အလုပ္သမားမ်ားထံမွ ေငြေၾကးပိုမို ေကာက္ခံ ျဖတ္ေတာက္ျပီး လုပ္စားေနေသာ ပြဲစားကို ဖမ္းဆီး

ထိုင္းႏိုင္ငံတြင္ MoU စနစ္ျဖင့္ လုပ္ကိုင္ရမည္ ဆိုကာ ျမန္မာ ေအဂ်င္စီမသိပဲ အလုပ္သမားမ်ားအားေငြေၾကးပိုမိုေကာက္ခံခဲ့၍ ထိုင္းႏိုင္ငံ ဘက္ျခမ္းတြင္လည္း ဘတ္ ၆၀၀၀ ထပ္မံျဖတ္ေတာက္ခဲ့ေသာ ထိုင္းႏိုင္ငံတြင္ေနထိုင္သူ ထိုင္းလိုင္စင္ရေအဂ်င့္၏ စကားျပန္ ကိုထြန္း(ေခၚ)ႏႈတ္ခမ္းေမႊးထြန္း(ေခၚ) ဒမန္းထြန္း(ေခၚ) မင္းထြန္းေအာင္ ၁၀/မဒန(ႏိုင္)၁၀၉၃၇၅ အား ၇.၆.၂၀၁၈ ေန႔ လိႈင္သာယာျမိဳ႕နယ္တြင္ ဖမ္းဆီးရမိခဲ့သည္။

ျဖစ္ပြားပံုမွာစတားပိုင္အိုနီးယား ကုမၸဏီႏွင့္ ထိုင္းႏိုင္ငံ ေအဂ်င္စီတို႔ သည္ ၂.၁.၂၀၁၈ ေန႔တြင္ ထိုင္းႏိုင္ငံ SMP Wood သစ္အေခ်ာထည္လုပ္ငန္းသို႔ ပို့ေဆာင္ရန္ရန္ကုန္ၿမိဳ႕ပင္လံုခန္းမ၌ အလုပ္႐ွင္အလုပ္သမားစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ပါသည္။ ၁.၁.၂၀၁၈ ရက္ေန႔တြင္ အလုပ္သမား ၉၇ ဦးအား ထိုင္းႏိုင္ငံ နခံုစီထံမရပ္ၿမိဳ႕ရိွ အဆိုပါ လုပ္ငန္းစက္ရံုသို႔ပို႔ေဆာင္ခဲ့ပါသည္။

ရန္ကုန္ျမိဳ့ပင္လံုခမ္းမတြင္ စာခ်ဳပ္ခ်ဳပ္ဆိုစဥ္က ယင္းႏႈတ္ခမ္းေမႊးကိုထြန္းဆိုသူသည္ ထိုင္းေအဂ်င္စီ၏ ကိုယ္စားလွယ္၊ စကားျပန္အျဖစ္လိုက္ပါလာခဲ့ျခင္းၿပီး အလုပ္သမားတို႔၏ ေဆြမ်ိဳးမ်ားရိွရာ အလုပ္သို႔ ပို႔ေဆာင္ေပးမည္ဟု ျဖားေယာင္းေသြးေဆာင္ကာ လူႀကိဳတင္စုေဆာင္းခဲ့ျခင္း၊ေနာက္ကြယ္မွေငြေၾကးေကာက္ခံခဲ့ျခင္းျဖစ္ေၾကာင္း၊ ထိုင္းႏိုင္ငံသို႔ေရာက္ရိွသည့္အခါတြင္လည္း ထိုင္းေအဂ်င္စီ၏ ကိုယ္စားလွယ္ စကားျပန္အျဖစ္ လုပ္သားမ်ား ထံသို႔ ေရာက္ရိွလာၿပီး လုပ္သား ၉၇ ဦးထံမွ ဘတ္ ၆၀၀၀ စီ ထပ္မံျဖတ္ေတာက္ခဲ့ေၾကာင္း သိရသည္။

အလုပ္သမားမ်ားမွ သက္ဆိုင္ရာျမန္မာေအဂ်င္စီသို႔ တိုင္ၾကားခဲ့ရာ စတားပိုင္အိုနီးယားေအဂ်င္စီမွ ထိုင္းေအဂ်င္စီနွင့္ ေတြဆံုေဆြးေႏြးခဲ့ရာမွ အျဖစ္မွန္ေပၚေပါက္ခဲ့ျခင္းျဖစ္သည္။ အလုပ္သမားမ်ားနစ္နာဆံုးရံွုးမွု မရိွေစရန္ စတားပိုင္အိုနီးယား ေအဂ်င္စီက အဖက္ဖက္မွတာဝန္ ယူေျဖ႐ွင္းေပးခဲ့ၿပီး ထိုင္းဘက္ျခမ္းတြင္ ျဖတ္ေတာက္ထားေသာ ဘတ္၆၀၀၀ျပန္လည္ရရိွေစရန္အလုပ္သမားမ်ားႏွင့္အတူျမန္မာျပည္ပအလုပ္အကိုင္ဝန္ေဆာင္မႈလုပ္ငန္း႐ွင္မ်ားအဖြဲ႔ခ်ဳပ္ (MOEAF) သို႔ သတင္းပို႔တိုင္ၾကားခဲ့ျခင္းျဖစ္သည္။

MOEAFမွ သက္ဆိုင္ရာလူကုန္ကူးမွဳတားဆီးကာကြယ္ေရးတပ္ဖြဲ႔ ့ သို႔ခ်ိတ္ဆက္တိုင္ၾကားခဲ့ၿပီးသတင္းအခ်က္အလက္မ်ားဆက္စပ္စုေဆာင္းကာ ၇.၆.၂၀၁၈ ေန႔တြင္ အျခားကုမၸဏီတခုႏွင့္ စာခ်ဳပ္ခ်ဳပ္ရန္ ရန္ကုန္ၿမိဳ႕သို႔ေရာက္ရိွေနေသာဒမန္းထြန္းအား လူကုန္ကူးမႈ တားဆီးကာကြယ္ေရးတပ္ဖြဲ႔၊ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔ဝင္မ်ားႏွင့္ပူးေပါင္းကာ လိႈင္သာယာၿမိဳ႕နယ္တြင္ ပိတ္ဆို႔တားဆီး၍ ယင္းစီးနင္းလာေသာ ကားႏွင့္တကြ လက္ရ ဖမ္းဆီးႏိုင္ခဲ့ျခင္းျဖစ္သည္။

ယခုအခါယင္းတရားခံအားေျမာက္ဒဂံုၿမိဳ႕နယ္ရဲစခန္းတြင္ဖမ္းဆီး ထိမ္းသိမ္းထားၿပီး အလုပ္သမားမ်ား ၏ ေငြေၾကးမ်ားျပန္လည္ ရရိွေရးႏွင့္တရားဥပေဒႏွင့္အညီ အေရးယူႏိုင္ေရးကို စီစဥ္ေဆာင္ရြက္ ေနေၾကာင္း သိရသည္။

ယင္းႏႈတ္ခမ္းေမႊးကိုထြန္းဆိုသူသည္ ႏွစ္ဖက္ေအဂ်င္စီမ်ား ၊အလုပ္သမားမ်ားၾကားတြင္ ယင္ကဲ့သို႔လိမ္လည္မႈမ်ား၊ အၾကပ္ကိုင္ ဒုကၡေပးမႈမ်ား ကို ယခင္အခါမ်ားကတည္းက အႀကိမ္ၾကိမ္ျပဳလုပ္ခဲ့ဖူးေသာ မွတ္တမ္းေဟာင္းမ်ားရိွ၍ MOEAF မွအေရးယူရန္ေစာင့္ၾကည့္ ႐ွာေဖြေနေသာသူတဦး ျဖစ္ေၾကာင္း သိရသည္။ ။

နႏၵေက်ာ္စြာ

Source : Myanmaalinn

(Unicode Version)

အလုပ်သမားများထံမှ ငွေကြေးပိုမို ကောက်ခံ ဖြတ်တောက်ပြီး လုပ်စားနေသော ပွဲစားကို ဖမ်းဆီး

ထိုင်းနိုင်ငံတွင် MoU စနစ်ဖြင့် လုပ်ကိုင်ရမည် ဆိုကာ မြန်မာ အေဂျင်စီမသိပဲ အလုပ်သမားများအားငွေကြေးပိုမိုကောက်ခံခဲ့၍ ထိုင်းနိုင်ငံ ဘက်ခြမ်းတွင်လည်း ဘတ် ၆၀၀၀ ထပ်မံဖြတ်တောက်ခဲ့သော ထိုင်းနိုင်ငံတွင်နေထိုင်သူ ထိုင်းလိုင်စင်ရအေဂျင့်၏ စကားပြန် ကိုထွန်း(ခေါ်)နှုတ်ခမ်းမွှေးထွန်း(ခေါ်) ဒမန်းထွန်း(ခေါ်) မင်းထွန်းအောင် ၁၀/မဒန(နိုင်)၁၀၉၃၇၅ အား ၇.၆.၂၀၁၈ နေ့ လှိုင်သာယာမြို့နယ်တွင် ဖမ်းဆီးရမိခဲ့သည်။

ဖြစ်ပွားပုံမှာစတားပိုင်အိုနီးယား ကုမ္ပဏီနှင့် ထိုင်းနိုင်ငံ အေဂျင်စီတို့ သည် ၂.၁.၂၀၁၈ နေ့တွင် ထိုင်းနိုင်ငံ SMP Wood သစ်အချောထည်လုပ်ငန်းသို့ ပို့ဆောင်ရန်ရန်ကုန်မြို့ပင်လုံခန်းမ၌ အလုပ်ရှင်အလုပ်သမားစာချုပ် ချုပ်ဆိုခဲ့ပါသည်။ ၁.၁.၂၀၁၈ ရက်နေ့တွင် အလုပ်သမား ၉၇ ဦးအား ထိုင်းနိုင်ငံ နခုံစီထံမရပ်မြို့ရှိ အဆိုပါ လုပ်ငန်းစက်ရုံသို့ပို့ဆောင်ခဲ့ပါသည်။

ရန်ကုန်မြို့ပင်လုံခမ်းမတွင် စာချုပ်ချုပ်ဆိုစဉ်က ယင်းနှုတ်ခမ်းမွှေးကိုထွန်းဆိုသူသည် ထိုင်းအေဂျင်စီ၏ ကိုယ်စားလှယ်၊ စကားပြန်အဖြစ်လိုက်ပါလာခဲ့ခြင်းပြီး အလုပ်သမားတို့၏ ဆွေမျိုးများရှိရာ အလုပ်သို့ ပို့ဆောင်ပေးမည်ဟု ဖြားယောင်းသွေးဆောင်ကာ လူကြိုတင်စုဆောင်းခဲ့ခြင်း၊နောက်ကွယ်မှငွေကြေးကောက်ခံခဲ့ခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသို့ရောက်ရှိသည့်အခါတွင်လည်း ထိုင်းအေဂျင်စီ၏ ကိုယ်စားလှယ် စကားပြန်အဖြစ် လုပ်သားများ ထံသို့ ရောက်ရှိလာပြီး လုပ်သား ၉၇ ဦးထံမှ ဘတ် ၆၀၀၀ စီ ထပ်မံဖြတ်တောက်ခဲ့ကြောင်း သိရသည်။

အလုပ်သမားများမှ သက်ဆိုင်ရာမြန်မာအေဂျင်စီသို့ တိုင်ကြားခဲ့ရာ စတားပိုင်အိုနီးယားအေဂျင်စီမှ ထိုင်းအေဂျင်စီနှင့် တွေဆုံဆွေးနွေးခဲ့ရာမှ အဖြစ်မှန်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ အလုပ်သမားများနစ်နာဆုံးရှုံးမှု မရှိစေရန် စတားပိုင်အိုနီးယား အေဂျင်စီက အဖက်ဖက်မှတာဝန် ယူဖြေရှင်းပေးခဲ့ပြီး ထိုင်းဘက်ခြမ်းတွင် ဖြတ်တောက်ထားသော ဘတ်၆ဝဝဝပြန်လည်ရရှိစေရန်အလုပ်သမားများနှင့်အတူမြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) သို့ သတင်းပို့တိုင်ကြားခဲ့ခြင်းဖြစ်သည်။

MOEAFမှ သက်ဆိုင်ရာလူကုန်ကူးမှုတားဆီးကာကွယ်ရေးတပ်ဖွဲ့ ့ သို့ချိတ်ဆက်တိုင်ကြားခဲ့ပြီးသတင်းအချက်အလက်များဆက်စပ်စုဆောင်းကာ ၇.၆.၂၀၁၈ နေ့တွင် အခြားကုမ္ပဏီတခုနှင့် စာချုပ်ချုပ်ရန် ရန်ကုန်မြို့သို့ရောက်ရှိနေသောဒမန်းထွန်းအား လူကုန်ကူးမှု တားဆီးကာကွယ်ရေးတပ်ဖွဲ့၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းကာ လှိုင်သာယာမြို့နယ်တွင် ပိတ်ဆို့တားဆီး၍ ယင်းစီးနင်းလာသော ကားနှင့်တကွ လက်ရ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

ယခုအခါယင်းတရားခံအားမြောက်ဒဂုံမြို့နယ်ရဲစခန်းတွင်ဖမ်းဆီး ထိမ်းသိမ်းထားပြီး အလုပ်သမားများ ၏ ငွေကြေးများပြန်လည် ရရှိရေးနှင့်တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေးကို စီစဉ်ဆောင်ရွက် နေကြောင်း သိရသည်။

ယင်းနှုတ်ခမ်းမွှေးကိုထွန်းဆိုသူသည် နှစ်ဖက်အေဂျင်စီများ ၊အလုပ်သမားများကြားတွင် ယင်ကဲ့သို့လိမ်လည်မှုများ၊ အကြပ်ကိုင် ဒုက္ခပေးမှုများ ကို ယခင်အခါများကတည်းက အကြိမ်ကြိမ်ပြုလုပ်ခဲ့ဖူးသော မှတ်တမ်းဟောင်းများရှိ၍ MOEAF မှအရေးယူရန်စောင့်ကြည့် ရှာဖွေနေသောသူတဦး ဖြစ်ကြောင်း သိရသည်။ ။

နန္ဒကျော်စွာ

Source : Myanmaalinn