ဗိုလ္ခ်ဳပ္ေအာင္ဆန္း ႐ုပ္ပံုပါ ေရႊဒဂၤါးမ်ား ေရာင္းခ်မည္

ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္မွ စံခ်ိန္မီတစ္မတ္သား ေရႊဒဂၤါးကို ပုံစံသစ္ျဖင့္ ေရာင္းခ်မည္ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္သည္ တစ္က်ပ္သား၊ ငါးမူးသား၊ တစ္မတ္သား စံခ်ိန္မီ ေရႊဒဂၤါးမ်ားကို ၁၉၉၁ ခုႏွစ္မွ စတင္ထုတ္ေဝခဲ့သည္။

စံခ်ိန္မီေရႊဒဂၤါးမ်ားတြင္ တစ္က်ပ္သားေရႊဒဂၤါး၏ မ်က္ႏွာပိုင္းဗဟိုတြင္ ၾကယ္တစ္ပြင့္ပုံ၊ ငါးမူးသား ေရဒဂၤါး၏ မ်က္ႏွာပိုင္းဗဟိုတြင္ လယ္ထြန္ေသာပုံ၊ တစ္မတ္သား ေရႊဒဂၤါး၏ မ်က္ႏွာပိုင္းဗဟိုတြင္ သစ္ဆြဲေနေသာ ဆင္ပုံမ်ား သြန္းေလာင္းထားသည္။

ယခုအခါ ျပည္သူမ်ားဝယ္ယူမႈ မ်ားျပားေသာ တစ္မတ္သားေရႊဒဂၤါးမွာ လက္က်န္မရွိေတာ့သျဖင့္ အသစ္သြန္းေလာင္းထုတ္ေဝမည္ျဖစ္သည္။ အသစ္သြန္းေလာင္းသည့္ တစ္မတ္သားေရႊဒဂၤါး၏ အခ်င္း မွာ ၁၈ ဒသမ ဝ မီလီမီတာ၊ အထူမွာ ၁ ဒသမ ဝ မီလီမီတာ ရွိသည္။ ဒဂၤါး၏မ်က္ႏွာပိုင္းဗဟိုတြင္ အမ်ဳိးသားေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္း ပုံႏွင့္ပုံ၏ေအာက္တြင္ ဗကညါ ွေည အမည္ပါရွိသည္။ ဒဂၤါး၏ အနားပတ္လည္တြင္ “Central Bank of Myanmar”၊ “4.082 gm 999.9 Fine Gold” ဟု အဂၤလိပ္စာလုံးျဖင့္ ေဖာ္ျပထားၿပီး အျခားတစ္ဖက္မ်က္ႏွာျပင္တြင္ ”ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ ၂ဝ၁၈၊ ၁ မတ္သား၊ ၉၉၉.၉ သန္႔စင္ေရႊ” ဟု ျမန္မာစာလုံးျဖင့္ ေဖာ္ျပထားသည္။

တစ္မတ္သားေရႊဒဂၤါးဝယ္ယူသည့္ အခါ ေရႊဒဂၤါးျပားႏွင့္အတူ ဗဟိုဘဏ္ ဥကၠ႒ႏွင့္သြန္းေလာင္း သည့္ ဌာနအႀကီးအကဲတို႔၏ မွန္ကန္ေၾကာင္း ေထာက္ခံ ခ်က္မ်ား တစ္ေပါင္းတည္းပါရွိမည္ျဖစ္သည္။

တစ္မတ္သား ေရႊဒဂၤါးျပားကို ျမန္မာ့ေက်ာက္မ်က္ရတနာေရာင္းဝယ္ေရးလုပ္ငန္း၏ အေရာင္း ဆိုင္မ်ား (ေနျပည္ေတာ္၊ ရန္ကုန္၊ မႏၲေလး) တြင္ ေန႔စဥ္ေပါက္ေစ်းအေပၚ အေလ်ာ့တြက္ႏွင့္ ကုန္က်စရိတ္ ၁၂၅ဝဝ က်ပ္ ထပ္ေပါင္းသည့္ ေစ်းႏႈန္းျဖင့္ ဝယ္ယူရရွိႏိုင္ေၾကာင္း ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္မွ သတင္းရရွိသည္။

Source : Myanmaalinn

(Unicode Version)

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ ရွှေဒင်္ဂါးများ ရောင်းချမည်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ စံချိန်မီတစ်မတ်သား ရွှေဒင်္ဂါးကို ပုံစံသစ်ဖြင့် ရောင်းချမည်မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် တစ်ကျပ်သား၊ ငါးမူးသား၊ တစ်မတ်သား စံချိန်မီ ရွှေဒင်္ဂါးများကို ၁၉၉၁ ခုနှစ်မှ စတင်ထုတ်ဝေခဲ့သည်။

စံချိန်မီရွှေဒင်္ဂါးများတွင် တစ်ကျပ်သားရွှေဒင်္ဂါး၏ မျက်နှာပိုင်းဗဟိုတွင် ကြယ်တစ်ပွင့်ပုံ၊ ငါးမူးသား ရေဒင်္ဂါး၏ မျက်နှာပိုင်းဗဟိုတွင် လယ်ထွန်သောပုံ၊ တစ်မတ်သား ရွှေဒင်္ဂါး၏ မျက်နှာပိုင်းဗဟိုတွင် သစ်ဆွဲနေသော ဆင်ပုံများ သွန်းလောင်းထားသည်။

ယခုအခါ ပြည်သူများဝယ်ယူမှု များပြားသော တစ်မတ်သားရွှေဒင်္ဂါးမှာ လက်ကျန်မရှိတော့သဖြင့် အသစ်သွန်းလောင်းထုတ်ဝေမည်ဖြစ်သည်။ အသစ်သွန်းလောင်းသည့် တစ်မတ်သားရွှေဒင်္ဂါး၏ အချင်း မှာ ၁၈ ဒသမ ဝ မီလီမီတာ၊ အထူမှာ ၁ ဒသမ ဝ မီလီမီတာ ရှိသည်။ ဒင်္ဂါး၏မျက်နှာပိုင်းဗဟိုတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပုံနှင့်ပုံ၏အောက်တွင် ဗကညါ ှညေ အမည်ပါရှိသည်။ ဒင်္ဂါး၏ အနားပတ်လည်တွင် “Central Bank of Myanmar”၊ “4.082 gm 999.9 Fine Gold” ဟု အင်္ဂလိပ်စာလုံးဖြင့် ဖော်ပြထားပြီး အခြားတစ်ဖက်မျက်နှာပြင်တွင် ”မြန်မာနိုင်ငံတော် ဗဟိုဘဏ် ၂ဝ၁၈၊ ၁ မတ်သား၊ ၉၉၉.၉ သန့်စင်ရွှေ” ဟု မြန်မာစာလုံးဖြင့် ဖော်ပြထားသည်။

တစ်မတ်သားရွှေဒင်္ဂါးဝယ်ယူသည့် အခါ ရွှေဒင်္ဂါးပြားနှင့်အတူ ဗဟိုဘဏ် ဥက္ကဋ္ဌနှင့်သွန်းလောင်း သည့် ဌာနအကြီးအကဲတို့၏ မှန်ကန်ကြောင်း ထောက်ခံ ချက်များ တစ်ပေါင်းတည်းပါရှိမည်ဖြစ်သည်။

တစ်မတ်သား ရွှေဒင်္ဂါးပြားကို မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၏ အရောင်း ဆိုင်များ (နေပြည်တော်၊ ရန်ကုန်၊ မန္တလေး) တွင် နေ့စဉ်ပေါက်စျေးအပေါ် အလျော့တွက်နှင့် ကုန်ကျစရိတ် ၁၂၅ဝဝ ကျပ် ထပ်ပေါင်းသည့် စျေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သတင်းရရှိသည်။

Source : Myanmaalinn