ခိုးမႈမ်ား က်ဴးလြန္ထားေၾကာင္း သတင္းရရွိသူအား ဖမ္းဆီး စစ္ေဆးရာမွ ဆိုင္ကယ္ခိုးယူမႈ (၁၃) မႈေပၚေပါက္

ခိုးမႈမ်ား က်ဴးလြန္ထားေၾကာင္း သတင္းရရွိသူအား ဖမ္းဆီး စစ္ေဆးရာမွ ဆိုင္ကယ္ခိုးယူမႈ (၁၃) မႈေပၚေပါက္

ရန္ကုန္၊ ေမ ၁၇

ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖဲြ႕၊ ေျမာက္ပိုင္းခရိုင္ရဲတပ္ဖဲြ႕မွဴးရံုး၊ မႈခင္းႏွိမ္နင္းေရး ဌာနစုမွ တပ္ဖဲြ႕၀င္မ်ားသည္ ၇.၅.၂၀၁၈ ရက္ေန႔က နယ္ေျမအတြင္း ခိုးမႈ၊ လုယက္မႈ၊ ခါးပိုက္ႏိႈက္မႈက်ဴးလြန္သူမ်ားဖမ္းဆီးရမိေရး ေဆာင္ရြက္ ေနစဥ္ ခိုးမႈမ်ားက်ဴးလြန္ထားေၾကာင္း သတင္းရရွိထားသူ သက္ပိုင္မွဴး(ခ)ကင္းေကာင္အား ညေန ၁၆း၀၀နာရီ အခ်ိန္တြင္ လိႈင္သာယာၿမိဳ႕နယ္မွ Canda 125 ဆိုင္ကယ္တစ္စီးႏွင့္အတူ ဖမ္းဆီး ရမိခဲ့ၿပီး စစ္ေဆးရာ ခိုးယူလာေသာ ဆိုင္ကယ္ျဖစ္ေၾကာင္း ေပၚေပါက္သျဖင့္ ေသာင္ႀကီးနယ္ေျမရဲစခန္းတြင္ အမႈဖြင့္ကာ အေရးယူ ေဆာင္ရြက္ခဲ့သည္။

ဖမ္းဆီးရမိသူ သက္ပိုင္မွဴး(ခ)ကင္းေကာင္အား အျခားခိုးမႈမ်ား က်ဴးလြန္ထားျခင္းရွိ မရွိ တိုက္ဆိုင္စစ္ေဆးခဲ့ရာ ၎သည္ ကပၸလီ(စံုစမ္းဆဲ)ႏွင့္ အတူ ၂၀၁၇ ခုႏွစ္၊ ၾသဂုတ္လႏွင့္ ဒီဇင္ဘာလမ်ားအတြင္းက မဂၤလာဒံုၿမိဳ႕နယ္၊ ေရႊနံ႔သာေက်းရြာ အထည္ခ်ဳပ္ စက္ရံုေရွ႕တြင္ရပ္ထားေသာ Kenbo 110 ဆိုင္ကယ္၊ သဃၤန္းကၽြန္းႀကီးေက်းရြာ ေညာင္ပင္မွတ္တိုင္အနီးတြင္ ရပ္ထားေသာ Kenbo -110 ဆိုင္ကယ္တို႔အား ခိုးယူေရာင္းခ်ထားေၾကာင္း ေပၚေပါက္ခဲ့သည္။

အလားတူ ၎တို႔သည္ ၂၀၁၈ ခုႏွစ္၊ ေဖေဖာ္၀ါရီႏွင့္ မတ္လမ်ား အတြင္းက မဂၤလာဒံုၿမိဳ႕နယ္အတြင္းမွ Canda CZI 125 ဆိုင္ကယ္ႏွစ္စီး၊ JLM-125 ဆိုင္ကယ္ႏွစ္စီး၊ Kenbo 110 ဆိုင္ကယ္ႏွစ္စီး၊ Felling 110 ဆိုင္ကယ္ႏွစ္စီး၊ Kenbo -125 ဆိုင္ကယ္ႏွစ္စီး၊ Stream-110 ဆိုင္ကယ္ တစ္စီး စုစုေပါင္း (၁၁)စီးတို႔အားခိုးယူ ေရာင္းခ်ထားေၾကာင္း ထပ္မံစစ္ေဆး ေပၚေပါက္ခဲ့သည္။

ေပၚေပါက္ခ်က္မ်ားအရ သက္ပိုင္းမွဴး(ခ)ကင္းေကာင္အား ေသာင္ႀကီး၊ ေထာက္ၾကန္႔နယ္ေျမ ရဲစခန္မ်ားႏွင့္ မဂၤလာဒံု ၿမိဳ႕မရဲစခန္းတို႔တြင္ အမႈမ်ား ေရးဖြင့္ကာ အေရးယူေဆာင္ရြက္လ်က္ရွိၿပီး အမႈမ်ားမွ သက္ေသခံပစၥည္းမ်ားအား ျပန္လည္သိမ္းဆည္းႏိုင္ခဲ့ကာ ေပ်ာက္ဆံုးသူ ဆိုင္ကယ္ပိုင္ရွင္မ်ား အေနျဖင့္ ေဖာ္ျပပါ ရဲစခန္းမ်ားတြင္ ဆက္သြယ္ စံုစမ္းေဆာင္ရြက္ႏိုင္ပါရန္ အသိေပး ေဖာ္ျပအပ္ပါသည္။

Source : Yangon Police

(Unicode Version)

ခိုးမှုများ ကျူးလွန်ထားကြောင်း သတင်းရရှိသူအား ဖမ်းဆီး စစ်ဆေးရာမှ ဆိုင်ကယ်ခိုးယူမှု (၁၃) မှုပေါ်ပေါက်

ရန်ကုန်၊ မေ ၁၇

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေး ဌာနစုမှ တပ်ဖွဲ့ဝင်များသည် ၇.၅.၂၀၁၈ ရက်နေ့က နယ်မြေအတွင်း ခိုးမှု၊ လုယက်မှု၊ ခါးပိုက်နှိုက်မှုကျူးလွန်သူများဖမ်းဆီးရမိရေး ဆောင်ရွက် နေစဉ် ခိုးမှုများကျူးလွန်ထားကြောင်း သတင်းရရှိထားသူ သက်ပိုင်မှူး(ခ)ကင်းကောင်အား ညနေ ၁၆းဝဝနာရီ အချိန်တွင် လှိုင်သာယာမြို့နယ်မှ Canda 125 ဆိုင်ကယ်တစ်စီးနှင့်အတူ ဖမ်းဆီး ရမိခဲ့ပြီး စစ်ဆေးရာ ခိုးယူလာသော ဆိုင်ကယ်ဖြစ်ကြောင်း ပေါ်ပေါက်သဖြင့် သောင်ကြီးနယ်မြေရဲစခန်းတွင် အမှုဖွင့်ကာ အရေးယူ ဆောင်ရွက်ခဲ့သည်။

ဖမ်းဆီးရမိသူ သက်ပိုင်မှူး(ခ)ကင်းကောင်အား အခြားခိုးမှုများ ကျူးလွန်ထားခြင်းရှိ မရှိ တိုက်ဆိုင်စစ်ဆေးခဲ့ရာ ၎င်းသည် ကပ္ပလီ(စုံစမ်းဆဲ)နှင့် အတူ ၂၀၁၇ ခုနှစ်၊ သြဂုတ်လနှင့် ဒီဇင်ဘာလများအတွင်းက မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာ အထည်ချုပ် စက်ရုံရှေ့တွင်ရပ်ထားသော Kenbo 110 ဆိုင်ကယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာ ညောင်ပင်မှတ်တိုင်အနီးတွင် ရပ်ထားသော Kenbo -110 ဆိုင်ကယ်တို့အား ခိုးယူရောင်းချထားကြောင်း ပေါ်ပေါက်ခဲ့သည်။

အလားတူ ၎င်းတို့သည် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီနှင့် မတ်လများ အတွင်းက မင်္ဂလာဒုံမြို့နယ်အတွင်းမှ Canda CZI 125 ဆိုင်ကယ်နှစ်စီး၊ JLM-125 ဆိုင်ကယ်နှစ်စီး၊ Kenbo 110 ဆိုင်ကယ်နှစ်စီး၊ Felling 110 ဆိုင်ကယ်နှစ်စီး၊ Kenbo -125 ဆိုင်ကယ်နှစ်စီး၊ Stream-110 ဆိုင်ကယ် တစ်စီး စုစုပေါင်း (၁၁)စီးတို့အားခိုးယူ ရောင်းချထားကြောင်း ထပ်မံစစ်ဆေး ပေါ်ပေါက်ခဲ့သည်။

ပေါ်ပေါက်ချက်များအရ သက်ပိုင်းမှူး(ခ)ကင်းကောင်အား သောင်ကြီး၊ ထောက်ကြန့်နယ်မြေ ရဲစခန်များနှင့် မင်္ဂလာဒုံ မြို့မရဲစခန်းတို့တွင် အမှုများ ရေးဖွင့်ကာ အရေးယူဆောင်ရွက်လျက်ရှိပြီး အမှုများမှ သက်သေခံပစ္စည်းများအား ပြန်လည်သိမ်းဆည်းနိုင်ခဲ့ကာ ပျောက်ဆုံးသူ ဆိုင်ကယ်ပိုင်ရှင်များ အနေဖြင့် ဖော်ပြပါ ရဲစခန်းများတွင် ဆက်သွယ် စုံစမ်းဆောင်ရွက်နိုင်ပါရန် အသိပေး ဖော်ပြအပ်ပါသည်။

Source : Yangon Police