




လင်းလင်းအောင်

Source : News Watch

(Unicode Version)

ရွှေတိဂုံ စေတီ ရာဟုထောင့်တွင် အမျိုးသားတစ်ဦး ဘုရားရှိခိုးအပြီး မိမိ၏ လည်ပင်းကို ဓားဖြင့်ထိုး

ရွှေတိဂုံ စေတီ ရင်ပြင်တော် ရာဟုထောင့်တွင် (ဧပြီ ၂၇) နံနက် ၉ နာရီ မိနစ် ၂၀ ခန့်က အမျိုးသားတစ်ဦးမှာ ဘုရားရှိခိုး အပြီး မိမိလည်ပင်းကို ဓားဖြင့်ထိုးမှု ဖြစ်ပွားခဲ့ကြောင်း ကနဦး သတင်းရရှိသည်။

“ကိုယ့်ကိုယ်ကို ဓားနဲ့ ထိုးတာလား၊ ခုတ်တာလား မသိဘူး။ သူ့ကို လုံခြုံရေးတွေ သယ်ထုတ်သွားတာ သွေးတွေ ထွက်နေတာ မြင်လိုက်တာ” ဟု ဘုရားဖူးဖြစ်သူ ကိုဇော်နီက ပြောသည်။

ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့သော်လည်း အသေးစိတ်ကို မပြောဆို နိုင်သေးကြောင်း ရွှေတိဂုံ ဘုရားဂေါပကအဖွဲ့ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“အခုက ဆေးရုံပို့ထားပါတယ်။ အသေးစိတ်ကိုတော့ မပြောဆိုနိုင်သေးပါဘူး” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

လင်းလင်းအောင်

Source : News Watch