ဇြန္လ ၁၄ ရက္ေန႔အထိ မုိးမ်ားႏုိင္ေၾကာင္း မုိးဇလ ထုတ္ျပန္

ဘဂၤလားပင္လယ္ေအာ္အတြင္း ျဖစ္ေပၚေနတဲ့ ေလဖိအားနည္းရပ္၀န္းဟာ မုန္တုိင္းငယ္အျဖစ္ကို ေရာက္ရွိႏုိင္ၿပီး တစ္ႏုိင္ငံလံုး အတုိင္းအတာအရ မိုးမ်ားႏုိင္တယ္လို႔ မုိးေလ၀သနဲ႔ ဇလေဗဒညႊန္ၾကားမႈ ဦးစီးဌာနက သတင္းထုတ္ျပန္ပါတယ္။

လာမယ့္ ဇြန္လ ၁၄ ရက္ေန႔အထိ ရက္ရွည္ မိုးမ်ားႏုိင္တာေၾကာင့္ သတိေပးခ်က္ ထုတ္ျပန္တာျဖစ္တယ္လို႔ မုိးေလ၀သနဲ႔ ဇလေဗဒညႊန္ၾကားမႈဦးစီးဌာန ဒုတိယ ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေက်ာ္မိုးဦး က ေျပာပါတယ္။

“၁၀ ရက္ကေန ၁၄ ရက္အထိေပါ့ေနာ္။ မုိးႀကီးမယ့္ သတိေပးခ်က္ဆိုၿပီးေတာ့ ပံုမွန္ဆုိရင္ေတာ့ မုတ္သုံ၀င္ၿပီး သြားရင္ေတာ့ မုိးႀကီးမယ့္ သတိေပးခ်က္ကို ထုတ္ျပန္ေလ့ မရွိဘူးေပါ့ေနာ္။ ဒီတစ္ခါေတာ့ မုိးက နည္းနည္းေလး မ်ားတဲ့ အေနထားမ်ိဳးရွိတယ္ေပါ့ေနာ္။ အခါတုိင္းမုိးရြာတဲ့အခါ၊ မိုးႀကီးတာက တစ္ရက္ ႏွစ္ရက္ေလာက္ ရွိတာ။ အခုက ဒီမုတ္သံုကလည္း အားအလြန္ေကာင္းေနတဲ႔အတြက္ေၾကာင့္ ၆ ရက္ ၇ ရက္ေလာက္ ဆက္ၿပီး ျဖစ္ႏုိင္တဲ့ အေနထားေလးေတြ ရွိတယ္ေပါ့ေနာ္။ မုိးႀကီးမယ့္ သတ္ိေပးခ်က္ကို ထုတ္လိုက္တာပါ။ မုိးႀကီးေနတာလည္း ၂ ရက္ ၃ ရက္ေလာက္ ရွိပါၿပီခင္ဗ်”

လက္ရွိအခ်ိန္မွာ ေလဖိအားနည္းရပ္၀န္းဟာ ဘဂၤလားေဒ့ရွ္ကမ္းေျခ စစ္တေကာင္းၿမိဳ႕အနားမွာ ရွိေနၿပီး မနက္ျဖန္မွာ မုန္တုိင္းငယ္အျဖစ္ကို ေရာက္ရွိလာႏုိင္ပါတယ္။

အဲဒီအရွိန္ေၾကာင့္ တစ္ႏုိင္ငံလံုးမွာ မုိးထစ္ခ်ဳန္းရြာၿပီး ျမန္မာ့ကမ္းရိုးတန္းတစ္ေလွ်ာက္မွာ လိႈင္းအျမင့္ ၁၀ ေပ ကေန ၁၅ ေပအထိ ျမင့္ႏုိင္ပါတယ္။။ ေတာင္က်ေခ်ာင္းေရေတြ၊ ျမစ္ေရႀကီးေရလွ်ံတာေတြ၊ ေျမၿပိဳတာေတြအတြက္ သတိရွိၾကဖုိ႔လည္း မုိးဇလဌာနက တုိက္တြန္းထားပါတယ္။

မုိးႀကီးႏုိင္တဲ့ အေျခအေနေတြေၾကာင့္ စစ္ကုိင္းတုိင္းအတြင္းက ၿမိဳ႕နယ္တုိင္းကို သတိရွိၾကဖို႔ လူမႈ၀န္ထမ္း ကယ္ဆယ္ေရးရံုးက သတိေပးခ်က္ ထုတ္ျပန္ထားပါတယ္။

ၿပီးခဲ့တဲ့ ဇြန္လ ၆ ရက္ေန႔ေလာက္ကစၿပီး ဒုဌ၀တီျမစ္ေရႀကီးတာေၾကာင့္ ရွမ္းျပည္နယ္ သီေပါၿမိဳ႕နယ္ နမ့္လန္ ေက်းရြာအုပ္စုမွာ လမ္းပိတ္တာေတြ၊ အိမ္ေတြထဲ ေရ၀င္တာေတြျဖစ္ခဲ့ၿပီး ယာယီ ေနရာေရႊ႕ေျပာင္းရတာေတြ ရွိခဲ့ပါတယ္။ ရခိုင္ျပည္နယ္ အမ္းၿမိဳ႕နယ္မွာလည္း လမ္းေတြေပၚ ေရေတြတက္ေနတာေၾကာင့္ ယာယီ လမ္း ပိတ္ဆုိ႔တာေတြ ျဖစ္ေပၚေနတယ္လို႔ သိရပါတယ္။

Source : RFA Burmese

(Unicode Version)

ဇွန်လ ၁၄ ရက်နေ့အထိ မိုးများနိုင်ကြောင်း မိုးဇလ ထုတ်ပြန်

ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိနိုင်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအရ မိုးများနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

လာမယ့် ဇွန်လ ၁၄ ရက်နေ့အထိ ရက်ရှည် မိုးများနိုင်တာကြောင့် သတိပေးချက် ထုတ်ပြန်တာဖြစ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောပါတယ်။

“၁၀ ရက်ကနေ ၁၄ ရက်အထိပေါ့နော်။ မိုးကြီးမယ့် သတိပေးချက်ဆိုပြီးတော့ ပုံမှန်ဆိုရင်တော့ မုတ်သုံဝင်ပြီး သွားရင်တော့ မိုးကြီးမယ့် သတိပေးချက်ကို ထုတ်ပြန်လေ့ မရှိဘူးပေါ့နော်။ ဒီတစ်ခါတော့ မိုးက နည်းနည်းလေး များတဲ့ အနေထားမျိုးရှိတယ်ပေါ့နော်။ အခါတိုင်းမိုးရွာတဲ့အခါ၊ မိုးကြီးတာက တစ်ရက် နှစ်ရက်လောက် ရှိတာ။ အခုက ဒီမုတ်သုံကလည်း အားအလွန်ကောင်းနေတဲ့အတွက်ကြောင့် ၆ ရက် ၇ ရက်လောက် ဆက်ပြီး ဖြစ်နိုင်တဲ့ အနေထားလေးတွေ ရှိတယ်ပေါ့နော်။ မိုးကြီးမယ့် သတ်ိပေးချက်ကို ထုတ်လိုက်တာပါ။ မိုးကြီးနေတာလည်း ၂ ရက် ၃ ရက်လောက် ရှိပါပြီခင်ဗျ”

လက်ရှိအချိန်မှာ လေဖိအားနည်းရပ်ဝန်းဟာ ဘင်္ဂလားဒေ့ရှ်ကမ်းခြေ စစ်တကောင်းမြို့အနားမှာ ရှိနေပြီး မနက်ဖြန်မှာ မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိလာနိုင်ပါတယ်။

အဲဒီအရှိန်ကြောင့် တစ်နိုင်ငံလုံးမှာ မိုးထစ်ချုန်းရွာပြီး မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်မှာ လှိုင်းအမြင့် ၁၀ ပေ ကနေ ၁၅ ပေအထိ မြင့်နိုင်ပါတယ်။။ တောင်ကျချောင်းရေတွေ၊ မြစ်ရေကြီးရေလျှံတာတွေ၊ မြေပြိုတာတွေအတွက် သတိရှိကြဖို့လည်း မိုးဇလဌာနက တိုက်တွန်းထားပါတယ်။

မိုးကြီးနိုင်တဲ့ အခြေအနေတွေကြောင့် စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တိုင်းကို သတိရှိကြဖို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးရုံးက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့လောက်ကစပြီး ဒုဌဝတီမြစ်ရေကြီးတာကြောင့် ရှမ်းပြည်နယ် သီပေါမြို့နယ် နမ့်လန် ကျေးရွာအုပ်စုမှာ လမ်းပိတ်တာတွေ၊ အိမ်တွေထဲ ရေဝင်တာတွေဖြစ်ခဲ့ပြီး ယာယီ နေရာရွှေ့ပြောင်းရတာတွေ ရှိခဲ့ပါတယ်။ ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာလည်း လမ်းတွေပေါ် ရေတွေတက်နေတာကြောင့် ယာယီ လမ်း ပိတ်ဆို့တာတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

Source : RFA Burmese