စေန သားသမီးမ်ားအတြက္ ျမန္မာသကၠရာဇ္ ၁၃၈၀ ခုႏွစ္ တစ္ႏွစ္စာ ေဟာစာတမ္း

စေန သားသမီးမ်ားအတြက္ ျမန္မာသကၠရာဇ္ ၁၃၈၀ ခုႏွစ္ တစ္ႏွစ္စာ ေဟာစာတမ္း

စေနသားသမီးမ်ား

စုတ္ေရာ လာဘ္ေရာပြင့္ေနအံ့။ ျပည္တြင္းျပည္ပခရီးကိစၥမ်ားေအာင္ျမင္ျခင္း ၊ နာမည္ဂုဏ္သတင္း ထင္ေပၚေက်ာေဇာျခင္း ၊ အေကာင္းေျပာခ်ီးမြမ္းခံရျခင္း ၊ သက္ရွိသက္မဲ့အားလံုး ႏွင့္ ကံတရား၏ မ်က္ႏွာသာေပးျခင္းကို ခံရျခင္း ၊ ေဆြမ်ဳိးသားခ်င္းတို႔၏ ကူညီမစျခင္းခံရျခင္း ၊ လူအမ်ား ပရိတ္သတ္ႏွင့္ လုပ္ေဆာင္ရေသာအလုပ္မ်ားတြင္ ႀကီးႀကီးက်ယ္က်ယ္ေအာင္ျမင္ျခင္း တို႔ မုခ်ႀကံဳေတြ႔ရလတၱံ႔။ ကံဇာတာပြင့္လန္းတိုးတက္အံ့။လုပ္သမွ် ႀကံသမွ် ေအာင္ျမင္ထေျမာက္လတၱံ႔။ အႀကံအစည္ ရည္ရြယ္ခ်က္မ်ားကို ျမနျ္မန္ဆန္ဆန္ အေကာင္အထည္ေဖာ္ေဆာင္ရြက္သင့္အံ့။စီးပြားလုပ္ငန္းမ်ားကို အင္ႏွင့္အားႏွင့္တိုးခ်ဲ႕သင့္အံ့။

ေငြေရးေၾကးေရး – မိမိရည္မွန္းထားသေလာက္ ေအာင္ျမင္အံ့ ။ စိတ္ပူၿပီးမွ ေအာင္ျမင္အံ့ ။ ၀င္သမွ်ေငြမ်ားလည္း စုမိေဆာင္းမိျဖစ္ၿပီး အဖတ္တင္အံ့ ။ မိမိကုိယ္တိုင္ကလည္း အသံုးအျဖဳန္း ဂရုစိုက္သင့္။ ေဆြမ်ား မိတ္ေဆြမ်ားကိုလည္း ေငြေၾကးကိစၥမ်ား ကူညီပံ့ပိုးႏိုင္အံ့ ။ အလွဴအတန္း ပရဟိတမ်ားလည္း လုပ္ရအံ့ ။

ေငြေရးေၾကးေရး အထူးယၾတာ – မလိုပါ ။ ေငြေတြ၀င္လာလွ်င္ သိမ္းဆည္းဖို႔ ေသတၱာႀကီးႀကီး ၊ အိတ္ႀကီးႀကီးအသင့္ေဆာင္ထားပါ ။ သံုးဖို႔စြဲဖို႔ ၀ယ္ဖို႔ျခမ္းဖို႔ အားေမြးထားပါ ။

ယၾတာလုပ္ခ်င္သပဆိုရင္ေတာ့ လမ္းမွာေတြ႕တဲ့ ဘုန္းႀကီးတစ္ပါးကို မ်က္ႏွာသုတ္ပ၀ါ အစိမ္းေရာင္ မၾကာခဏ လွဴေပးပါ ။ ကေလးမ်ားကို ေကာ္ရည္ေခါက္ဆြဲ မၾကာခဏေကၽြးပါ။

အခ်စ္ေရး – အပ်ဳိလူပ်ဳိမ်ား မ်က္ႏွာပြင့္လန္းၿပီး စိတ္၀င္စားသူမ်ား ၀ိုင္း၀ိုင္းလည္ေနအံ့။ အခ်စ္စစ္ အခ်စ္မွန္ ဖူးစာမွန္မ်ားႏွင့္ ဆံုေတြ႕ရလတၱံ႔။ မိမိကိုတန္ဖိုးထား ဂရုစိုက္ေသာ ခ်စ္သူႏွင့္ဆံုေတြ႔ရအံ့။ အလြန္လိုက္ဖက္ေသာစံုတြဲဟု ပတ္၀န္းက်င္၏ အထင္ႀကီးအားက်ျခင္းကို ခံရလတၱံ႔။အခ်စ္ေရးႏွင့္ပက္သက္သည့္ အႀကံအစည္ရည္ရြယ္မ်ား ေအာင္ျမင္လတၱံ႔။

အိမ္ေထာင္ေရး – အိမ္ေထာင္ေရးကံေကာင္းေနေသာ္လည္း ကိုယ္က်င့္တရားကို အထူးဂရုစိုက္ထိမ္းသိမ္းသင့္။ မိမိအိမ္ေထာင္ဖက္အေပၚသစၥာရွိပါ။ မိမိအိမ္ေထာင္ဖက္ကို တန္ဖိုးထားပါ။

အခ်စ္ေရးအိမ္ေထာင္ေရးတြင္ တနလၤာသားသမီးမ်ား ၊ နာမည္တြင္ က ခ ဂ ဃ င ပါေသာသူမ်ား ေငြ ၊ ၿခံ ၊ ကား ၊ေက်ာက္ ၊ ကုန္သည္ ၊ ကြန္ျပဴတာ ၊ ကင္မရာႏွင့္ပက္သက္သူမ်ား ၀င္ရႈပ္တတ္။

အခ်စ္ေရးအိမ္ေထာင္ေရး အထူးယၾတာ – အေထြးအထူးလုပ္ရန္မလိုပါ ။ လုပ္ခ်င္သပဆိုလွ်င္ သူငယ္ခ်င္းမိတ္ေဆြမ်ားကို ေကာ္ဖီႏွင့္ကိတ္မုန္႔ မၾကာခဏဒါနလုပ္ပါ။

က်န္းမာေရး – ေျခေထာက္ ၊ ခါး ၊ အာရံုေၾကာ ၊ က်ီးေပါင္း ႏွင့္ ပက္သက္ေသာေရာဂါ ေ၀ဒနာမ်ား သတိထားသင့္။(တပ္အပ္ျဖစ္မည္ဟု မဆိုလိုပါ ။ သတိထားရန္ျဖစ္သည္)

ယၾတာ။ ။မည့္သည့္ေန႔တြင္မဆို မနက္(၅)နာရီ(၄)မိနစ္တိတိတြင္ အုန္းသီးပါေသာမုန္႔ (၆)ခု ၊ လက္ဖက္ရည္ (၄)ခြက္ ၊ ပန္းအ၀ါ (၅)ပြင့္ ၊ ေသာက္ေတာ္ေရ (၄)ခြက္ ၊ ဖေယာင္းတိုင္ (၄) တိုင္ ၊ ကို မိမိေနအိမ္ဘုရားတြင္ လွဴဒါန္းဆုေတာင္းျခင္းျဖင့္ တစ္ႏွစ္တာလံုး အခိုက္အည့ံမ်ား ကင္းစင္ေၾကေပ်ာက္ၿပီး အႀကံအစည္မ်ားေအာင္ျမင္လတၱံ႔။(အေၾကာင္းရွိတိုင္း မၾကာခဏျပဳလုပ္ႏိုင္သည္)

မင္းသိမ္းခိုင္ – ေရႊရမ္းထူးလင္း

(Unicode Version)

စနေ သားသမီးများအတွက် မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း

စနေသားသမီးများ

စုတ်ရော လာဘ်ရောပွင့်နေအံ့။ ပြည်တွင်းပြည်ပခရီးကိစ္စများအောင်မြင်ခြင်း ၊ နာမည်ဂုဏ်သတင်း ထင်ပေါ်ကျောဇောခြင်း ၊ အကောင်းပြောချီးမွမ်းခံရခြင်း ၊ သက်ရှိသက်မဲ့အားလုံး နှင့် ကံတရား၏ မျက်နှာသာပေးခြင်းကို ခံရခြင်း ၊ ဆွေမျိုးသားချင်းတို့၏ ကူညီမစခြင်းခံရခြင်း ၊ လူအများ ပရိတ်သတ်နှင့် လုပ်ဆောင်ရသောအလုပ်များတွင် ကြီးကြီးကျယ်ကျယ်အောင်မြင်ခြင်း တို့ မုချကြုံတွေ့ရလတ္တံ့။ ကံဇာတာပွင့်လန်းတိုးတက်အံ့။လုပ်သမျှ ကြံသမျှ အောင်မြင်ထမြောက်လတ္တံ့။ အကြံအစည် ရည်ရွယ်ချက်များကို မြနြ်မန်ဆန်ဆန် အကောင်အထည်ဖော်ဆောင်ရွက်သင့်အံ့။စီးပွားလုပ်ငန်းများကို အင်နှင့်အားနှင့်တိုးချဲ့သင့်အံ့။

ငွေရေးကြေးရေး – မိမိရည်မှန်းထားသလောက် အောင်မြင်အံ့ ။ စိတ်ပူပြီးမှ အောင်မြင်အံ့ ။ ဝင်သမျှငွေများလည်း စုမိဆောင်းမိဖြစ်ပြီး အဖတ်တင်အံ့ ။ မိမိကိုယ်တိုင်ကလည်း အသုံးအဖြုန်း ဂရုစိုက်သင့်။ ဆွေများ မိတ်ဆွေများကိုလည်း ငွေကြေးကိစ္စများ ကူညီပံ့ပိုးနိုင်အံ့ ။ အလှူအတန်း ပရဟိတများလည်း လုပ်ရအံ့ ။

ငွေရေးကြေးရေး အထူးယတြာ – မလိုပါ ။ ငွေတွေဝင်လာလျှင် သိမ်းဆည်းဖို့ သေတ္တာကြီးကြီး ၊ အိတ်ကြီးကြီးအသင့်ဆောင်ထားပါ ။ သုံးဖို့စွဲဖို့ ဝယ်ဖို့ခြမ်းဖို့ အားမွေးထားပါ ။

ယတြာလုပ်ချင်သပဆိုရင်တော့ လမ်းမှာတွေ့တဲ့ ဘုန်းကြီးတစ်ပါးကို မျက်နှာသုတ်ပဝါ အစိမ်းရောင် မကြာခဏ လှူပေးပါ ။ ကလေးများကို ကော်ရည်ခေါက်ဆွဲ မကြာခဏကျွေးပါ။

အချစ်ရေး – အပျိုလူပျိုများ မျက်နှာပွင့်လန်းပြီး စိတ်ဝင်စားသူများ ၀ိုင်းဝိုင်းလည်နေအံ့။ အချစ်စစ် အချစ်မှန် ဖူးစာမှန်များနှင့် ဆုံတွေ့ရလတ္တံ့။ မိမိကိုတန်ဖိုးထား ဂရုစိုက်သော ချစ်သူနှင့်ဆုံတွေ့ရအံ့။ အလွန်လိုက်ဖက်သောစုံတွဲဟု ပတ်ဝန်းကျင်၏ အထင်ကြီးအားကျခြင်းကို ခံရလတ္တံ့။အချစ်ရေးနှင့်ပက်သက်သည့် အကြံအစည်ရည်ရွယ်များ အောင်မြင်လတ္တံ့။

အိမ်ထောင်ရေး – အိမ်ထောင်ရေးကံကောင်းနေသော်လည်း ကိုယ်ကျင့်တရားကို အထူးဂရုစိုက်ထိမ်းသိမ်းသင့်။ မိမိအိမ်ထောင်ဖက်အပေါ်သစ္စာရှိပါ။ မိမိအိမ်ထောင်ဖက်ကို တန်ဖိုးထားပါ။

အချစ်ရေးအိမ်ထောင်ရေးတွင် တနင်္လာသားသမီးများ ၊ နာမည်တွင် က ခ ဂ ဃ င ပါသောသူများ ငွေ ၊ ခြံ ၊ ကား ၊ကျောက် ၊ ကုန်သည် ၊ ကွန်ပြူတာ ၊ ကင်မရာနှင့်ပက်သက်သူများ ဝင်ရှုပ်တတ်။

အချစ်ရေးအိမ်ထောင်ရေး အထူးယတြာ – အထွေးအထူးလုပ်ရန်မလိုပါ ။ လုပ်ချင်သပဆိုလျှင် သူငယ်ချင်းမိတ်ဆွေများကို ကော်ဖီနှင့်ကိတ်မုန့် မကြာခဏဒါနလုပ်ပါ။

ကျန်းမာရေး – ခြေထောက် ၊ ခါး ၊ အာရုံကြော ၊ ကျီးပေါင်း နှင့် ပက်သက်သောရောဂါ ဝေဒနာများ သတိထားသင့်။(တပ်အပ်ဖြစ်မည်ဟု မဆိုလိုပါ ။ သတိထားရန်ဖြစ်သည်)

ယတြာ။ ။မည့်သည့်နေ့တွင်မဆို မနက်(၅)နာရီ(၄)မိနစ်တိတိတွင် အုန်းသီးပါသောမုန့် (၆)ခု ၊ လက်ဖက်ရည် (၄)ခွက် ၊ ပန်းအဝါ (၅)ပွင့် ၊ သောက်တော်ရေ (၄)ခွက် ၊ ဖယောင်းတိုင် (၄) တိုင် ၊ ကို မိမိနေအိမ်ဘုရားတွင် လှူဒါန်းဆုတောင်းခြင်းဖြင့် တစ်နှစ်တာလုံး အခိုက်အည့ံများ ကင်းစင်ကြေပျောက်ပြီး အကြံအစည်များအောင်မြင်လတ္တံ့။(အကြောင်းရှိတိုင်း မကြာခဏပြုလုပ်နိုင်သည်)

မင်းသိမ်းခိုင် – ရွှေရမ်းထူးလင်း