လိင္တူခ်စ္သူစံုတြဲ အဆိပ္ေသာက္ေသဆံုး

လူႏွစ္​​ေယာက္​ခ်စ္​တာအျပစ္​တဲ့လား။ ကြၽန္​​​ေတာ္​တိ့ုလူငယ္​ လိင္​တူခ်စ္​သူ သူငယ္​ခ်င္​း​ေလး​ေတြ ဘယ္​လုိအခက္​ခဲ​ေတြပဲ ႀကံဳလာၾကံဳလာ ဒီလိုနညး္​နဲ႔ မ​ေျဖ႐ွင္​းၾကဖို႔ တိုက္​တြန္းပါရ​ေစ။

ျမင္​းျခံ ​ေတာင္​သာၿမိဳ႕​ေန Gay (အသက္၂၀) နဲ႔ ေကာင္ေလး (၁၇) ႏွစ္ ခ်စ္​သူႏွစ္​​ေယာက္​ ခ်စ္​ကြၽမ္းဝင္​ၿပီး ေပါင္းသင္းေနထိုင္ၾကတာ ၃ လေက်ာ္ၿပီ။​ ေကာင္ေလးက ပန္းရံလုပ္​ၿပီး gay​ ေလးက မိတ္ကပ္လိမ္းတယ္။ ခ်စ္​သူႏွစ္​​ေယာက္​ တစ္ေယာက္​နဲ႔ တ​ေယာက္​ အျပန္​အလွန္​ လုပ္​​ေကြၽးၿပီး အတူတူ​ေနၾကတယ္​။ Gay ​ေလးရဲ႕ အိမ္မွာ အတူေနၾကတယ္​။

သူတို႔ ခ်စ္​သူႏွစ္​​ေယာက္​ကို Gay​ ေလးရဲ႕ မိသားစုက အကိုနဲ႔ အေမက ခြဲၾကတယ္။ gay​ ေလးက (15.5.2018) ေတာင္သာ ရဲစခန္းမွာ သူတို႔ကို မခြဲဖို႔ အိမ္ခြဲၿပီး အတူတူေနဖို႔ကို သြားေရာက္အကူအညီ ေတာင္းခံခဲ့႐ွာတယ္။ သူ႔အစ္ကိုကို ေၾကာက္လို႔ ၊ သူ႔အစ္ကိုက သူတို႔ကို ခြဲမွာစိုးလို႔ ။

ရဲစခန္းက မိသားစုကိစၥမို႔ ေဆာင္ရြက္မေပးလိုက္ဘူး​ေပါ့ဗ်ာ။ Gay​ ေလးရဲ႕ အိမ္ကေတာ့ အတူမေနဖို႔ ထပ္​ခြဲၾကတယ္။ 15.5.2018 ေန႔လည္ မွာပဲ ခ်စ္​သူ ၂ ေယာက္ ပဲစင္းငုံ ယာခင္း နံေဘး​ေလးမွာ ပဲစင္းငုံခင္​းကိုျဖန္​းတဲ့ ပိုးသတ္ေဆး ေသာက္​ပီး ႏွစ္​​ေယာက္​သား အဆံုးစီရင္​ၾကသတဲ့။

မေသခင္ ရင္ေတြပူတာ မခံစားႏိုင္လို႔ ေကာင္ေလးက သူ႔သူငယ္ခ်င္းေတြကို ဖုန္းဆက္ေခၚတယ္။ ေကာင္ေလး သူငယ္ခ်င္းေတြက ၂ ေယာက္လုံးကို သိသိခ်င္​း​ ေဆး႐ုံတင္ေပမဲ့ Gay​ ေလးက အခု​ေတာ့ ဆုံးသြားပီတဲ့ဗ်ာ။

ေကာင္ေလးက ခုထိသတိမလည္သလို ေသြးေပါင္ေတာင္ တိုင္းမရပါဘူး။ ေကာင္ေလးက ေတာင္သာ မိုးေႏွာင္းခင္ကဆိုေတာ့ သူ႔အေမက ခုမွေဆး႐ုံ ေရာက္လာၿပီး သားကိုျမင္​​ေတာ့ တက္သြားတယ္။ ဒါ​ေပမဲ့ အခု ​ေလးတင္​ပဲ ​ေကာင္​​ေလးလဲ ဆံုးသြား႐ွာၿပီတဲ့ဗ်ာ။

စိတ္ဒဏ္ရာေၾကာင့္ LGBT ေတြ ဘယ္ေလာက္ေသေပး ရအုန္းမွာလဲ ။ ​ေနာက္​ဘဝမ်ား႐ွိခဲ့ရင္​ ခ်စ္​သူႏွစ္​​​ေယာက္ ျပန္​လည္​ ဆံုစည္​းႏိုင္​ၾကပါ​ေစ။ ဒီလိုအျဖစ္​ဆိုးမ်ိဳးနဲ႔ ကင္းေဝးပါ​ေစ။

Source : Harry LV Naing’s Facebook

(Unicode Version)

လိင်တူချစ်သူစုံတွဲ အဆိပ်သောက်သေဆုံး

လူနှစ်​​ယောက်​ချစ်​တာအပြစ်​တဲ့လား။ ကျွန်​​​တော်​တို့လူငယ်​ လိင်​တူချစ်​သူ သူငယ်​ချင်​း​လေး​တွေ ဘယ်​လိုအခက်​ခဲ​တွေပဲ ကြုံလာကြုံလာ ဒီလိုနညး်​နဲ့ မ​ဖြေရှင်​းကြဖို့ တိုက်​တွန်းပါရ​စေ။

မြင်​းခြံ ​တောင်​သာမြို့​နေ Gay (အသက်၂၀) နဲ့ ကောင်လေး (၁၇) နှစ် ချစ်​သူနှစ်​​ယောက်​ ချစ်​ကျွမ်းဝင်​ပြီး ပေါင်းသင်းနေထိုင်ကြတာ ၃ လကျော်ပြီ။​ ကောင်လေးက ပန်းရံလုပ်​ပြီး gay​ လေးက မိတ်ကပ်လိမ်းတယ်။ ချစ်​သူနှစ်​​ယောက်​ တစ်ယောက်​နဲ့ တ​ယောက်​ အပြန်​အလှန်​ လုပ်​​ကျွေးပြီး အတူတူ​နေကြတယ်​။ Gay ​လေးရဲ့ အိမ်မှာ အတူနေကြတယ်​။

သူတို့ ချစ်​သူနှစ်​​ယောက်​ကို Gay​ လေးရဲ့ မိသားစုက အကိုနဲ့ အမေက ခွဲကြတယ်။ gay​ လေးက (15.5.2018) တောင်သာ ရဲစခန်းမှာ သူတို့ကို မခွဲဖို့ အိမ်ခွဲပြီး အတူတူနေဖို့ကို သွားရောက်အကူအညီ တောင်းခံခဲ့ရှာတယ်။ သူ့အစ်ကိုကို ကြောက်လို့ ၊ သူ့အစ်ကိုက သူတို့ကို ခွဲမှာစိုးလို့ ။

ရဲစခန်းက မိသားစုကိစ္စမို့ ဆောင်ရွက်မပေးလိုက်ဘူး​ပေါ့ဗျာ။ Gay​ လေးရဲ့ အိမ်ကတော့ အတူမနေဖို့ ထပ်​ခွဲကြတယ်။ 15.5.2018 နေ့လည် မှာပဲ ချစ်​သူ ၂ ယောက် ပဲစင်းငုံ ယာခင်း နံဘေး​လေးမှာ ပဲစင်းငုံခင်​းကိုဖြန်​းတဲ့ ပိုးသတ်ဆေး သောက်​ပီး နှစ်​​ယောက်​သား အဆုံးစီရင်​ကြသတဲ့။

မသေခင် ရင်တွေပူတာ မခံစားနိုင်လို့ ကောင်လေးက သူ့သူငယ်ချင်းတွေကို ဖုန်းဆက်ခေါ်တယ်။ ကောင်လေး သူငယ်ချင်းတွေက ၂ ယောက်လုံးကို သိသိချင်​း​ ဆေးရုံတင်ပေမဲ့ Gay​ လေးက အခု​တော့ ဆုံးသွားပီတဲ့ဗျာ။

ကောင်လေးက ခုထိသတိမလည်သလို သွေးပေါင်တောင် တိုင်းမရပါဘူး။ ကောင်လေးက တောင်သာ မိုးနှောင်းခင်ကဆိုတော့ သူ့အမေက ခုမှဆေးရုံ ရောက်လာပြီး သားကိုမြင်​​တော့ တက်သွားတယ်။ ဒါ​ပေမဲ့ အခု ​လေးတင်​ပဲ ​ကောင်​​လေးလဲ ဆုံးသွားရှာပြီတဲ့ဗျာ။

စိတ်ဒဏ်ရာကြောင့် LGBT တွေ ဘယ်လောက်သေပေး ရအုန်းမှာလဲ ။ ​နောက်​ဘဝများရှိခဲ့ရင်​ ချစ်​သူနှစ်​​​ယောက် ပြန်​လည်​ ဆုံစည်​းနိုင်​ကြပါ​စေ။ ဒီလိုအဖြစ်​ဆိုးမျိုးနဲ့ ကင်းဝေးပါ​စေ။

Source : Harry LV Naing’s Facebook