

လယ်ဦးအုပ်ချုပ်ရေးမှူး၏ အကြောင်းကြားချက်အရ ဒုစခန်းမှူး အောင်နိုင်ဝင်းနှင့်အဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့များ၊ ကယ်ဆယ်ရေးအဖွဲ့တို့သည် အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက် စစ်ဆေးရာ သေဆုံးသူ မှာ မျိုးဝင်းလှိုင် (၁၈ နှစ်) ဖြစ်ပြီး ပြင်ပဒဏ်ရာမရှိဘဲ သေဆုံး နေကြောင်း၊ ၄င်းသည် သဘာဝလိုဏ်ဂူအဝနှင့် ပေ ၁၅ဝ ခန့် အကွာအတွင်းသို့ ကျောက်ရှာရာမှ အောက်ဆီဂျင်ပြတ်ကာ လဲကျ သေဆုံးခြင်းဖြစ်ကြောင်း ကျောက်အတူတူရှာသူ သေဆုံးသူ၏ အစ်ကိုဖြစ်သူ ဝင်းမြင့်အောင်၊ မောင်မောင်ဝင်း၊ ထွန်းဇေယျတို့၏ ပြောပြချက်အရ သိရှိရသည်။


Source : Myanmaalinn

(Unicode Version)

မိုးကုတ်တွင် သဘာဝလိုဏ်ဂူအတွင်း ကျောက်ရှာရာမှ အောက်ဆီဂျင်ပြတ်၍ လူတစ်ဦး သေဆုံး

မိုးကုတ်မြို့ လယ်ဦးအုပ်စု ရတနာအောင်မြေရပ် ဓာတ်တော် ပြန့်တောင်ပေါ်ရှိ သဘာဝလိုဏ်ဂူအတွင်း ကျောက်ရှာဖွေရာမှ ဇွန် ၉ ရက် နံနက် ၈ နာရီခန့်က လူတစ်ဦး အသက်ရှူကျပ်၍ သေဆုံးသွားကြောင်း သိရသည်။

လယ်ဦးအုပ်ချုပ်ရေးမှူး၏ အကြောင်းကြားချက်အရ ဒုစခန်းမှူး အောင်နိုင်ဝင်းနှင့်အဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့များ၊ ကယ်ဆယ်ရေးအဖွဲ့တို့သည် အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက် စစ်ဆေးရာ သေဆုံးသူ မှာ မျိုးဝင်းလှိုင် (၁၈ နှစ်) ဖြစ်ပြီး ပြင်ပဒဏ်ရာမရှိဘဲ သေဆုံး နေကြောင်း၊ ၄င်းသည် သဘာဝလိုဏ်ဂူအဝနှင့် ပေ ၁၅ဝ ခန့် အကွာအတွင်းသို့ ကျောက်ရှာရာမှ အောက်ဆီဂျင်ပြတ်ကာ လဲကျ သေဆုံးခြင်းဖြစ်ကြောင်း ကျောက်အတူတူရှာသူ သေဆုံးသူ၏ အစ်ကိုဖြစ်သူ ဝင်းမြင့်အောင််၊ မောင်မောင်ဝင်း၊ ထွန်းဇေယျတို့၏ ပြောပြချက်အရ သိရှိရသည်။

ကျော်ဇေယျာမြင့် (မိုးကုတ်)

Source : Myanmaalinn