အရြယ္မေရာက္ေသးသူအား သားမယားအျဖစ္ ေပါင္းသင္း ေနထိုင္သူအား အလုပ္ႏွင့္ ေထာင္ဒဏ္ (၂၅) ႏွစ္ ခ်မွတ္

အရြယ္မေရာက္ေသးသူအား သားမယားအျဖစ္ ေပါင္းသင္း ေနထိုင္သူ တရားခံအား အေရွ႕ပိုင္းခရိုင္ တရားရံုးမွ အလုပ္ႏွင့္ေထာင္ဒဏ္ (၂၅) ႏွစ္ ခ်မွတ္

ရန္ကုန္၊ ဧၿပီ ၁၉

အေရွ႕ပိုင္းခရိုင္၊ သာေကတၿမိဳ႕နယ္၊ သာေကတနယ္ေျမရဲစခန္း(ပ)၃၈၃/ ၂၀၁၇၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၇၆/၃၆၃ အမႈမွ တရားခံျဖစ္သူ သက္ေဇာ္ေ၀အား အေရွ႕ပိုင္းခရိုင္တရားရံုးမွ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ အရ အလုပ္ႏွင့္ ေထာင္ဒဏ္ (၂၀) ႏွစ္၊ ရာဇသတ္ႀကီးပုဒ္မ ၃၆၃ အရ အလုပ္ႏွင့္ေထာင္ဒဏ္ (၅) ႏွစ္တို႔အား တစ္ေပါင္းတည္း က်ခံေစရန္ အမိန္႔ခ်မွတ္ခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ၁၁.၄.၂၀၁၇ ရက္ေန႔ ညေန ၃ နာရီခဲြအခ်ိန္တြင္ ဒဂံုၿမိဳ႕သစ္ (ဆိပ္ကမ္း)ၿမိဳ႕နယ္ေန ေဒၚ—၏ သမီး ျဖစ္သူ မ——၊ (၁၄) ႏွစ္မွာ သူငယ္ခ်င္းျဖစ္သူ ေနထိုင္ေသာ သံုးခြၿမိဳ႕နယ္သို႔ အလည္လိုက္သြားခဲ့ေၾကာင္း၊

၁၂.၄.၂၀၁၇ ရက္ေန႔တြင္ သမီးျဖစ္သူမွာ ေနအိမ္ျပန္လည္ ေရာက္ရွိလာျခင္း မရွိသျဖင့္ သံုးခြၿမိဳ႕နယ္ရွိ ၎၏ သူငယ္ခ်င္းျဖစ္သူထံ ဖုန္းဆက္ ေမးျမန္းခဲ့ရာ ျပန္သြားၿပီးျဖစ္ေၾကာင္း သိရသျဖင့္ လိုက္လံစံုစမ္းခဲ့ေၾကာင္း၊

၁၇.၄.၂၀၁၇ ရက္ေန႔ တြင္ ဒဂံုၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္၊ (၉၁) ရပ္ကြက္ရွိ သက္ေဇာ္ေ၀၏ ေနအိမ္တြင္ ေတြ႕ရွိရ သျဖင့္ ေနအိမ္သုိ႔ ျပန္၍ ေခၚလာခဲ့ေၾကာင္း၊ ၎မွ သမီးျဖစ္သူအား ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေမးျမန္းခဲ့ရာ

၁၂.၄.၂၀၁၇ ရက္ေန႔တြင္ သက္ေဇာ္ေ၀မွ သာေကတၿမိဳ႕နယ္၊ အ၀ိုင္းထိပ္သို႔လာခဲ့ရန္ ဖုန္းဆက္ခ်ိန္းဆို သျဖင့္ သြားေရာက္ခဲ့ၿပီး သာေကတၿမိဳ႕နယ္၊ ကမာၾကည္တံတားအနီး တည္းခိုးခန္းတစ္ခုတြင္ သက္ေဇာ္ေ၀ႏွင့္အတူ ေပါင္းသင္း ေနထိုင္ခဲ့ေၾကာင္း၊ ယင္းကဲ့သို႔ အရြယ္ မေရာက္ေသးသူအား သားမယားအျဖစ္ ေပါင္းသင္း ေနထိုင္သူ သက္ေဇာ္ေ၀၊ (၃၇) ႏွစ္အား အေရးယူေပးရန္ မိခင္ျဖစ္သူ၏ တိုင္တန္းခ်က္အရ သာေကတနယ္ေျမ ရဲစခန္းတြင္ အမႈဖြင့္ကာ အေရးယူ ေဆာင္ရြက္ခဲ့ေသာ အမႈျဖစ္ေၾကာင္း သတင္းရရွိသည္။

Source : Yangon Police

(Unicode Version)

အရွယ်မရောက်သေးသူအား သားမယားအဖြစ် ပေါင်းသင်း နေထိုင်သူ တရားခံအား အရှေ့ပိုင်းခရိုင် တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ် (၂၅) နှစ် ချမှတ်

ရန်ကုန်၊ ဧပြီ ၁၉

အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၊ သာကေတနယ်မြေရဲစခန်း(ပ)၃၈၃/ ၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/၃၆၃ အမှုမှ တရားခံဖြစ်သူ သက်ဇော်ဝေအား အရှေ့ပိုင်းခရိုင်တရားရုံးမှ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ အလုပ်နှင့် ထောင်ဒဏ် (၂၀) နှစ်၊ ရာဇသတ်ကြီးပုဒ်မ ၃၆၃ အရ အလုပ်နှင့်ထောင်ဒဏ် (၅) နှစ်တို့အား တစ်ပေါင်းတည်း ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၁၁.၄.၂၀၁၇ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်တွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်နေ ဒေါ်—၏ သမီး ဖြစ်သူ မ——၊ (၁၄) နှစ်မှာ သူငယ်ချင်းဖြစ်သူ နေထိုင်သော သုံးခွမြို့နယ်သို့ အလည်လိုက်သွားခဲ့ကြောင်း၊

၁၂.၄.၂၀၁၇ ရက်နေ့တွင် သမီးဖြစ်သူမှာ နေအိမ်ပြန်လည် ရောက်ရှိလာခြင်း မရှိသဖြင့် သုံးခွမြို့နယ်ရှိ ၎င်း၏ သူငယ်ချင်းဖြစ်သူထံ ဖုန်းဆက် မေးမြန်းခဲ့ရာ ပြန်သွားပြီးဖြစ်ကြောင်း သိရသဖြင့် လိုက်လံစုံစမ်းခဲ့ကြောင်း၊

၁၇.၄.၂၀၁၇ ရက်နေ့ တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၁) ရပ်ကွက်ရှိ သက်ဇော်ဝေ၏ နေအိမ်တွင် တွေ့ရှိရ သဖြင့် နေအိမ်သို့ ပြန်၍ ခေါ်လာခဲ့ကြောင်း၊ ၎င်းမှ သမီးဖြစ်သူအား ဖြစ်စဉ်နှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ

၁၂.၄.၂၀၁၇ ရက်နေ့တွင် သက်ဇော်ဝေမှ သာကေတမြို့နယ်၊ အဝိုင်းထိပ်သို့လာခဲ့ရန် ဖုန်းဆက်ချိန်းဆို သဖြင့် သွားရောက်ခဲ့ပြီး သာကေတမြို့နယ်၊ ကမာကြည်တံတားအနီး တည်းခိုးခန်းတစ်ခုတွင် သက်ဇော်ဝေနှင့်အတူ ပေါင်းသင်း နေထိုင်ခဲ့ကြောင်း၊ ယင်းကဲ့သို့ အရွယ် မရောက်သေးသူအား သားမယားအဖြစ် ပေါင်းသင်း နေထိုင်သူ သက်ဇော်ဝေ၊ (၃၇) နှစ်အား အရေးယူပေးရန် မိခင်ဖြစ်သူ၏ တိုင်တန်းချက်အရ သာကေတနယ်မြေ ရဲစခန်းတွင် အမှုဖွင့်ကာ အရေးယူ ဆောင်ရွက်ခဲ့သော အမှုဖြစ်ကြောင်း သတင်းရရှိသည်။

Source : Yangon Police