ပူၿပင္းလာေသာ ဥတုအတြင္း ကေလးမ်ား အဖ်ားႀကီး တက္ခဲ့လွ်င္ ( ေရွးဦးသူနာျပဳနည္း )

တက္ေနတဲ့ ကေလးတစ္ေယာက္ ေတြ႕ခဲ့ပါက ေလ၀င္ေလထြက္ ေကာင္းတဲ့ ေနရာ (ဥပမာ- ပိတ္ထားတဲ့ အခန္းတံခါး၊ ျပတင္းတံခါးေတြ ဖြင့္ထားရပါမယ္) ။

မ်ားေသာအားျဖင့္ ကေလးမိဘေတြဟာ ကေလးတတ္တာကိုျမင္ရင္ ႏွိပ္ျခင္း၊ ဖိျခင္း၊ ေျခမ, ခ်ိဳးျခင္းစတာေတြလုပ္တတ္ၾကပါတယ္။ ဒီအခ်က္ေတြဟာ အမွန္ေတာ့ မလုပ္သင့္တဲ့ အခ်က္ေတြပဲျဖစ္ပါတယ္။

အဓိကလုပ္ရမွာက တက္ေနတဲ့ ကေလးကို တင္းက်ပ္လံုၿခံဳစြာ အထပ္ထပ္၀ယ္ထားတဲ့ အ၀တ္ေတြကို ဖယ္ရွားေပးရပါမယ္။

ကေလးကို ေဘးတေစာင္းထားေပးရပါမယ္။ ဒါမွ တက္စဥ္ထြက္လာတဲ့ ခၽြဲသလိပ္ေတြ အသက္႐ွဴလမ္းေၾကာင္းကို ပိတ္ဆို႔ျခင္းမွ ကာကြယ္ႏိုင္မွာျဖစ္ပါ တယ္။

ကေလးဟာ အဖ်ားႀကီး ၿပီးတက္တာျဖစ္လို႔၊ အဖ်ားက်ေအာင္ အဓိကလုပ္ရပါမယ္။ ႐ိုး႐ိုး ေရေအးပတ္ကို တစ္ကိုယ္လံုးတိုက္ေပးပါ။ ေရခဲေရမသံုးသင့္ပါ။ အေၾကာင္းက ေရခဲေရဟာ ကိုယ္ခႏၶာမွာရွိတဲ့ ေသြးေၾကာေတြကို က်ဥ္းေစလို႔ အပူက်ႏႈန္းကို ပိုေႏွးေစပါတယ္။

တက္ေနတဲ့အခ်ိန္ ကေလးဟာ ပါးစပ္ကေဆးမေသာက္ႏိုင္လို႔ စအိုက တစ္ဆင့္ Paracetamol စအိုေဆးေတာင့္ေတြ ထည့္ေပးႏိုင္ပါ တယ္။

ေရွးဦးသူနာၿပဳ ့နည္းမ်ား လုပ္ေဆာင္ၿပီးပါက နီးစပ္ရာ ေဆးရုံး ေဆးခန္းမ်ားသုိ ့ေစာလ်င္စြာ ကုသခံမွဳ ့လုပ္သင့္ပါသည္ ။

( ယခုလုိပူၿပင္းေသာ ရာသီတြင္ ကေလးမ်ား ဖ်ားနာ တက္သြားႏုိင္သၿဖင့္ ေလ့လာမွတ္သားၿပီး ၿပဳ ့စု ကယ္တင္လုပ္ေဆာင္ႏုိင္ပါေစ )

Credit : Mg Mandalay

(Unicode Version)

ပူပြင်းလာသော ဥတုအတွင်း ကလေးများ အဖျားကြီး တက်ခဲ့လျှင် ( ရှေးဦးသူနာပြုနည်း )

တက်နေတဲ့ ကလေးတစ်ယောက် တွေ့ခဲ့ပါက လေဝင်လေထွက် ကောင်းတဲ့ နေရာ (ဥပမာ- ပိတ်ထားတဲ့ အခန်းတံခါး၊ ပြတင်းတံခါးတွေ ဖွင့်ထားရပါမယ်) ။

များသောအားဖြင့် ကလေးမိဘတွေဟာ ကလေးတတ်တာကိုမြင်ရင် နှိပ်ခြင်း၊ ဖိခြင်း၊ ခြေမ, ချိုးခြင်းစတာတွေလုပ်တတ်ကြပါတယ်။ ဒီအချက်တွေဟာ အမှန်တော့ မလုပ်သင့်တဲ့ အချက်တွေပဲဖြစ်ပါတယ်။

အဓိကလုပ်ရမှာက တက်နေတဲ့ ကလေးကို တင်းကျပ်လုံခြုံစွာ အထပ်ထပ်ဝယ်ထားတဲ့ အဝတ်တွေကို ဖယ်ရှားပေးရပါမယ်။

ကလေးကို ဘေးတစောင်းထားပေးရပါမယ်။ ဒါမှ တက်စဉ်ထွက်လာတဲ့ ချွဲသလိပ်တွေ အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့ခြင်းမှ ကာကွယ်နိုင်မှာဖြစ်ပါ တယ်။

ကလေးဟာ အဖျားကြီး ပြီးတက်တာဖြစ်လို့၊ အဖျားကျအောင် အဓိကလုပ်ရပါမယ်။ ရိုးရိုး ရေအေးပတ်ကို တစ်ကိုယ်လုံးတိုက်ပေးပါ။ ရေခဲရေမသုံးသင့်ပါ။ အကြောင်းက ရေခဲရေဟာ ကိုယ်ခန္ဓာမှာရှိတဲ့ သွေးကြောတွေကို ကျဉ်းစေလို့ အပူကျနှုန်းကို ပိုနှေးစေပါတယ်။

တက်နေတဲ့အချိန် ကလေးဟာ ပါးစပ်ကဆေးမသောက်နိုင်လို့ စအိုက တစ်ဆင့် Paracetamol စအိုဆေးတောင့်တွေ ထည့်ပေးနိုင်ပါ တယ်။

ရှေးဦးသူနာပြု ့နည်းများ လုပ်ဆောင်ပြီးပါက နီးစပ်ရာ ဆေးရုံး ဆေးခန်းများသို ့စောလျင်စွာ ကုသခံမှု ့လုပ်သင့်ပါသည် ။

( ယခုလိုပူပြင်းသော ရာသီတွင် ကလေးများ ဖျားနာ တက်သွားနိုင်သဖြင့် လေ့လာမှတ်သားပြီး ပြု ့စု ကယ်တင်လုပ်ဆောင်နိုင်ပါစေ )

Credit : Mg Mandalay