ႂကြက္ေတြကို မသတ္ပဲ သဘာဝအတိုင္း ေမာင္းထုတ္နည္း

အစားအစာရွိတဲ့ေနရာမွာ ၾကြက္ေတြ ေပ်ာ္ၾကပါတယ္။ အထူးသျဖင့္ ၎တုိ႔အတြက္ အစားအစာ လြယ္ကူတဲ့ေနရာမ်ိဳးဆုိ မိသားစုလုိက္ အုပ္လုိက္က်င္းလုိက္ ေနတတ္ပါတယ္။ ၾကြက္က လူေတြအတြက္ က်န္းမာေရးကို ထိခုိက္ေစႏုိင္တယ္ဆုိတာ အားလုံး သိၿပီးသားပါ။ တစ္ခ်ိဳ႕က ၾကြက္ကုိ ေထာင္ေျခာက္နဲ႔ဖမ္းၿပီး သတ္ၾကပါတယ္။ ဒါကေတာ့ အကုသုိလ္မ်ားတဲ့ နည္းေပါ့။ အကုသုိလ္ကင္းကင္းနဲ႔ အိမ္မွာ ၾကြက္မေနႏုိင္ေအာင္ လုပ္ဖုိ႔ ေဖာ္ျပလိုက္ပါတယ္။

၁။ ငရုတ္ဆီႏွင့္ ဂြမ္း

ဂြမ္းစေတြကို အလုံးကေလးေတြ လုံးၿပီး င႐ုတ္ဆီနဲ႔ ဆြတ္ကာ ၾကြက္ေတြ ၾကင္လည္ရာ ေနရာတစ္ေလွ်ာက္မွာ ခ်ထား လုိက္ပါ။ ၾကြက္ေတြက င႐ုတ္ဆီကုိ ေၾကာက္ၾကပါတယ္။

၂။ ေလညႇင္းဆီႏွင့္ ေလညႇင္းပြင့္

ၾကြက္ေတြ မခံႏုိင္တဲ့ အနံ႔ထဲမွာေတာ့ ေလညႇင္းနံ႔လည္း ပါ၀င္ပါတယ္။ ေလညႇင္းနံ႔ နံတဲ့ေနရာဆုိရင္ ၾကြက္ေတြက ေနာက္ တစ္ႀကိမ္ ထပ္မလာေတာ့ဘူးလုိ႔ေတာင္ သိရပါတယ္။ ေလညႇင္းပြင့္ ေလညႇင္းဆီကေတာ့ အိမ္အတြက္ အေကာင္းဆုံး ျဖစ္ပါတယ္။ အိမ္လည္း ေပက်န္မႈ မျဖစ္တဲ့အျပင္၊ လူေတြ ကိုင္မိရင္လည္း ပူေလာင္ျခင္း စသည္တုိ႔ မျဖစ္ေစပါဘူး။

၃။ ပ႐ုတ္လုံး

ပ႐ုတ္လုံးထည့္တဲ့ ေသတၱာေလးထဲမွာ ၾကြက္ေနတတ္တဲ့ေနရာနဲ႔ ၾကြက္ေရာက္တတ္တဲ့ ေနရာေတြမွာ ခ်ထားလုိက္ပါ။ ၾကြက္ေတြ အိမ္ဘက္ကိုေတာင္ ေျခဦးမလွည့္ေစေတာ့တဲ့အထိ ပရုတ္လုံးက စြမ္းပါတယ္။

၄။ ဆပ္ျပာမႈန္ႏွင့္ ငရုတ္ဆီ

ဆပ္ျပာမႈန္႔ကုိ ေရနဲ႔ႏွစ္ဆတစ္ဆ ေရာစပ္ၿပီး ေဖ်ာ္လုိက္ပါ။ ငရုတ္ဆီအနည္းငယ္ထည့္ၿပီး Spray ဘူးထဲကို ထည့္ၿပီး ၾကြက္ေရာက္ႏုိင္တဲ့ ေနရာေတြမွာ ျဖန္းေပးပါ။ သုံးေလးရက္ တစ္ခါေလာက္မွ ဒီနည္းကုိ သုံးလုိ႔ရပါတယ္။ ဆပ္ျပာမႈန္႔က င႐ုတ္ဆီရဲ႕ အရည္အေသြးကို သုံးေလးရက္ေလာက္ ထိန္းေပးထားႏုိင္လုိ႔ စာရိတ္သက္သာတဲ့ နည္းလမ္းတစ္ခု ျဖစ္ပါတယ္။

Credit : မူရင္းေရးသားသူ

အစားအစာရှိတဲ့နေရာမှာ ကြွက်တွေ ပျော်ကြပါတယ်။ အထူးသဖြင့် ၎င်းတို့အတွက် အစားအစာ လွယ်ကူတဲ့နေရာမျိုးဆို မိသားစုလိုက် အုပ်လိုက်ကျင်းလိုက် နေတတ်ပါတယ်။ ကြွက်က လူတွေအတွက် ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာ အားလုံး သိပြီးသားပါ။ တစ်ချို့က ကြွက်ကို ထောင်ခြောက်နဲ့ဖမ်းပြီး သတ်ကြပါတယ်။ ဒါကတော့ အကုသိုလ်များတဲ့ နည်းပေါ့။ အကုသိုလ်ကင်းကင်းနဲ့ အိမ်မှာ ကြွက်မနေနိုင်အောင် လုပ်ဖို့ ဖော်ပြလိုက်ပါတယ်။

၁။ ငရုတ်ဆီ ဂွမ်း

ဂွမ်းစတွေကို အလုံးကလေးတွေ လုံးပြီး ငရုတ်ဆီနဲ့ ဆွတ်ကာ ကြွက်တွေ ကြင်လည်ရာ နေရာတစ်လျှောက်မှာ ချထား လိုက်ပါ။ ကြွက်တွေက ငရုတ်ဆီကို ကြောက်ကြပါတယ်။

၂။ လေညှင်းဆီ လေညှင်းပွင့်

ကြွက်တွေ မခံနိုင်တဲ့ အနံ့ထဲမှာတော့ လေညှင်းနံ့လည်း ပါ၀င်ပါတယ်။ လေညှင်းနံ့ နံတဲ့နေရာဆိုရင် ကြွက်တွေက နောက် တစ်ကြိမ် ထပ်မလာတော့ဘူးလို့တောင် သိရပါတယ်။ လေညှင်းပွင့် လေညှင်းဆီကတော့ အိမ်အတွက် အကောင်းဆုံး ဖြစ်ပါတယ်။ အိမ်လည်း ပေကျန်မှု မဖြစ်တဲ့အပြင်၊ လူတွေ ကိုင်မိရင်လည်း ပူလောင်ခြင်း စသည်တို့ မဖြစ်စေပါဘူး။

၃။ ပရုတ်လုံး

ပရုတ်လုံးထည့်တဲ့ သေတ္တာလေးထဲမှာ ကြွက်နေတတ်တဲ့နေရာနဲ့ ကြွက်ရောက်တတ်တဲ့ နေရာတွေမှာ ချထားလိုက်ပါ။ ကြွက်တွေ အိမ်ဘက်ကိုတောင် ခြေဦးမလှည့်စေတော့တဲ့အထိ ပရုတ်လုံးက စွမ်းပါတယ်။

၄။ ဆပ်ပြာမှုန် ငရုတ်ဆီ

ဆပ်ပြာမှုန့်ကို ရေနဲ့နှစ်ဆတစ်ဆ ရောစပ်ပြီး ဖျော်လိုက်ပါ။ ငရုတ်ဆီအနည်းငယ်ထည့်ပြီး Spray ဘူးထဲကို ထည့်ပြီး ကြွက်ရောက်နိုင်တဲ့ နေရာတွေမှာ ဖြန်းပေးပါ။ သုံးလေးရက် တစ်ခါလောက်မှ ဒီနည်းကို သုံးလို့ရပါတယ်။ ဆပ်ပြာမှုန့်က ငရုတ်ဆီရဲ့ အရည်အသွေးကို သုံးလေးရက်လောက် ထိန်းပေးထားနိုင်လို့ စာရိတ်သက်သာတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

Credit : မူရင်းရေးသားသူ