
မိတ်ဆွေတို့ကို ဒီတစ်ခါတင်ပြပေးမယ့်အကြောင်းအရာကတော့ ငှက်ပျောခွံရဲ့ ကျန်းမာရေးအတွက်အသုံးဝင်ပုံများ ဖြစ်ပါတယ်။


(၁) ငှက်ပျောခွံရဲ့ အတွင်းသားကို ကြမ်းပိုးတို့ အင်းဆက်တို့လို အကောင်ကိုက်နာ (Bug Bites) တွေမှာ ပွတ်တိုက် လိမ်းပေးရင် အရေပြားကို သက်သာချောမွေ့စေပြီး ယားယံတာကိုလဲ ပြေပျောက်စေပါတယ်။

(၂) အညိုအမည်းစွဲနေတဲ့ အတွင်းကြေဒဏ်ရာ (Bruises) တွေကိုလဲ မြန်မြန် သက်သာစေတဲ့အစွမ်း ရှိပါတယ်။

(၃) သွားဖြူချင်ရင်လဲ ငှက်ပျောခွံအတွင်းသားကို သွားပေါ်မှာ မိနစ်နည်းနည်းလောက် နေ့တိုင်း အချိန်ပေး တိုက်ပေးသွားရင် သီတင်းပတ်အနည်းငယ်လောက်အတွင်းမှာပဲ သွားတွေ သိသိသာသာ ဖြူဖွေးလာတာ တွေ့ရပါမယ်။

(၄) ငှက်ပျောခွံဟာ ၀က်ခြံ (Acne) ကြောင့် အရေပြား တင်းမာဖူးယောင်ပြီး ယားယံတာကိုလဲ ပြေပျောက်သက်သာစေပြီး ၀က်ခြံဖြစ်တတ်တာကိုလဲ တဖြည်းဖြည်း လျှော့ချပေးနိုင်ပါတယ်။ မျက်နှာနဲ့ ခန္ဓာကိုယ်မှာ ပေါက်နေတဲ့ ၀က်ခြံတွေပေါ်ကို ငှက်ပျောခွံအတွင်းသားလေးနဲ့ ညတိုင်းသာ သေသေချာချာ တိုက်ပေးပေတော့။

(၅) အရေပြားပေါ်မှာ ကြမ်းကြမ်းထော်ထော် အနီပိမ့်ကြီးတွေ (psoriasis) ထတာမျိုးဆိုရင်လဲ အဲဒီအရေပြားနေရာကို တနေ့ ၂ ကြိမ်လောက် ငှက်ပျောခွံအတွင်းသားလေး တိုက်ပေးပါလား။ ငှက်ပျောမှာက ရေဓာတ် ထိန်းပေးတဲ့ အစွမ်းသတ္တိ၊ ယားယံမှုကို ပြေပျောက်စေတဲ့အစွမ်း၊ အဲလို အရေပြား နီရဲဖုထနေတာတွေကို ပြေပျောက်သက်သာစေတဲ့ အာနိသင် အပြည့်အ၀ ရှိတာကြောင့် မှန်မှန်သာ တိုက်ပေးရင် ရက်အနည်းငယ်အတွင်းမှာကို ထူးထူးခြားခြား အကျိုးကောင်းတွေ ခံစားရမှာပါလေ။

(၆) အဖုအပိမ့်နဲ့ ယားနာတွေ (Rashes and itches) အတွက်ဆိုလဲ ငှက်ပျောခွံဟာ သိပ်ကောင်းတဲ့ သဘာဝဆေးတစ်လက်ပါပဲ။ အနီဖုတွေ အယားဖုတွေ လုံးဝပျောက်သွားတဲ့အထိ ငှက်ပျောခွံအတွင်းသားနဲ့ တနေ့ ၂ ခါ မှန်မှန် တိုက်ပေးပါနော်။

(၇) ငှက်ပျောခွံက ခေါင်းကိုက်ရင်လဲ သက်သာစေတယ်တဲ့။ နဖူးပေါ်မှာ ငှက်ပျောခွံလေး လှီးပြီးသာ ကပ်ထားလိုက်ပါတဲ့။

(၈) သားရေ ရှူးဖိနပ်တွေ ပြောင်လက်တောက်ပနေအောင်လဲ ဖိနပ်တိုက်ဆေး မလွယ်ကူရင် ငှက်ပျောခွံနဲ့ တိုက်လို့ရပါတယ်။ ငှက်ပျောခွံနဲ့ ဖိနပ်ကို အရင်တိုက်လိုက်။ ပြီးရင် အ၀တ်စ ခပ်နုနုလေးနဲ့ ပြန်ထပ်တိုက်ပေးရပါမယ် တဲ့လေ။

(၉) သားရေထည်တွေနဲ့ ပရိဘောဂတွေကိုလဲ ငှက်ပျောခွံအတွင်းသားနဲ့ တိုက်ပေးပြီး အရောင်တင်ပေးလို့ ရပါသေးတယ်။ ဆိုဖာကြီး တစ်ခုလုံးကို မတိုက်သေးခင် နေရာနဲနဲလောက် သတ်မှတ်ပြီး အရင်စမ်းသပ်ကြည့်ပါလား။ ငှက်ပျောခွံအတွင်းသားလေးနဲ့ အရင်တိုက်၊ ပြီးရင် အ၀တ်စ ခပ်နုနုနဲ့ တိုက်ပေးလိုက်ပါ။


Source : Myawady Health

(Unicode Version)

ငှက်ပျောခွံ၏ အသုံးဝင်ပုံများ

မိတ်ဆွေတိုု့ကို ဒီတစ်ခါတင်ပြပေးမယ့်အကြောင်းအရာကတော့ ငှက်ပျောခွံရဲ့ ကျန်းမာရေးအတွက်အသုံးဝင်ပုံများ ဖြစ်ပါတယ်။

လူတိုင်းနီးပါး စားဖူးကြပြီး အလွယ်တကူ လွင့်ပစ်တတ်တဲ့ ငှက်ပျောသီးခွံမှာ ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုပေးနိုင်တာကို ပညာရှင်များက လေ့လာတွေ့ရှိထားပြီး နိုင်ငံတကာ ကျန်းမာရေးစာမျက်နှာများကနေ အသီးသီး တင်ဆက်ပေးထားကြပါတယ်။ မိမိဖတ်ရှုရသလို အများပြည်သူများလည်း ပြန်လည်ဖတ်ရှုနိုင်ရန် ရေးသား မျှဝေပေးလိုက်ပါတယ်။ ငှက်ပျောသီးကတော့ ဘာအမျိုးအစားမဆို ရပါတယ်။ အနောက်တိုင်းမှာတော့ သီးမွှေးတစ်ခုတည်းပဲ ပေါများတဲ့အတွက် သီးမွှေးကိုပဲ အသုံးပြုကြတာ များပါတယ်။

(၁) ငှက်ပျောခွံရဲ့ အတွင်းသားကိုု ကြမ်းပိုုးတိုု့ အင်းဆက်တိုု့လိုု အကောင်ကိုုက်နာ (Bug Bites) တွေမှာ ပွတ်တိုုက် လိမ်းပေးရင် အရေပြားကိုု သက်သာချောမွေ့စေပြီး ယားယံတာကိုုလဲ ပြေပျောက်စေပါတယ်။

(၂) အညိုအမည်းစွဲနေတဲ့ အတွင်းကြေဒဏ်ရာ (Bruises) တွေကိုုလဲ မြန်မြန် သက်သာစေတဲ့အစွမ်း ရှိပါတယ်။

(၃) သွားဖြူချင်ရင်လဲ ငှက်ပျောခွံအတွင်းသားကိုု သွားပေါ်မှာ မိနစ်နည်းနည်းလောက် နေ့တိုုင်း အချိန်ပေး တိုုက်ပေးသွားရင် သီတင်းပတ်အနည်းငယ်လောက်အတွင်းမှာပဲ သွားတွေ သိသိသာသာ ဖြူဖွေးလာတာ တွေ့ရပါမယ်။

(၄) ငှက်ပျောခွံဟာ ဝက်ခြံ (Acne) ကြောင့် အရေပြား တင်းမာဖူးယောင်ပြီး ယားယံတာကိုုလဲ ပြေပျောက်သက်သာစေပြီး ဝက်ခြံဖြစ်တတ်တာကိုုလဲ တဖြည်းဖြည်း လေ ျှာ့ချပေးနိုုင်ပါတယ်။ မျက်နှာနဲ့ ခန္ဓာကိုုယ်မှာ ပေါက်နေတဲ့ ဝက်ခြံတွေပေါ်ကိုု ငှက်ပျောခွံအတွင်းသားလေးနဲ့ ညတိုုင်းသာ သေသေချာချာ တိုုက်ပေးပေတော့။

(၅) အရေပြားပေါ်မှာ ကြမ်းကြမ်းထော်ထော် အနီပိမ့်ကြီးတွေ (psoriasis) ထတာမျိုးဆိုုရင်လဲ အဲဒီအရေပြားနေရာကိုု တနေ့ ၂ ကြိမ်လောက် ငှက်ပျောခွံအတွင်းသားလေး တိုုက်ပေးပါလား။ ငှက်ပျောမှာက ရေဓာတ် ထိန်းပေးတဲ့ အစွမ်းသတ္တိ၊ ယားယံမှုကိုု ပြေပျောက်စေတဲ့အစွမ်း၊ အဲလိုု အရေပြား နီရဲဖုုထနေတာတွေကိုု ပြေပျောက်သက်သာစေတဲ့ အာနိသင် အပြည့်အဝ ရှိတာကြောင့် မှန်မှန်သာ တိုုက်ပေးရင် ရက်အနည်းငယ်အတွင်းမှာကိုု ထူးထူးခြားခြား အကျိုးကောင်းတွေ ခံစားရမှာပါလေ။

(၆) အဖုုအပိမ့်နဲ့ ယားနာတွေ (Rashes and itches) အတွက်ဆိုုလဲ ငှက်ပျောခွံဟာ သိပ်ကောင်းတဲ့ သဘာဝဆေးတစ်လက်ပါပဲ။ အနီဖုုတွေ အယားဖုုတွေ လုုံးဝပျောက်သွားတဲ့အထိ ငှက်ပျောခွံအတွင်းသားနဲ့ တနေ့ ၂ ခါ မှန်မှန် တိုုက်ပေးပါနော်။

(၇) ငှက်ပျောခွံက ခေါင်းကိုုက်ရင်လဲ သက်သာစေတယ်တဲ့။ နဖူးပေါ်မှာ ငှက်ပျောခွံလေး လှီးပြီးသာ ကပ်ထားလိုုက်ပါတဲ့။

(၈) သားရေ ရှူးဖိနပ်တွေ ပြောင်လက်တောက်ပနေအောင်လဲ ဖိနပ်တိုုက်ဆေး မလွယ်ကူရင် ငှက်ပျောခွံနဲ့ တိုုက်လိုု့ရပါတယ်။ ငှက်ပျောခွံနဲ့ ဖိနပ်ကိုု အရင်တိုုက်လိုုက်။ ပြီးရင် အဝတ်စ ခပ်နုုနုုလေးနဲ့ ပြန်ထပ်တိုုက်ပေးရပါမယ် တဲ့လေ။

(၉) သားရေထည်တွေနဲ့ ပရိဘောဂတွေကိုုလဲ ငှက်ပျောခွံအတွင်းသားနဲ့ တိုုက်ပေးပြီး အရောင်တင်ပေးလိုု့ ရပါသေးတယ်။ ဆိုုဖာကြီး တစ်ခုုလုုံးကိုု မတိုုက်သေးခင် နေရာနဲနဲလောက် သတ်မှတ်ပြီး အရင်စမ်းသပ်ကြည့်ပါလား။ ငှက်ပျောခွံအတွင်းသားလေးနဲ့ အရင်တိုုက်၊ ပြီးရင် အဝတ်စ ခပ်နုုနုုနဲ့ တိုုက်ပေးလိုုက်ပါ။

ကဲ အားလုံးပဲ အလွယ်တကူရနိုင်ပြီး အကုန်အကျနည်းပေမယ့် ကောင်းကျိုးများလှတဲ့ ငှက်ပျောခွံကို အကျိုးရှိရှိ အသုံးပြုနိုင်ကြပါစေနော်။

Source : Myawady Health