ရဲဟာ လူတစ္ေယာက္ကို ၂၄ နာရီထက္ ပိုခ်ဳပ္ထားရင္ ဘာျဖစ္မလဲ

ရဲဟာ လူတစ္ေယာက္ကို ၂၄ နာရီထက္ ပိုခ်ဳပ္ထားရင္ ဘာျဖစ္မလဲ။ ဝရမ္းမပါပဲ ရဲမ်ားသည္ လူတစ္ဦးကို ၂၄ နာရီထက္ ပို၍ ခ်ုပ္ေႏွာင္ ခြင့္ရွိသလား။

ရဲမ်ားသည္ လူတစ္ဦးကို ၂၄ နာရီထက္ ပို၍ ခ်ုပ္ေႏွာင္ ခြင့္မရွိပါ။ အေၾကာင္းမႈ

၁။ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ အရ အမ်ားျပည္သူအက်ိုးငွာ ဥပေဒႏွင့္ အညီ ၾကိုတင္ကာကြယ္ရန္ကိစၥ/ ဥပေဒတစ္ရပ္ရပ္အရ ခြင့္ျပုသည့္ ကိစၥမွတပါး မည္သူ့ကိုမ်ွ တရားသူၾကီး၏ ခ်ုပ္မိန့္မရဘဲ ၂၄ နာရီထက္ပို၍ ခ်ုပ္ေႏွာင္ခြင့္မရွိပါ။

၂။ ရာဇ၀တ္က်င့္ထုံးဥပေဒပုဒ္မ ၆၁ တြင္ မည္သည့္ရဲအရာရွိကမ်ွ ၀ရမ္းမပါဘဲ ဖမ္းဆီးထားသူတစ္ဦးကို ရာဇ၀တ္က်င့္ထုံးဥပေဒပုဒ္မ ၁၆၇ အရ တရားသူၾကီး၏ ခ်ုပ္မိန့္မရရွိဘဲ ဖမ္းမိသည့္ေနရာမွ ရဲစခန္းႏွင့္ ထိုမွတဖန္ တရားရံုးသို့ ပို့ရန္ အခ်ိန္ကို ႏႈတ္ျပီးလ်ွင္ ၂၄ နာရီထက္ပို၍ ခ်ုပ္ေႏွာင္မထားရ။

ခ်ုပ္မိန့္ (Remand) ရာဇ၀တ္က်င့္ထုံး ဥပေဒ ပုဒ္မ ၁၆၇

၃။ ဖမ္းဆီးခံထားသူတစ္ဦးကို စုံစမ္းစစ္ေဆးရာတြင္ အထက္ေဖာ္ျပပါ ပုဒ္မမ်ားအရ သတ္မွတ္သည့္ ၂၄ နာရီအတြင္း ျပီးႏိုင္မည့္ ပုံမေပၚသည့္အျပင္ စြပ္စြဲခ်က္/သတင္းေပးခ်က္မ်ားသည္ ခိုင္လုံသည္ဟု ယုံၾကည္ရန္အေၾကာင္းရွိလ်ွင္ ရဲအရာရွိက အမႈဆိုင္ရာ မွတ္တမ္းမိတၱူ မ်ားႏွင့္ အတူ ဖမ္းဆီခံထားရသူကို အနီးဆုံး တရားသူၾကီးထံ ခ်က္ခ်င္းေပးပို့ရမည္။

၄။ အဆိုပါ ဖမ္းဆီးစြပ္စြဲခံရသူကို လက္ခံရရွိ သည့္ တရားသူၾကီးသည္ ထိုအမႈကို စစ္ေဆးစီရင္ပိုင္ခြင့္ ရွိသည္ျဖစ္ေစ မရွိသည္ျဖစ္ေစ မိမိသင့္သည္ ထင္ျမင္သည့္ အတိုင္း စြပ္စြဲခံရသူအား ခ်ုပ္ေႏွာင္ႏိုင္သည္။

၅။ သို့ရာတြင္ စြပ္စြဲခံရသူမွာ အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ ၇ ႏွစ္ေအာက္မနည္းေသာျပစ္ဒဏ္ကို ခ်မွတ္ႏိုင္သည့္ ျပစ္မႈႏွင့္ စြပ္စြဲခံရလ်ွင္ ထိုသူကို ရက္ေပါင္း ၃၀ ထက္ပို၍ခ်ုပ္ေႏွာင္မထားရ။ ထိုျပင္ စြပ္စြဲခံရေသာျပစ္မႈသည္ အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ ၇ႏွစ္ေအာက္သာ ခ်မွတ္ႏိုင္ေသာ ျပစ္မႈျဖစ္ပါက စြပ္စြဲခံရသူကို ၁၅ ရက္ထက္ပို၍ ခ်ုပ္ေႏွာင္မထားရ။

ခ်ဳပ္မိန့္မေပးရန္ တင္ျပျခင္း။ တရားရုံးမ်ား လက္စြဲ အပိုဒ္ ၄၀၃

၆။ ရဲေတာင္းသည့္အတိုင္း ခ်ုပ္ရမန္မေပးရန္ကန့္ကြက္ႏိုင္သည္။ အာမခံေပးရန္ႏွင့္ အျခားေသာ ေလ်ွာက္ထားမႈမ်ားကိုလည္း ျပုလုပ္ခြင့္ရွိသည္။ ရဲကႏွိပ္စက္လ်ွင္ တရားသူၾကီးအား အေရးယူေပးရန္ တင္ျပႏိုင္သည္။

ဖမ္းဆီးထားသူအား လႊတ္ေပးျခင္း။ ရာဇ၀တ္က်င့္ထုံး ဥပေဒ ပုဒ္မ ၆၃

၇။ ရဲသည္ မိမိဖမ္းဆီထားသူကို ကိုယ္တိုင္ခံ၀န္ခ်ုပ္မရွိဘဲျဖစ္ေစ အာမခံမေပးဘဲျဖစ္ေစ တရားသူၾကီး၏ အမိန့္မပါဘဲျဖစ္ေစ မလႊတ္ရ။ ခ်ုပ္မိန့္မရွိဘဲ ၂၄ နာရီထက္ပိုမို ခ်ုပ္ေႏွာင္ထားျခင္း။ ၈။ ရဲသည္ စြပ္စြဲခံရသူအား ၂၄ နာရီထက္ပို၍ ခ်ုပ္ေႏွာင္ထားပါက ရာဇသတ္ၾကီးဥပေဒ ပုဒ္မ၃၄၀ မတရားခ်ုပ္ေႏွာင္ထားမႈကို ေဖာက္ဖ်က္ က်ူးလြန္ရာေရာက္သည္။

(အမ်ားျပည္သူ လြယ္လင့္တကူ သိရွိေအာင္ေရးသားထားျခင္း ျဖစ္သည္။ လိုအပ္ခ်က္မ်ားရွိပါက တင္ျပသူ၏ ညံ့ဖ်င္းမႈသာျဖစ္ျပီး တတ္သိနားလည္သူမ်ားက ျဖည့္စြက္ေပးပါရန္ေမတၱာရပ္ခံအပ္ပါသည္။)

Ref : ၁။ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ

၂။ ရာဇ၀တ္က်င့္ထုံးဥပေဒ

၃။ ျပည္သူ့ ရဲတာ၀န္- ဦးခ်စ္ခိုင္

၄။ ျပည္သူလူထု သိမွတ္ဖြယ္ရာ ရဲလက္စြဲ ဥပေဒအေျခခံမ်ား

Credit : KyarNyo

(Unicode Version)

ရဲဟာ လူတစ်ယောက်ကို ၂၄ နာရီထက် ပိုချုပ်ထားရင် ဘာဖြစ်မလဲ

ရဲဟာ လူတစ်ယောက်ကို ၂၄ နာရီထက် ပိုချုပ်ထားရင် ဘာဖြစ်မလဲ။ ဝရမ်းမပါပဲ ရဲများသည် လူတစ်ဦးကို ၂၄ နာရီထက် ပို၍ ချုပ်နှောင် ခွင့်ရှိသလား။

ရဲများသည် လူတစ်ဦးကို ၂၄ နာရီထက် ပို၍ ချုပ်နှောင် ခွင့်မရှိပါ။ အကြောင်းမှု

၁။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ အများပြည်သူအကျိုးငှာ ဥပဒေနှင့် အညီ ကြိုတင်ကာကွယ်ရန်ကိစ္စ/ ဥပဒေတစ်ရပ်ရပ်အရ ခွင့်ပြုသည့် ကိစ္စမှတပါး မည်သူ့ကိုမျှ တရားသူကြီး၏ ချုပ်မိန့်မရဘဲ ၂၄ နာရီထက်ပို၍ ချုပ်နှောင်ခွင့်မရှိပါ။

၂။ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၆၁ တွင် မည်သည့်ရဲအရာရှိကမျှ ဝရမ်းမပါဘဲ ဖမ်းဆီးထားသူတစ်ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၆၇ အရ တရားသူကြီး၏ ချုပ်မိန့်မရရှိဘဲ ဖမ်းမိသည့်နေရာမှ ရဲစခန်းနှင့် ထိုမှတဖန် တရားရုံးသို့ ပို့ရန် အချိန်ကို နှုတ်ပြီးလျှင် ၂၄ နာရီထက်ပို၍ ချုပ်နှောင်မထားရ။

ချုပ်မိန့် (Remand) ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၆၇

၃။ ဖမ်းဆီးခံထားသူတစ်ဦးကို စုံစမ်းစစ်ဆေးရာတွင် အထက်ဖော်ပြပါ ပုဒ်မများအရ သတ်မှတ်သည့် ၂၄ နာရီအတွင်း ပြီးနိုင်မည့် ပုံမပေါ်သည့်အပြင် စွပ်စွဲချက်/သတင်းပေးချက်များသည် ခိုင်လုံသည်ဟု ယုံကြည်ရန်အကြောင်းရှိလျှင် ရဲအရာရှိက အမှုဆိုင်ရာ မှတ်တမ်းမိတ္တူ များနှင့် အတူ ဖမ်းဆီခံထားရသူကို အနီးဆုံး တရားသူကြီးထံ ချက်ချင်းပေးပို့ရမည်။

၄။ အဆိုပါ ဖမ်းဆီးစွပ်စွဲခံရသူကို လက်ခံရရှိ သည့် တရားသူကြီးသည် ထိုအမှုကို စစ်ဆေးစီရင်ပိုင်ခွင့် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ မိမိသင့်သည် ထင်မြင်သည့် အတိုင်း စွပ်စွဲခံရသူအား ချုပ်နှောင်နိုင်သည်။

၅။ သို့ရာတွင် စွပ်စွဲခံရသူမှာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ်အောက်မနည်းသောပြစ်ဒဏ်ကို ချမှတ်နိုင်သည့် ပြစ်မှုနှင့် စွပ်စွဲခံရလျှင် ထိုသူကို ရက်ပေါင်း ၃၀ ထက်ပို၍ချုပ်နှောင်မထားရ။ ထိုပြင် စွပ်စွဲခံရသောပြစ်မှုသည် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ရနှစ်အောက်သာ ချမှတ်နိုင်သော ပြစ်မှုဖြစ်ပါက စွပ်စွဲခံရသူကို ၁၅ ရက်ထက်ပို၍ ချုပ်နှောင်မထားရ။

ချုပ်မိန့်မပေးရန် တင်ပြခြင်း။ တရားရုံးများ လက်စွဲ အပိုဒ် ၄၀၃

၆။ ရဲတောင်းသည့်အတိုင်း ချုပ်ရမန်မပေးရန်ကန့်ကွက်နိုင်သည်။ အာမခံပေးရန်နှင့် အခြားသော လျှောက်ထားမှုများကိုလည်း ပြုလုပ်ခွင့်ရှိသည်။ ရဲကနှိပ်စက်လျှင် တရားသူကြီးအား အရေးယူပေးရန် တင်ပြနိုင်သည်။

ဖမ်းဆီးထားသူအား လွှတ်ပေးခြင်း။ ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၆၃

၇။ ရဲသည် မိမိဖမ်းဆီထားသူကို ကိုယ်တိုင်ခံဝန်ချုပ်မရှိဘဲဖြစ်စေ အာမခံမပေးဘဲဖြစ်စေ တရားသူကြီး၏ အမိန့်မပါဘဲဖြစ်စေ မလွှတ်ရ။ ချုပ်မိန့်မရှိဘဲ ၂၄ နာရီထက်ပိုမို ချုပ်နှောင်ထားခြင်း။ ၈။ ရဲသည် စွပ်စွဲခံရသူအား ၂၄ နာရီထက်ပို၍ ချုပ်နှောင်ထားပါက ရာဇသတ်ကြီးဥပဒေ ပုဒ်မ၃၄၀ မတရားချုပ်နှောင်ထားမှုကို ဖောက်ဖျက် ကျူးလွန်ရာရောက်သည်။

(အများပြည်သူ လွယ်လင့်တကူ သိရှိအောင်ရေးသားထားခြင်း ဖြစ်သည်။ လိုအပ်ချက်များရှိပါက တင်ပြသူ၏ ညံ့ဖျင်းမှုသာဖြစ်ပြီး တတ်သိနားလည်သူများက ဖြည့်စွက်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။)

Ref : ၁။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

၂။ ရာဇဝတ်ကျင့်ထုံးဥပဒေ

၃။ ပြည်သူ့ ရဲတာဝန်- ဦးချစ်ခိုင်

၄။ ပြည်သူလူထု သိမှတ်ဖွယ်ရာ ရဲလက်စွဲ ဥပဒေအခြေခံများ

Credit : KyarNyo