မိေက်ာင္း အစစ္ျဖင့္ သူေသကိုယ္ေသ နပမ္းလံုးရေသာ ဇတ္ဝင္ခန္းကို ႐ိုက္ကူးခဲ့တဲ့ တစ္ခ်ိန္က မင္းသား

မိေက်ာင္း အစစ္ျဖင့္ သူေသကိုယ္ေသ နပမ္းလံုးရေသာ ဇတ္ဝင္ခန္းကို ႐ိုက္ကူးခဲ့တဲ့ တစ္ခ်ိန္က မင္းသား

တစ္ခ်ိန္က ျမန္မာ့႐ုပ္႐ွင္ေလာကတြင္ မိေက်ာင္းအစစ္ျဖင့္ သူေသကိုယ္ေသ နပမ္းလံုးရေသာ ဇတ္ဝင္ခန္းကို ရိုက္ကူးခဲ့တဲ့ မင္းသားတစ္လက္ ရွိခဲ့ဖူးသည္။ သူကေတာ့ တစ္ခ်ိန္က နာမည္ေက်ာ္ မင္းသားျဖစ္တဲ့ မင္းသားခ်စ္ေ႐ႊ ျဖစ္ပါသည္။

ဒါရိုက္တာ ေအဝမ္းဦးတင္ေမာင္ ရိုက္ကူးေသာ နီလာေရာင္ ဇာတ္ကားတြင္ မင္းသားခ်စ္ေရႊ နပမ္းလံုး သတ္ပုတ္ခဲ့ေသာ မိေက်ာင္းမွာ ျပည္ခရိုင္ဘက္မွ က်ပ္တစ္ရာျဖင့္္ ဝယ္လာေသာ မိေက်ာင္းျဖစ္ၿပီး မိေက်ာင္းျဖင့္ သတ္ပုတ္ရာတြင္ သူႏိုင္ကိုယ္ႏိုင္ အတိအက် မသိႏိုင္သျဖင့္ ကန္ေဘာင္ရိုးေပၚမွ ေအဝမ္းဦး တင္ေမာင္ႏွင့္ ဦးေမာင္ေမာင္စိုးတို႕က ေသနတ္ကိုယ္စီျဖင့္ အသင့္ခ်ိန္ထားခဲ့ၾကသည္။

အကယ္၍ ခ်စ္ေရႊ မႏိုင္လ်ွင္ မိေက်ာင္းကို ပစ္သတ္ၾကရန္ ျဖစ္ေသာ္လည္း ခ်စ္ေရႊက မိေက်ာင္းအား အသြား တစ္ေပခန္႔ရွိ ဓားေျမွာင္ျဖင့္ ထိုးသတ္ အႏိုင္ယူခဲ့သည္။

(Unicode Version)

မိကျောင်း အစစ်ဖြင့် သူသေကိုယ်သေ နပမ်းလုံးရသော ဇတ်ဝင်ခန်းကို ရိုက်ကူးခဲ့တဲ့ တစ်ချိန်က မင်းသား

တစ်ချိန်က မြန်မာ့ရုပ်ရှင်လောကတွင် မိကျောင်းအစစ်ဖြင့် သူသေကိုယ်သေ နပမ်းလုံးရသော ဇတ်ဝင်ခန်းကို ရိုက်ကူးခဲ့တဲ့ မင်းသားတစ်လက် ရှိခဲ့ဖူးသည်။ သူကတော့ တစ်ချိန်က နာမည်ကျော် မင်းသားဖြစ်တဲ့ မင်းသားချစ်ရွှေ ဖြစ်ပါသည်။

ဒါရိုက်တာ အေဝမ်းဦးတင်မောင် ရိုက်ကူးသော နီလာရောင် ဇာတ်ကားတွင် မင်းသားချစ်ရွှေ နပမ်းလုံး သတ်ပုတ်ခဲ့သော မိကျောင်းမှာ ပြည်ခရိုင်ဘက်မှ ကျပ်တစ်ရာဖြင့်် ဝယ်လာသော မိကျောင်းဖြစ်ပြီး မိကျောင်းဖြင့် သတ်ပုတ်ရာတွင် သူနိုင်ကိုယ်နိုင် အတိအကျ မသိနိုင်သဖြင့် ကန်ဘောင်ရိုးပေါ်မှ အေဝမ်းဦး တင်မောင်နှင့် ဦးမောင်မောင်စိုးတို့က သေနတ်ကိုယ်စီဖြင့် အသင့်ချိန်ထားခဲ့ကြသည်။

အကယ်၍ ချစ်ရွှေ မနိုင်လျှင် မိကျောင်းကို ပစ်သတ်ကြရန် ဖြစ်သော်လည်း ချစ်ရွှေက မိကျောင်းအား အသွား တစ်ပေခန့်ရှိ ဓားမြှောင်ဖြင့် ထိုးသတ် အနိုင်ယူခဲ့သည်။