တနလၤာ သားသမီးမ်ားအတြက္ ျမန္မာသကၠရာဇ္ ၁၃၈၀ ခုႏွစ္ တစ္ႏွစ္စာ ေဟာစာတမ္း

တနလၤာသားသမီးမ်ား

အဖက္ဖက္တြင္ အလြန္အမင္းလည္းေကာင္းႏိုင္သလို၊အလြန္အမင္းလည္းညံ့သြားလတၱံ႔။ လူေရာစိတ္ပါ တည္ၿငိမ္စြာျဖင့္ လုပ္ငန္းေဆာင္တာရည္ရြယ္ခ်က္မ်ားကို ႀကိဳးစားေဆာင္ရြက္လွ်င္ ေအာင္ျမင္လတၱံ႔။ အလုပ္ေနရာ၊အိမ္ေနရာ၊အေတြးအေခၚအယူအဆ၊ဘ၀ခံယူခ်က္မ်ား အေျပာင္းအလဲျဖစ္အံ့။ ဆန္႔က်င့္ဘက္လိင္မ်ားထံမွ အကူအညီေကာင္းမ်ားရလတၱံ႔။ အလုပ္တိုင္း ေနရာတိုင္းမွာ အတိုက္အခံ အခက္အခဲမ်ား ႀကံဳရတတ္။စိတ္ပင္ပန္း လူပင္ပန္းျဖစ္ရအံ့။

ေငြေရးေၾကးေရး – ဆံုးရႈံးမလိုျဖစ္ေနတဲ့ ေငြေၾကးမ်ား ျပန္လည္ရရွိအံ့။ ပ်က္မလိုျဖစ္ေနတဲ့ ေငြေၾကးကိစၥမ်ားေအာင္ျမင္အံ့။ ေငြေၾကး အခက္အခဲအၾကပ္အတည္းမ်ားမွ လြတ္ေျမာက္ဖို႔ အေျခအေနေကာင္း အခြင့္အလမ္းေကာင္း ၊ အဆက္အသြယ္ေကာင္းမ်ား ၊ အကူအညီေကာင္းမ်ားေပၚလာအံ့။ ဆီလိုအေပါက္ရွာၿပီး ေငြ၀င္ေနအံ့။ လက္ဖ်ားမွာ ေငြသီးေနအံ့။ ေငြေၾကးကိစၥမ်ား ရဲရဲတင္းတင္းလုပ္ကိုင္ေဆာင္ရြက္သင့္။

ေငြေရးေၾကးေရး အထူးယၾတာ – ပန္းအ၀ါ (၅)ပြင့္ကို ပန္းအိုးထိုးၿပီး မိမိႏွင့္ အနီးဆံုးေနရာတြင္ ထားေပးပါ။စီးေနေသာေရအရွင္ထဲတြင္ ငါးအရွင္ (၂၅)ေကာင္ မၾကာခဏေဘးမဲ့လႊတ္ေပးပါ။

အခ်စ္ေရး – အခ်စ္ေရးကံေကာင္းေနအံ့ ။ ခ်စ္သူမရွိေသးသူမ်ား ခ်စ္သူအသစ္ရအံ့ ။ ခ်စ္သူရွိၿပီးသူမ်ား အိမ္ေထာင္က်တတ္။ အပ်ဳိ၊လူပ်ဳိမ်ား မလြပ္လပ္သူမ်ားႏွင့္ၿငိစြန္းလြယ္တတ္သည့္အတြက္ သတိျပဳသင့္။ အခ်စ္ေရးကံေကာင္းေနေသာ္လည္း ခ်စ္သူ၏ဟန္ေဆာင္ လိမ္ညာ ဖံုးကြယ္ျခင္းကို ခံရတတ္တဲ့အတြက္လည္း သတိထားသင့္။

အိမ္ေထာင္ေရး – စိတ္ညစ္စရာ အရႈပ္အရွင္းျပႆနာမ်ားႀကံဳရေတြတတ္။ မိမိအိမ္ေထာင္ဖက္၏ အထင္ျမင္လြဲမွားျခင္းကိုခံရတတ္။ ဖံုးကြယ္ဟန္ေဆာင္မႈမ်ား ေရာေထြးေနအံ့ ။

အခ်စ္ေရးအိမ္ေထာင္ေရးတြင္ စေနသားသမီးမ်ား ၊ နာမည္တြင္ တ ထ ဒ ဓ န ပါေသာသူမ်ား ၊ လူမ်ဳိးျခား ဘာသာျခား ၊ ႏိုင္ငံရပ္ျခားႏွင့္ပက္သက္သူမ်ား ၀င္ရႈပ္တတ္။

အခ်စ္ေရးအိမ္ေထာင္ေရး အထူးယၾတာ – ႏွစ္ေယာက္ဓါတ္ပံုကိုကို မ်က္ႏွာခ်င္းဆိုင္ကပ္။ ထမင္းေပါင္းအိုးအလြတ္ထဲတြင္ မၾကာခဏထည့္ေပးပါ။

က်န္းမာေရး – နား ၊ႏွာေခါင္း ၊ ဒူး ၊ ကိုယ္ပူျခင္း ၊ ဖ်ားျခင္း ႏွင့္ ပက္သက္ေသာေရာဂါ ေ၀ဒနာမ်ား သတိထားသင့္။(တပ္အပ္ျဖစ္မည္ဟု မဆိုလိုပါ ။ သတိထားရန္ျဖစ္သည္)

အထူးလိုက္နာရန္။ ။ဘာသာေရးမ်ားမ်ားပိုလုပ္ပါ။ေမတၱာမ်ားမ်ားပို႔ပါ။သည္းခံစိတ္ေမြးပါ။စိတ္လိုက္မာန္ပါ တဇြတ္ထိုး ေျပာဆိုလုပ္ကိုင္ ဆံုးျဖတ္တာေတြကိုေရွာင္က်ဥ္ပါ။

အထူးယၾတာ။ ။တနလၤာေန႔ည၀တ္အိပ္ထားေသာ အ၀တ္ေဟာင္းတစ္စံုကို ေနာက္ေန႔မနက္ေစာ လမ္းတြင္သြားစြန္႔ပါ။ (ငါ့မွာရွိေနတဲ့မေကာင္းတဲ့အခိုက္အညံ့ေတြအားလံုး ပါသြားပါေစလို႔ဆုေတာင္းပါ) (၂)လတစ္ခါလုပ္ပါ။အေၾကာင္းကိစၥေပၚလွ်င္ထပ္လုပ္ပါ။

ယၾတာ။ ။မည္သည့္ေန႔တြင္မဆို မနက္(၆) နာရီ(၆)မိနစ္တိတိတြင္ သစ္သီး (၆) လံုး ၊ ႏွင္းဆီ(၃)ပြင့္ ၊ ဆြမ္းပူပူ (၃)ပြဲ ၊ ေသာက္ေတာ္ေရ (၆)ခြက္ ၊ ဖေယာင္းတိုင္ (၆) တိုင္ ၊ ကို မိမိေနအိမ္ဘုရားတြင္ မၾကာခဏ လွဴဒါန္းဆုေတာင္းျခင္းျဖင့္္ တစ္ႏွစ္တာလံုး အခိုက္အည့ံမ်ား ကင္းစင္ေၾကေပ်ာက္ၿပီး အႀကံအစည္မ်ားေအာင္ျမင္လတၱံ႔။(အေၾကာင္းရွိတိုင္း မၾကာခဏျပဳလုပ္ႏိုင္သည္)

မင္းသိမ္းခိုင္ – ေ႐ႊရမ္းထူးလင္း

(Unicode Version)

တနင်္လာ သားသမီးများအတွက် မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း

တနင်္လာသားသမီးများ

အဖက်ဖက်တွင် အလွန်အမင်းလည်းကောင်းနိုင်သလို၊အလွန်အမင်းလည်းညံ့သွားလတ္တံ့။ လူရောစိတ်ပါ တည်ငြိမ်စွာဖြင့် လုပ်ငန်းဆောင်တာရည်ရွယ်ချက်များကို ကြိုးစားဆောင်ရွက်လျှင် အောင်မြင်လတ္တံ့။ အလုပ်နေရာ၊အိမ်နေရာ၊အတွေးအခေါ်အယူအဆ၊ဘဝခံယူချက်များ အပြောင်းအလဲဖြစ်အံ့။ ဆန့်ကျင့်ဘက်လိင်များထံမှ အကူအညီကောင်းများရလတ္တံ့။ အလုပ်တိုင်း နေရာတိုင်းမှာ အတိုက်အခံ အခက်အခဲများ ကြုံရတတ်။စိတ်ပင်ပန်း လူပင်ပန်းဖြစ်ရအံ့။

ငွေရေးကြေးရေး – ဆုံးရှုံးမလိုဖြစ်နေတဲ့ ငွေကြေးများ ပြန်လည်ရရှိအံ့။ ပျက်မလိုဖြစ်နေတဲ့ ငွေကြေးကိစ္စများအောင်မြင်အံ့။ ငွေကြေး အခက်အခဲအကြပ်အတည်းများမှ လွတ်မြောက်ဖို့ အခြေအနေကောင်း အခွင့်အလမ်းကောင်း ၊ အဆက်အသွယ်ကောင်းများ ၊ အကူအညီကောင်းများပေါ်လာအံ့။ ဆီလိုအပေါက်ရှာပြီး ငွေဝင်နေအံ့။ လက်ဖျားမှာ ငွေသီးနေအံ့။ ငွေကြေးကိစ္စများ ရဲရဲတင်းတင်းလုပ်ကိုင်ဆောင်ရွက်သင့်။

ငွေရေးကြေးရေး အထူးယတြာ – ပန်းအဝါ (၅)ပွင့်ကို ပန်းအိုးထိုးပြီး မိမိနှင့် အနီးဆုံးနေရာတွင် ထားပေးပါ။စီးနေသောရေအရှင်ထဲတွင် ငါးအရှင် (၂၅)ကောင် မကြာခဏဘေးမဲ့လွှတ်ပေးပါ။

အချစ်ရေး – အချစ်ရေးကံကောင်းနေအံ့ ။ ချစ်သူမရှိသေးသူများ ချစ်သူအသစ်ရအံ့ ။ ချစ်သူရှိပြီးသူများ အိမ်ထောင်ကျတတ်။ အပျို၊လူပျိုများ မလွပ်လပ်သူများနှင့်ငြိစွန်းလွယ်တတ်သည့်အတွက် သတိပြုသင့်။ အချစ်ရေးကံကောင်းနေသော်လည်း ချစ်သူ၏ဟန်ဆောင် လိမ်ညာ ဖုံးကွယ်ခြင်းကို ခံရတတ်တဲ့အတွက်လည်း သတိထားသင့်။

အိမ်ထောင်ရေး – စိတ်ညစ်စရာ အရှုပ်အရှင်းပြဿနာများကြုံရတွေတတ်။ မိမိအိမ်ထောင်ဖက်၏ အထင်မြင်လွဲမှားခြင်းကိုခံရတတ်။ ဖုံးကွယ်ဟန်ဆောင်မှုများ ရောထွေးနေအံ့ ။

အချစ်ရေးအိမ်ထောင်ရေးတွင် စနေသားသမီးများ ၊ နာမည်တွင် တ ထ ဒ ဓ န ပါသောသူများ ၊ လူမျိုးခြား ဘာသာခြား ၊ နိုင်ငံရပ်ခြားနှင့်ပက်သက်သူများ ဝင်ရှုပ်တတ်။

အချစ်ရေးအိမ်ထောင်ရေး အထူးယတြာ – နှစ်ယောက်ဓါတ်ပုံကိုကို မျက်နှာချင်းဆိုင်ကပ်။ ထမင်းပေါင်းအိုးအလွတ်ထဲတွင် မကြာခဏထည့်ပေးပါ။

ကျန်းမာရေး – နား ၊နှာခေါင်း ၊ ဒူး ၊ ကိုယ်ပူခြင်း ၊ ဖျားခြင်း နှင့် ပက်သက်သောရောဂါ ဝေဒနာများ သတိထားသင့်။(တပ်အပ်ဖြစ်မည်ဟု မဆိုလိုပါ ။ သတိထားရန်ဖြစ်သည်)

အထူးလိုက်နာရန်။ ။ဘာသာရေးများများပိုလုပ်ပါ။မေတ္တာများများပို့ပါ။သည်းခံစိတ်မွေးပါ။စိတ်လိုက်မာန်ပါ တဇွတ်ထိုး ပြောဆိုလုပ်ကိုင် ဆုံးဖြတ်တာတွေကိုရှောင်ကျဉ်ပါ။

အထူးယတြာ။ ။တနင်္လာနေ့ညဝတ်အိပ်ထားသော အဝတ်ဟောင်းတစ်စုံကို နောက်နေ့မနက်စော လမ်းတွင်သွားစွန့်ပါ။ (ငါ့မှာရှိနေတဲ့မကောင်းတဲ့အခိုက်အညံ့တွေအားလုံး ပါသွားပါစေလို့ဆုတောင်းပါ) (၂)လတစ်ခါလုပ်ပါ။အကြောင်းကိစ္စပေါ်လျှင်ထပ်လုပ်ပါ။

ယတြာ။ ။မည်သည့်နေ့တွင်မဆို မနက်(၆) နာရီ(၆)မိနစ်တိတိတွင် သစ်သီး (၆) လုံး ၊ နှင်းဆီ(၃)ပွင့် ၊ ဆွမ်းပူပူ (၃)ပွဲ ၊ သောက်တော်ရေ (၆)ခွက် ၊ ဖယောင်းတိုင် (၆) တိုင် ၊ ကို မိမိနေအိမ်ဘုရားတွင် မကြာခဏ လှူဒါန်းဆုတောင်းခြင်းဖြင့်် တစ်နှစ်တာလုံး အခိုက်အည့ံများ ကင်းစင်ကြေပျောက်ပြီး အကြံအစည်များအောင်မြင်လတ္တံ့။(အကြောင်းရှိတိုင်း မကြာခဏပြုလုပ်နိုင်သည်)

မင်းသိမ်းခိုင် – ရွှေရမ်းထူးလင်း