ဒုိးပစ္တမ္း ကစားတဲ့အခါမွာ အသုံးျပဳတဲ့ ဒိုးသီး

ဒုိးပစ္တမ္း ကစားတဲ့အခါမွာ အသုံးျပဳတဲ့ ဒိုးသီး

သိပၸံအမည္ – Entada rheedii

အဂၤလိပ္အမည္ -African dream herb or snuff box sea bean, woody liana

ျမန္မာလုိ ကြၽန္ေတာ္တုိ႔ ေခၚဆုိတာကေတာ့ (ဂုံညင္း ဒုိးသီး) ျဖစ္တယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ဒီအေတာင့္ထဲက အေစ့ကုိ ငယ္ရြယ္စဥ္ဘဝက ဒုိးပစ္တမ္း ကစားတဲ့အခါမွာ အသုံးျပဳတယ္။

အခ်ဳိ့ကေတာ့ ဒီအသီးအေစ့၊ အေတာင့္ကုိ သိေပမဲ့ ဘယ္အပင္ကရမွန္း မသိၾကဘူး၊၊ အခ်ဳိ့ကလည္း စိန္ပန္းပင္က ရတယ္လုိ႔ ထင္ၾကတယ္။ တကယ္ေတာ့ ဒီအသီးေတာင့္ဟာ အာဖရိကႏုိင္ငံမွာ႐ွိတဲ့ ေတာေတာင္ေတြထဲက ႏြယ္ပင္တစ္မ်ဳိးကေန ရ႐ွိပါတယ္။

ဒီအပင္ရဲ႕ အေခါက္၊ အရြက္၊ အေစ့မ်ားဟာ အသုံးဝင္တယ္ ၿပီးေတာ့ ေဆးဖက္လည္းဝင္တယ္။ သူ႔ရဲ႕ပင္စည္ အေခါက္ကုိခြာၿပီးေတာ့ အဝတ္ေလ်ွာ္ဆပ္ျပာအျဖစ္အသုံးျပဳႏုိင္တယ္၊ သူ႔ရဲ႕ အရြက္ကုိ အေျခာက္လွန္းၿပီး ေဆးရြက္ႀကီးကဲ့သုိ႔ ေဆးလိပ္လိပ္ေသာက္ႏုိင္တယ္၊ သူ႔အေစ့ရဲ႕ အတြင္းက အဆံကုိ အမႈန္႔ႀကိတ္ၿပီး ေသာက္သုံးေပးပါက အရမ္းအိပ္ေပ်ာ္ေစတယ္။

ဒါ့ေၾကာင့္ သူ႔ကုိ (African dream herb & African dream bean) လုိ႔ ေခၚဆုိပါတယ္။ အိမ္မက္ေတြမက္တဲ့အထိ့ ႏွစ္ျခဳိက္စြာအိပ္ေပ်ာ္ျခင္းေၾကာင့္ အိမ္မက္ပဲေစ့ (dream bean)လုိ႔ အာဖရိကလူမ်ဳိးမ်ားက တင္စားေခၚဆုိၾကတယ္။အေစ့အစုိရဲ႕အတြင္းအဆံကုိ အမႈန္႔ႀကိတ္ၿပီး ကုိယ္တုိက္ဆပ္ျပာအျဖစ္အသုံးျပဳပါက အေရျပားေရာဂါမ်ားကုိလည္း ေပ်ာက္ကင္း သက္သာေစတယ္၊၊

ကေလးသူငယ္ေတြအတြက္ ဗုိက္နာ၊ေလထုိး၊ေလေအာင့္လည္း ေပ်ာက္ေစတယ္။ သူ႔အေစ့ဆံရဲ႕အမႈန္႔ကုိ ေဆးေတာင့္အျဖစ္လည္း ထုတ္ယူအသုံးျပဳၾကပါတယ္။

Credit : Win Min Phyo (ဘဝခါးခါး)

သိပ္ပံအမည် – Entada rheedii

အင်္ဂလိပ်အမည် -African dream herb or snuff box sea bean, woody liana

မြန်မာလို ကျွန်တော်တို့ ခေါ်ဆိုတာကတော့ (ဂုံညင်း ဒိုးသီး) ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအတောင့်ထဲက အစေ့ကို ငယ်ရွယ်စဉ်ဘဝက ဒိုးပစ်တမ်း ကစားတဲ့အခါမှာ အသုံးပြုတယ်။

အချို့ကတော့ ဒီအသီးအစေ့၊ အတောင့်ကို သိပေမဲ့ ဘယ်အပင်ကရမှန်း မသိကြဘူး၊၊ အချို့ကလည်း စိန်ပန်းပင်က ရတယ်လို့ ထင်ကြတယ်။ တကယ်တော့ ဒီအသီးတောင့်ဟာ အာဖရိကနိုင်ငံမှာရှိတဲ့ တောတောင်တွေထဲက နွယ်ပင်တစ်မျိုးကနေ ရရှိပါတယ်။

ဒီအပင်ရဲ့ အခေါက်၊အရွက်၊အစေ့များဟာ အသုံးဝင်တယ် ပြီးတော့ ဆေးဖက်လည်းဝင်တယ်။ သူ့ရဲ့ပင်စည် အခေါက်ကိုခွာပြီးတော့ အဝတ်လျှော်ဆပ်ပြာအဖြစ်အသုံးပြုနိုင်တယ်၊ သူ့ရဲ့ အရွက်ကို အခြောက်လှန်းပြီး ဆေးရွက်ကြီးကဲ့သို့ ဆေးလိပ်လိပ်သောက်နိုင်တယ်၊ သူ့အစေ့ရဲ့ အတွင်းက အဆံကို အမှုန့်ကြိတ်ပြီး သောက်သုံးပေးပါက အရမ်းအိပ်ပျော်စေတယ်။

ဒါ့ကြောင့် သူ့ကို (African dream herb & African dream bean) လို့ ခေါ်ဆိုပါတယ်။ အိမ်မက်တွေမက်တဲ့အထိ့ နှစ်ခြိုက်စွာအိပ်ပျော်ခြင်းကြောင့် အိမ်မက်ပဲစေ့ (dream bean)လို့ အာဖရိကလူမျိုးများက တင်စားခေါ်ဆိုကြတယ်။အစေ့အစိုရဲ့အတွင်းအဆံကို အမှုန့်ကြိတ်ပြီး ကိုယ်တိုက်ဆပ်ပြာအဖြစ်အသုံးပြုပါက အရေပြားရောဂါများကိုလည်း ပျောက်ကင်း သက်သာစေတယ်၊၊

ကလေးသူငယ်တွေအတွက် ဗိုက်နာ၊လေထိုး၊လေအောင့်လည်း ပျောက်စေတယ်။ သူ့အစေ့ဆံရဲ့အမှုန့်ကို ဆေးတောင့်အဖြစ်လည်း ထုတ်ယူအသုံးပြုကြပါတယ်။

Credit : Win Min Phyo (ဘဝခါးခါး)