အဂၤါ သားသမီးမ်ားအတြက္ ျမန္မာသကၠရာဇ္ ၁၃၈၀ ခုႏွစ္ တစ္ႏွစ္စာ ေဟာစာတမ္း

အဂၤါသားသမီးမ်ား

မိမိမသိခဲ့ေသာ အတိတ္ကံ အေကာင္းအဆိုး ႏွစ္မ်ဳိးစလံုး၏ အက်ဳိးကို ေတြ႔ႀကံဳခံစားရလတၱံ႔။ အတိတ္ကံကိုအေၾကာင္းျပဳၿပီး ေငြအစုလိုက္အပံုလိုက္ရျခင္း၊ထီဆုႀကီးေပါက္ျခင္း၊ၿခံ၊ကား၊ေက်ာက္ ေကာင္းေသာ၀င္ျခင္းတြင္ရွိလတၱံ႔။ အခ်စ္ေရးေမတၱာေရးကံေကာင္းျခင္း၊မ်က္ႏွာပြင့္ စန္းပြင့္ျခင္း၊ေငြေၾကးဥစၥာပစၥည္းမ်ား စုေဆာင္းတိုးပြားျခင္းတို႔ႀကံဳရလတၱံ႔။ စိတ္ကူးဥာဏ္ေပၚသေလာက္ လက္ေတြ႔အေကာင္အထည္ေဖာ္ေဆာင္ရြက္ပါ။အခ်ိန္မျဖဳန္းသင့္။ရည္ရြယ္ခ်က္ရွိသမွ် ရဲရဲလုပ္ပါ။ ဘာပဲလုပ္လုပ္ အတိုက္အခံ အခက္အခဲ စိတ္ပူစရာ စိတ္လႈပ္ရွားစရာမ်ားႀကံဳေတြ႕ၿပီးမွ ေအာင္ျမင္လတၱံ႔။

ေငြေရးေၾကးေရး – အတိတ္ကံကို အေၾကာင္းျပဳ၍ ေငြေၾကးအစုလိုက္အပံုလိုက္ရအံ့။ ေငြေၾကးကံ အထူးေကာင္းေနအံ့။ ေငြေၾကးကိစၥမ်ား မိမိရည္မွန္းထားတာထက္ ပိုမိုေအာင္ျမင္အံ့။ မိမိရည္မွန္းထားတာထက္ ပိုမိုစုေဆာင္းရအံ့။ တိုးပြားအံ့။ မလိုအပ္သည့္ေနရာမ်ားတြင္ ေငြေၾကးျဖဳန္းတီးမိတတ္တာကိုေတာ့ သိထားသင့္။ ေငြေၾကးကိစၥမ်ား ရဲရဲတင္းတင္း ေဆာင္ရြက္သင့္။

ေငြေရးေၾကးေရး အထူးယၾတာ – ယၾတာမလိုပါ ( ေငြထည့္ဖို႔ အိတ္ႀကီးႀကီး ၊ ေသတၱာႀကီးႀကီး အသင့္ျပင္ထားပါ)

အခ်စ္ေရး – အပ်ဳိလူပ်ဳိမ်ား အတိတ္ဘ၀က ဆုေတာင္းရွိခဲ့ဖူးေသာ အခ်စ္ေဟာင္း အဆက္ေဟာင္းမ်ားႏွင့္ ျပန္လည္ဆံုေတြ႕ရလတၱံ႔။ ခ်စ္သူထံမွ အမွတ္တရလက္ေဆာင္တစ္ခု ႀကီးႀကီးမားမားရအံ့။ မိမိကိုစိတ္၀င္စား ခ်စ္ႀကိဳက္ေနသူမ်ား အမ်ားအျပားေပၚလာလတၱံ႔။ ၀ိုင္း၀ိုင္းလည္ေနအံ့။ အလြန္အမင္း စိတ္လႈပ္ရွား ရင္ခုန္ေနရအံ့။

အိမ္ေထာင္ေရး – မိမိအိမ္ေထာင္ဖက္၏ သ၀န္တိုျခင္းကို ခံရအံ့။ အိမ္ေထာင္ဖက္ကိုအေၾကာင္းျပဳ၍ ေငြေၾကးစီးပြားဥစၥာမ်ား တိုးပြားလတၱံ႔။ အိမ္ေထာင္ဖက္ထံမွ အကူအညီေကာင္း အႀကံေကာင္းဥာဏ္ေကာင္းမ်ားရလတၱံ႔။ တစ္ဦးနဲ႔တစ္ဦး နားလည္မႈ မွ်ေ၀ခံစားမႈမ်ားျဖင့္ သာယာေနအံ့။ ေမာင္တစ္ထမ္း မယ္တစ္ရြက္ျဖင့္ ေရွ႕သြားေနာက္လိုက္ညီေနအံ့။အိမ္ေထာင္ေရးသုခ ခံစားရအံ့။ စိတ္လႈပ္ရွား ရင္ခုန္ ၾကည္ႏူးမႈမ်ား ေရေထြးေနလတၱံ႔။

အခ်စ္ေရးအိမ္ေထာင္ေရးတြင္ ေသာၾကာသားသမီးမ်ား ၊ နာမည္တြင္ သ ဟ ပါေသာသူမ်ား ေရနားနီးေသာ ၊ ေရေၾကာင္းခရီး ၊ သေဘၤာ ၊ ေဟာ္တယ္လုပ္ငန္း ၊ ခရီသြားလုပ္ငန္း ၊ စကားေျပာ ၊ ပြဲစားအလုပ္ႏွင့္ပက္သက္သူမ်ား ၀င္ရႈပ္တတ္။

အခ်စ္ေရးအိမ္ေထာင္ေရး အထူးယၾတာ – မလိုပါ ။ လုပ္ခ်င္သပဆိုလွ်င္ သူငယ္ခ်င္းမိတ္ေဆြမ်ားကို ေကာ္ဖီႏွင့္ကိတ္မုန္႔ (သို႔မဟုတ္) အကင္တစ္မ်ဳိးမ်ဳိး ဒါနလုပ္ပါ။

က်န္းမာေရး – ေသြးသား ၊ ေသြးခ်ဳိ ၊ သြား ႏွင့္ ပက္သက္ေသာေရာဂါ ေ၀ဒနာမ်ား သတိထားသင့္။(တပ္အပ္ျဖစ္မည္ဟု မဆိုလိုပါ ။ သတိထားရန္ျဖစ္သည္)

ယၾတာ။ ။မည့္သည့္ေန႔တြင္မဆို မနက္(၇) နာရီ (၇)မိနစ္တိတိတြင္ အုန္းသီးပါေသာမုန္႔ (၆) ခု ၊ ႏွင္းဆီ(၇)ပြင့္၊ ေသာက္ေတာ္ေရ (၄)ခြက္ ၊ ဖေယာင္းတိုင္ (၄) တိုင္ ေနအိမ္ဘုရားတြင္ လွဴဒါန္းဆုေတာင္းျခင္းျဖင့္တစ္ႏွစ္တာလံုး အခိုက္အည့ံမ်ား ကင္းစင္ေၾကေပ်ာက္ၿပီး အႀကံအစည္မ်ားေအာင္ျမင္လတၱံ႔။(အေၾကာင္းရွိတိုင္း မၾကာခဏျပဳလုပ္ႏိုင္သည္)

မင္းသိမ္းခိုင္ – ေ႐ႊရမ္းထူးလင္း

(Unicode Version)

အင်္ဂါ သားသမီးများအတွက် မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း

အင်္ဂါသားသမီးများ

မိမိမသိခဲ့သော အတိတ်ကံ အကောင်းအဆိုး နှစ်မျိုးစလုံး၏ အကျိုးကို တွေ့ကြုံခံစားရလတ္တံ့။ အတိတ်ကံကိုအကြောင်းပြုပြီး ငွေအစုလိုက်အပုံလိုက်ရခြင်း၊ထီဆုကြီးပေါက်ခြင်း၊ခြံ၊ကား၊ကျောက် ကောင်းသောဝင်ခြင်းတွင်ရှိလတ္တံ့။ အချစ်ရေးမေတ္တာရေးကံကောင်းခြင်း၊မျက်နှာပွင့် စန်းပွင့်ခြင်း၊ငွေကြေးဥစ္စာပစ္စည်းများ စုဆောင်းတိုးပွားခြင်းတို့ကြုံရလတ္တံ့။ စိတ်ကူးဉာဏ်ပေါ်သလောက် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ပါ။အချိန်မဖြုန်းသင့်။ရည်ရွယ်ချက်ရှိသမျှ ရဲရဲလုပ်ပါ။ ဘာပဲလုပ်လုပ် အတိုက်အခံ အခက်အခဲ စိတ်ပူစရာ စိတ်လှုပ်ရှားစရာများကြုံတွေ့ပြီးမှ အောင်မြင်လတ္တံ့။

ငွေရေးကြေးရေး – အတိတ်ကံကို အကြောင်းပြု၍ ငွေကြေးအစုလိုက်အပုံလိုက်ရအံ့။ ငွေကြေးကံ အထူးကောင်းနေအံ့။ ငွေကြေးကိစ္စများ မိမိရည်မှန်းထားတာထက် ပိုမိုအောင်မြင်အံ့။ မိမိရည်မှန်းထားတာထက် ပိုမိုစုဆောင်းရအံ့။ တိုးပွားအံ့။ မလိုအပ်သည့်နေရာများတွင် ငွေကြေးဖြုန်းတီးမိတတ်တာကိုတော့ သိထားသင့်။ ငွေကြေးကိစ္စများ ရဲရဲတင်းတင်း ဆောင်ရွက်သင့်။

ငွေရေးကြေးရေး အထူးယတြာ – ယတြာမလိုပါ ( ငွေထည့်ဖို့ အိတ်ကြီးကြီး ၊ သေတ္တာကြီးကြီး အသင့်ပြင်ထားပါ)

အချစ်ရေး – အပျိုလူပျိုများ အတိတ်ဘဝက ဆုတောင်းရှိခဲ့ဖူးသော အချစ်ဟောင်း အဆက်ဟောင်းများနှင့် ပြန်လည်ဆုံတွေ့ရလတ္တံ့။ ချစ်သူထံမှ အမှတ်တရလက်ဆောင်တစ်ခု ကြီးကြီးမားမားရအံ့။ မိမိကိုစိတ်ဝင်စား ချစ်ကြိုက်နေသူများ အများအပြားပေါ်လာလတ္တံ့။ ၀ိုင်းဝိုင်းလည်နေအံ့။ အလွန်အမင်း စိတ်လှုပ်ရှား ရင်ခုန်နေရအံ့။

အိမ်ထောင်ရေး – မိမိအိမ်ထောင်ဖက်၏ သဝန်တိုခြင်းကို ခံရအံ့။ အိမ်ထောင်ဖက်ကိုအကြောင်းပြု၍ ငွေကြေးစီးပွားဥစ္စာများ တိုးပွားလတ္တံ့။ အိမ်ထောင်ဖက်ထံမှ အကူအညီကောင်း အကြံကောင်းဉာဏ်ကောင်းများရလတ္တံ့။ တစ်ဦးနဲ့တစ်ဦး နားလည်မှု မျှဝေခံစားမှုများဖြင့် သာယာနေအံ့။ မောင်တစ်ထမ်း မယ်တစ်ရွက်ဖြင့် ရှေ့သွားနောက်လိုက်ညီနေအံ့။အိမ်ထောင်ရေးသုခ ခံစားရအံ့။ စိတ်လှုပ်ရှား ရင်ခုန် ကြည်နူးမှုများ ရေထွေးနေလတ္တံ့။

အချစ်ရေးအိမ်ထောင်ရေးတွင် သောကြာသားသမီးများ ၊ နာမည်တွင် သ ဟ ပါသောသူများ ရေနားနီးသော ၊ ရေကြောင်းခရီး ၊ သင်္ဘော ၊ ဟော်တယ်လုပ်ငန်း ၊ ခရီသွားလုပ်ငန်း ၊ စကားပြော ၊ ပွဲစားအလုပ်နှင့်ပက်သက်သူများ ဝင်ရှုပ်တတ်။

အချစ်ရေးအိမ်ထောင်ရေး အထူးယတြာ – မလိုပါ ။ လုပ်ချင်သပဆိုလျှင် သူငယ်ချင်းမိတ်ဆွေများကို ကော်ဖီနှင့်ကိတ်မုန့် (သို့မဟုတ်) အကင်တစ်မျိုးမျိုး ဒါနလုပ်ပါ။

ကျန်းမာရေး – သွေးသား ၊ သွေးချို ၊ သွား နှင့် ပက်သက်သောရောဂါ ဝေဒနာများ သတိထားသင့်။(တပ်အပ်ဖြစ်မည်ဟု မဆိုလိုပါ ။ သတိထားရန်ဖြစ်သည်)

ယတြာ။ ။မည့်သည့်နေ့တွင်မဆို မနက်(၇) နာရီ (၇)မိနစ်တိတိတွင် အုန်းသီးပါသောမုန့် (၆) ခု ၊ နှင်းဆီ(၇)ပွင့်၊ သောက်တော်ရေ (၄)ခွက် ၊ ဖယောင်းတိုင် (၄) တိုင် နေအိမ်ဘုရားတွင် လှူဒါန်းဆုတောင်းခြင်းဖြင့်တစ်နှစ်တာလုံး အခိုက်အည့ံများ ကင်းစင်ကြေပျောက်ပြီး အကြံအစည်များအောင်မြင်လတ္တံ့။(အကြောင်းရှိတိုင်း မကြာခဏပြုလုပ်နိုင်သည်)

မင်းသိမ်းခိုင် – ရွှေရမ်းထူးလင်း

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္