သင္မသိေသးတဲ့ သရက္႐ြက္ရဲ႕ ေဆးဖက္အသံုးဝင္ ေကာင္းက်ိဳးမ်ား

သရက္ရြက္ေတြမွာ က်န္းမာေရး ေကာင္းက်ိဳးေတြရွိတယ္ဆုိရင္ အံ့ဩၾကေလမလား။ အရြက္ႏု ထြက္ခ်ိန္မွာ အနီေရာင္ေဖ်ာ့ေဖ်ာ့၊ ခရမ္းေရာင္ေဖ်ာ့ေဖ်ာ့ရွိတတ္ သလို အရြက္ရင့္လာခ်ိန္မွာ အ စိမ္းရင့္ေရာင္ရွိတဲ့ သရက္ရြက္မွာ ဗီတာမင္စီ၊ ဘီ၊ ေအနဲ႔ တျခား ေသာ အာဟာရဓာတ္ေတြအျပင္ ဓာတ္တိုးဆန္႔က်င္ဂုဏ္သတၱိ လည္း ႂကြယ္ဝပါတယ္။ သရက္ ရြက္မွာ ဘယ္လိုေကာင္းက်ိဳးေတြ ရွိထားသလဲဆုိရင္ေတာ့

ဆီးခ်ိဳေရာဂါ ေပ်ာက္ကင္းေစျခင္း

သရက္ရြက္ႏုေလးေတြဟာ ဆီးခ်ိဳေရာဂါအေစာပိုင္းအဆင့္ ေတြ ကုသရာမွာ ေထာက္ကူတယ္ လို႔ဆိုပါတယ္။ အရြက္ေတြကို အ ေျခာက္လွန္း အမႈန္႔ႀကိတ္ၿပီးသံုး ႏိုင္သလို ေရေႏြးေႏြးထဲမွာ ႏွပ္ ထားၿပီးေတာ့လည္း သံုးစြဲႏုိင္ပါ တယ္။ ေနာက္ၿပီး သရက္ရြက္ကို ေရတစ္ဖန္ခြက္မွာထည့္၊ တစ္ည ထားၿပီး ေနာက္တစ္ေန႔မွာ စိမ္ထားတဲ့ေရကို ေသာက္တာမ်ိဳးလည္း လုပ္ေပးႏုိင္ပါတယ္။

ေသြးဖိအား ပံုမွန္ျဖစ္ေစျခင္း

ေသြးတိုးသမားေတြ ေသြး ဖိအားပံုမွန္ျဖစ္ဖို႔ ကူညီေပးသလုိ ေသြးေၾကာထံုးတာေတြကိုလည္း သက္သာေစပါတယ္။

ပင္ပန္းႏြမ္းနယ္မႈကို သက္သာေစျခင္း

စုိးရိမ္ေၾကာင့္ၾကမႈေတြ ေၾကာင့္ ပင္ပန္းႏြမ္းနယ္ေနၿပီဆုိ ရင္ေတာ့ သရက္ရြက္ကို ေရေႏြး စိမ္ထားတာ သံုးဖန္ခြက္ေလာက္ ကို ခ်ိဳးေရထဲမွာေရာၿပီး ေရခ်ိဳး လိုက္ရင္ လန္းဆန္းေစမွာပါ။

သည္းေျခေက်ာက္နဲ႔ ေက်ာက္ ကပ္ေက်ာက္တည္မႈ သက္သာ ေစျခင္း

သရက္ရြက္အေျခာက္မႈန္႔ ကို ေရတစ္ဖန္ခြက္ထဲမွာ တစ္ည စိမ္ထားၿပီး ေသာက္ေပးရင္ ေက်ာက္တည္တာေတြကို ေခ် ဖ်က္ေပးတယ္လို႔ ဆုိပါတယ္။

ဝမ္းကိုက္ေပ်ာက္ေစျခင္း

သရက္ရြက္ေျခာက္မႈန္႔ကို ေရက်က္ေအးနဲ႔ေဖ်ာ္ၿပီး တစ္ေန႔ ႏွစ္ႀကိမ္ကေန သံုးႀကိမ္ေလာက္ အထိ ေသာက္ေပးရင္ ဝမ္းကိုက္ တာေတြ သက္သာေပ်ာက္ကင္း ေစပါတယ္။

နားကိုက္ သက္သာေစျခင္း

ခံရခက္တဲ့ နားကိုက္တာ ေတြ သက္သာေစမယ့္ အိမ္တြင္း ေဆးတစ္လက္ကေတာ့ သရက္ရြက္ကို အရည္ညႇစ္ၿပီး နားထဲခတ္ ေပးႏုိင္တယ္လုိ႔ ဆုိပါတယ္။

အပူေလာင္ သက္သာေစျခင္း

အေရျပားမွာ ဆီပူေလာင္၊ ေရေႏြးပူေလာင္ခံရၿပီဆုိရင္ သရက္ရြက္ကို ျပာခ်ၿပီး အဲဒီအ မႈန္႔အုပ္ေပးတာမ်ိဳး လုပ္ႏုိင္ပါ တယ္။

အသက္႐ွဴလမ္းေၾကာင္း ျပႆနာ မ်ားအား ေျဖရွင္းႏုိင္ျခင္း

အေအးမိ၊ ေခ်ာင္းဆုိး၊ ရင္ က်ပ္ျဖစ္ရင္ သရက္ရြက္ကို ေရ ေႏြးဆူဆူထဲမွာ ပ်ားရည္ေလး နည္းနည္းထည့္ျပဳတ္ၿပီး ေသာက္ ေပးရင္ သက္သာေစသလို အသံ ဝင္တာေတြကိုလည္း ေပ်ာက္ ကင္းေစတယ္လို႔ ဆုိပါတယ္။

ႀကိဳ႕ထိုးျခင္းနဲ႔ လည္ေခ်ာင္း ျပႆ နာမ်ား ေပ်ာက္ကင္းေစျခင္း

သရက္ရြက္အနည္းငယ္ကို မီးကင္ၿပီး အေငြ႕ကို ႐ွဴတာမ်ိဳး လုပ္ေပးႏုိင္ပါတယ္။

အစာအိမ္ျပႆနာမ်ား ကာကြယ္ ျခင္း

ေရေႏြးေႏြးထဲကို သရက္ ရြက္အနည္းငယ္ထည့္ၿပီး တစ္ည စိမ္ထားတဲ့ေရကို ေနာက္တစ္ေန႔ မနက္ ဘာမွမစားခင္ ပံုမွန္ ေသာက္ေပးရင္ အစာအိမ္က်န္း မာေရးအတြက္ အေထာက္အကူ ျပဳသလို အစာအိမ္ဆုိင္ရာျပႆ နာေတြကိုလည္း ကာကြယ္ၿပီး သား ျဖစ္ေစပါတယ္။

Source : ျမ၀တီ

(Unicode Version)

သင်မသိသေးတဲ့ သရက်ရွက်ရဲ့ ဆေးဖက်အသုံးဝင် ကောင်းကျိုးများ

သရက်ရွက်တွေမှာ ကျန်းမာရေး ကောင်းကျိုးတွေရှိတယ်ဆိုရင် အံ့ဩကြလေမလား။ အရွက်နု ထွက်ချိန်မှာ အနီရောင်ဖျော့ဖျော့၊ ခရမ်းရောင်ဖျော့ဖျော့ရှိတတ် သလို အရွက်ရင့်လာချိန်မှာ အ စိမ်းရင့်ရောင်ရှိတဲ့ သရက်ရွက်မှာ ဗီတာမင်စီ၊ ဘီ၊ အေနဲ့ တခြား သော အာဟာရဓာတ်တွေအပြင် ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ လည်း ကြွယ်ဝပါတယ်။ သရက် ရွက်မှာ ဘယ်လိုကောင်းကျိုးတွေ ရှိထားသလဲဆိုရင်တော့

ဆီးချိုရောဂါ ပျောက်ကင်းစေခြင်း

သရက်ရွက်နုလေးတွေဟာ ဆီးချိုရောဂါအစောပိုင်းအဆင့် တွေ ကုသရာမှာ ထောက်ကူတယ် လို့ဆိုပါတယ်။ အရွက်တွေကို အ ခြောက်လှန်း အမှုန့်ကြိတ်ပြီးသုံး နိုင်သလို ရေနွေးနွေးထဲမှာ နှပ် ထားပြီးတော့လည်း သုံးစွဲနိုင်ပါ တယ်။ နောက်ပြီး သရက်ရွက်ကို ရေတစ်ဖန်ခွက်မှာထည့်၊ တစ်ည ထားပြီး နောက်တစ်နေ့မှာ စိမ်ထားတဲ့ရေကို သောက်တာမျိုးလည်း လုပ်ပေးနိုင်ပါတယ်။

သွေးဖိအား ပုံမှန်ဖြစ်စေခြင်း

သွေးတိုးသမားတွေ သွေး ဖိအားပုံမှန်ဖြစ်ဖို့ ကူညီပေးသလို သွေးကြောထုံးတာတွေကိုလည်း သက်သာစေပါတယ်။

ပင်ပန်းနွမ်းနယ်မှုကို သက်သာစေခြင်း

စိုးရိမ်ကြောင့်ကြမှုတွေ ကြောင့် ပင်ပန်းနွမ်းနယ်နေပြီဆို ရင်တော့ သရက်ရွက်ကို ရေနွေး စိမ်ထားတာ သုံးဖန်ခွက်လောက် ကို ချိုးရေထဲမှာရောပြီး ရေချိုး လိုက်ရင် လန်းဆန်းစေမှာပါ။

သည်းခြေကျောက်နဲ့ ကျောက် ကပ်ကျောက်တည်မှု သက်သာ စေခြင်း

သရက်ရွက်အခြောက်မှုန့် ကို ရေတစ်ဖန်ခွက်ထဲမှာ တစ်ည စိမ်ထားပြီး သောက်ပေးရင် ကျောက်တည်တာတွေကို ချေ ဖျက်ပေးတယ်လို့ ဆိုပါတယ်။

ဝမ်းကိုက်ပျောက်စေခြင်း

သရက်ရွက်ခြောက်မှုန့်ကို ရေကျက်အေးနဲ့ဖျော်ပြီး တစ်နေ့ နှစ်ကြိမ်ကနေ သုံးကြိမ်လောက် အထိ သောက်ပေးရင် ဝမ်းကိုက် တာတွေ သက်သာပျောက်ကင်း စေပါတယ်။

နားကိုက် သက်သာစေခြင်း

ခံရခက်တဲ့ နားကိုက်တာ တွေ သက်သာစေမယ့် အိမ်တွင်း ဆေးတစ်လက်ကတော့ သရက်ရွက်ကို အရည်ညှစ်ပြီး နားထဲခတ် ပေးနိုင်တယ်လို့ ဆိုပါတယ်။

အပူလောင် သက်သာစေခြင်း

အရေပြားမှာ ဆီပူလောင်၊ ရေနွေးပူလောင်ခံရပြီဆိုရင် သရက်ရွက်ကို ပြာချပြီး အဲဒီအ မှုန့်အုပ်ပေးတာမျိုး လုပ်နိုင်ပါ တယ်။

အသက်ရှူလမ်းကြောင်း ပြဿနာ များအား ဖြေရှင်းနိုင်ခြင်း

အအေးမိ၊ ချောင်းဆိုး၊ ရင် ကျပ်ဖြစ်ရင် သရက်ရွက်ကို ရေ နွေးဆူဆူထဲမှာ ပျားရည်လေး နည်းနည်းထည့်ပြုတ်ပြီး သောက် ပေးရင် သက်သာစေသလို အသံ ဝင်တာတွေကိုလည်း ပျောက် ကင်းစေတယ်လို့ ဆိုပါတယ်။

ကြို့ထိုးခြင်းနဲ့ လည်ချောင်း ပြဿ နာများ ပျောက်ကင်းစေခြင်း

သရက်ရွက်အနည်းငယ်ကို မီးကင်ပြီး အငွေ့ကို ရှူတာမျိုး လုပ်ပေးနိုင်ပါတယ်။

အစာအိမ်ပြဿနာများ ကာကွယ် ခြင်း

ရေနွေးနွေးထဲကို သရက် ရွက်အနည်းငယ်ထည့်ပြီး တစ်ည စိမ်ထားတဲ့ရေကို နောက်တစ်နေ့ မနက် ဘာမှမစားခင် ပုံမှန် သောက်ပေးရင် အစာအိမ်ကျန်း မာရေးအတွက် အထောက်အကူ ပြုသလို အစာအိမ်ဆိုင်ရာပြဿ နာတွေကိုလည်း ကာကွယ်ပြီး သား ဖြစ်စေပါတယ်။

Source : မြဝတီ