ကပၸလီပင္လယ္ျပင္တြင္းရွိ ေလဖိအားနည္းရပ္၀န္း ေလစိုင္၀ဲအျဖစ္နဲ႕ ဧရာ၀တီတိုင္းအတြင္း ဝင္ေရာက္ဖြယ္ရွိေန

ကပၸလီပင္လယ္ျပင္တြင္းရွိ ေလဖိအားနည္းရပ္၀န္း ေလစိုင္၀ဲအျဖစ္နဲ႕ ဧရာ၀တီတိုင္းအတြင္း ဝင္ေရာက္ဖြယ္ရွိေန

၃၀-၄-၂၀၁၈ / နံနက္(၈း၂၁)နာရီ။

(၁) ကပၸလီ ပင္လယ္ျပင္ေတာင္ပိုင္းတြင္ ေလဖိအားနည္း ရပ္၀န္းဟာ အနည္းငယ္ ပိုမိုအားေကာင္းလာျပီး ဆက္လက္ ျဖစ္ေပၚေနပါတယ္။

(၂) ကပၸလီပင္လယ္ျပင္ ေတာင္ပိုင္းတြင္ ျဖစ္ေပၚေနေသာ ေလဖိအားနည္း ရပ္၀န္းေႀကာင့္ ႀကီးမားေသာ တိမ္တိုက္ႀကီးမ်ား တနသၤာရီ ကမ္းလြန္ေဒသတြင္ ျဖစ္ေပၚေနပါတယ္။

(၃) ကပၸလီပင္လယ္ျပင္ ေတာင္ပိုင္းတြင္ ျဖစ္ေပၚေနေသာ ေလဖိအားနည္း ရပ္၀န္း (ေလစိုင္၀ဲ) ဟာ ေျမာက္အေရွ႕စူးစူး အရပ္ကို ဦးတည္ေရြ႕လွ်ား လာျပီး (၁-၅-၂၀၁၈) ရက္ ညေနပိုင္း မွ (၂-၅-၂၀၁၈) ရက္ေန႕ နံနက္ပိုင္းတြင္ ဧရာ၀တီတိုင္း အတြင္းသို႕ျဖတ္ေက်ာ္ ၀င္ေရာက္လိမ့္မယ္လို႕ ခန္႕မွန္းရပါတယ္။ အမ်ားဆံုးေလတိုက္ႏႈန္းမွာ တစ္နာရီလ်င္ ပင္လယ္ေရမိုင္ ၂၅-၃၀ ခန္႕ (ကုန္းမိုင္ ၄၀-၃၅ ) ခန္႕ တိုက္ခတ္ႏိုင္ပါတယ္။

(၄) မုန္တိုင္းျဖစ္ဖို႕ အလားအလာ ရွိေနေသာ္လည္း မုန္တိုင္းျဖစ္ဖို႕သတ္မွတ္ခ်က္ မျပည္႕ေသးေသာ္လည္း မေန႕ကထက္ ပိုတိုးလာခဲ့ပါတယ္။ လက္ရွိ Genesis Potential Parameter (GPP) အမ်ားဆံုး= 25-30 (မုန္တိုင္းျဖစ္ရန္လိုအပ္ခ်က္ GPP =>30)

မွတ္ခ်က္။ မုန္တိုင္းခန္႕မွန္းခ်က္မ်ားဟာ အခ်ိန္နဲ႕လိုက္၍ ေျပာင္းလဲတတ္သျဖင့္ အျမဲ ေနာက္ဆံုးသတင္းကို သိရွိဖို႕လိုအပ္ပါတယ္။

ေဒါက္တာထြန္းလြင္

(Unicode Version)

ကပ္ပလီပင်လယ်ပြင်တွင်းရှိ လေဖိအားနည်းရပ်ဝန်း လေစိုင်ဝဲအဖြစ်နဲ့ ဧရာဝတီတိုင်းအတွင်း ဝင်ရောက်ဖွယ်ရှိနေ

၃၀-၄-၂၀၁၈ / နံနက်(၈း၂၁)နာရီ။

(၁) ကပ္ပလီ ပင်လယ်ပြင်တောင်ပိုင်းတွင် လေဖိအားနည်း ရပ်ဝန်းဟာ အနည်းငယ် ပိုမိုအားကောင်းလာပြီး ဆက်လက် ဖြစ်ပေါ်နေပါတယ်။

(၂) ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းကြောင့် ကြီးမားသော တိမ်တိုက်ကြီးများ တနင်္သာရီ ကမ်းလွန်ဒေသတွင် ဖြစ်ပေါ်နေပါတယ်။

(၃) ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်း (လေစိုင်ဝဲ) ဟာ မြောက်အရှေ့စူးစူး အရပ်ကို ဦးတည်ရွေ့လျှား လာပြီး (၁-၅-၂၀၁၈) ရက် ညနေပိုင်း မှ (၂-၅-၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်း အတွင်းသို့ဖြတ်ကျော် ဝင်ရောက်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ အများဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျင် ပင်လယ်ရေမိုင် ၂၅-၃၀ ခန့် (ကုန်းမိုင် ၄၀-၃၅ ) ခန့် တိုက်ခတ်နိုင်ပါတယ်။

(၄) မုန်တိုင်းဖြစ်ဖို့ အလားအလာ ရှိနေသော်လည်း မုန်တိုင်းဖြစ်ဖို့သတ်မှတ်ချက် မပြည့်သေးသော်လည်း မနေ့ကထက် ပိုတိုးလာခဲ့ပါတယ်။ လက်ရှိ Genesis Potential Parameter (GPP) အများဆုံး= 25-30 (မုန်တိုင်းဖြစ်ရန်လိုအပ်ချက် GPP =>30)

မှတ်ချက်။ မုန်တိုင်းခန့်မှန်းချက်များဟာ အချိန်နဲ့လိုက်၍ ပြောင်းလဲတတ်သဖြင့် အမြဲ နောက်ဆုံးသတင်းကို သိရှိဖို့လိုအပ်ပါတယ်။

ဒေါက်တာထွန်းလွင်