိုုက်နာရန် – ကောင်းသောအပြောင်းအလဲများဖြစ်ရန် ဘာသာရေးပိုလုပ်သင့်၊မေတ္တာစိတ်မွေးသင့်၊မကြာခဏအိပ်ယာပြောင်းအိပ်သင့်။ခရီးခဏခဏထွက်သင့်။

အခက်အခဲကြီးကြီးမားမားများ ကြုံတွေ့ရပါလျှင် – တနင်္ဂနွေနေ့ညဝတ်အိပ်ထားသော အဝတ်ဟောင်းတစ်စုံကို နောက်နေ့မနက်စော လမ်းတွင်သွားစွန့်ပါ။ (ငါ့မှာရှိနေတဲ့မကောင်းတဲ့အခိုက်အညံ့တွေအားလုံး ပါသွားပါစေလို့ဆုတောင်းပါ) (၂)လတစ်ခါလုပ်ပါ။အရေးအကြောင်းကိစ္စပေါ်လျှင်ထပ်လုပ်ပါ။

ယတြာ။ ။ မည်သည့်နေ့တွင်မဆို မနက် (၅)နာရီ(၅)မိနစ် တိတိတွင် သရက်ယို (၁)ပွဲ ၊ ပေါင်မုန့်(၅)ချပ် ၊ ပန်းအဝါ (၅)ပွင့် ၊ သောက်တော်ရေ (၅)ခွက် ၊ ဖယောင်းတိုင် (၅) တိုင် ၊ ကို မိမိနေအိမ်ဘုရားတွင် မကြာခဏလှူဒါန်းဆုတောင်းခြင်းဖြင့် တစ်နှစ်တာလုံး အခိုက်အည့ံများ ကင်းစင်ကြေပျောက်ပြီး အကြံအစည်များအောင်မြင်လတ္တံ့။(အကြောင်းရှိတိုင်း မကြာခဏပြုလုပ်နိုင်သည်)

မင်းသိမ်းခိုင် – ရွှေရမ်းထူးလင်း