ရန်ကုန်သို့ပို့မည့် စိတ်ကြွဆေးပြားပေါင်း သန်း ၃၀၀ ထုတ်နိုင်သည့် မူးယစ် ဓာတုကုန်ကြမ်း (၁၅ တန်) ကို နှစ်နိုင်ငံ ပူးပေါင်း ဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်းအစိုးရ ထုတ်ပြန်

ရန်ကုန်သို့ပို့မည့် စိတ်ကြွဆေးပြားပေါင်း သန်း ၃၀၀ ထုတ်နိုင်သည့် မူးယစ် ဓာတုကုန်ကြမ်း (၁၅ တန်) ကို နှစ်နိုင်ငံ ပူးပေါင်း ဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်းအစိုးရ ထုတ်ပြန်

10 June 2018

ထိုင်း မူးယစ်နိမ်နင်းရေး အဖွဲ့က ဒီကနေ့ ပြုလုပ်သွားတဲ့ သတင်းစာရှင်းလင်းပွဲမှာ ယခုလ (၃) ရက်နေ့ က ထိုင်းနိုင်ငံ မြောက်ပိုင်း မဲစိုင်ကနေ တာချီလိတ်ကို မောင်းသွားတဲ့ ကုန်တင်ကားကို မြန်မာအာဏာပိုင်တွေက ဖမ်းဆီး စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ချင်းရိုင် လိုင်စဉ် No. 70-7172 နဲ့  ကုန်တင်ကားမောင်းသူ ထိုင်းနိုင်ငံသား စုန်စ၀ပ် ၄၂ နှစ်ကိုလည်း ဆက်လက်စစ်ဆေး နေပါတယ်။ ကားပေါ်မှာတင်လာတဲ့ အနက်ရောင် စည်ပိုင်း အလုံးပေါင်း ၃၀၀ မှာ ဆိုဒီယမ်ဆိုင်ရာနိုက် sodium cyanide ဓါတုဆေး အလေးချိန် ၁၅ တန် ရှိကြောင်း ဖော်ပြထားပါတယ်။ ထိုင်းဘက်ကနေ သယ်သွားတဲ့သတင်းကို မြန်မာဘက်ကို အချက်အလက် ပေးခဲ့တယ်လို့ လည်း သိရပါတယ်။

ဒီဓါတုဆေးတွေကို တာဝန်ယူပို့တဲ့ တရုတ် ကုမ္ပဏီဟာ တရားဝင် စာရွက်စာတမ်းတွေလုပ်ပြီး ထိုင်းကနေ သယ်တာလို့ ဆိုပါတယ်။ ချွန်ဘူရီ ပြည်နယ်ကနေ ရန်ကုန်ကို ရေလမ်းနဲ့  ပို့ဆောင်မယ်လို့  စာရွက်စာတမ်းတွေမှာ ရေးသားထားပြီးမှ ခုလို ရွှေတြိဂံသေကို ကနေ သယ်ဆောင်တယ်ဆိုတာ မင်္သကာစရာဖြစ်နေပါတယ်လို့ ဖေါ်ပြထားပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံ အလိုရှိနေတဲ့ မူးယစ်တရာခံပြေး Charoenkiat Phornpanit နိုင်ကျလန်ကရက်ကို တာချီလိတ် မှာ ဖမ်းမိခဲ့ပြီး မြန်မာအာဏာပိုင်က ပြန်လည်လွဲပြောင်း ပေးခဲ့တယ်လို့  မူယစ်နိမ်နင်းရေးအဖွဲ့ အတွင်းရေးမှူး Mr. Sirin Yaichachai စီရိရင် ယစ်ချချိုင်းက ထုတ်ဖော်ပြောဆို သွားပါတယ်။

အဆိုပါတရားခံပြေး ကျလန်ရဲ့ ပိုင်ဆိုင်တဲ့ မြန်မာကျပ်ငွေ သိန်း ၄၀ အပါအ၀င် ကားသုံးစီး ဆိုင်ကယ် ၈ စီး အိမ်ခြံမြေနဲ့  ရွှေ ၄၀ ဘတ်သားပါ စုစုပေါင်း တန်ဘိုး ဘတ်သန်း ၂၀ ကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆီးထားလိုက်ပြီလို့ သိရပါတယ်။

Source : SAW

(Unicode Version)

ရန်ကုုန်သိုု့ပိုု့မည့် စိတ်ကြွဆေးပြားပေါင်း သန်း ၃၀၀ ထုုတ်နိုင်သည့် မူးယစ် ဓာတုုကုုန်ကြမ်း (၁၅ တန်) ကိုု နှစ်နိုင်ငံ ပူးပေါင်း ဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုုင်းအစိုုးရ ထုုတ်ပြန်

10 June 2018

ထိုုင်း မူးယစ်နိမ်နင်းရေး အဖွဲ့က ဒီကနေ ့ပြုလုုပ်သွားတဲ့ သတင်းစာရှင်းလင်းပွဲမှာ ယခုုလ (၃) ရက်နေ ့က ထိုုင်းနိုုင်ငံ မြောက်ပိုုင်း မဲစိုုင်ကနေ တာချီလိတ်ကိုု မောင်းသွားတဲ့ ကုုန်တင်ကားကိုု မြန်မာအာဏာပိုုင်တွေက ဖမ်းဆီး စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ချင်းရိုုင် လိုုင်စဉ် No. 70-7172 နဲ ့ ကုုန်တင်ကားမောင်းသူ ထိုုင်းနိုုင်ငံသား စုုန်စဝပ် ၄၂ နှစ်ကိုုလည်း ဆက်လက်စစ်ဆေး နေပါတယ်။ ကားပေါ်မှာတင်လာတဲ့ အနက်ရောင် စည်ပိုုင်း အလုုံးပေါင်း ၃၀၀ မှာ ဆိုုဒီယမ်ဆိုုင်ရာနိုုက် sodium cyanide ဓါတုုဆေး အလေးချိန် ၁၅ တန် ရှိကြောင်း ဖော်ပြထားပါတယ်။ ထိုုင်းဘက်ကနေ သယ်သွားတဲ့သတင်းကိုု မြန်မာဘက်ကိုု အချက်အလက် ပေးခဲ့တယ်လိုု ့လည်း သိရပါတယ်။

ဒီဓါတုုဆေးတွေကိုု တာဝန်ယူပိုု့တဲ့ တရုုတ် ကုုမ္ပဏီဟာ တရားဝင် စာရွက်စာတမ်းတွေလုုပ်ပြီး ထိုုင်းကနေ သယ်တာလိုု ့ဆိုုပါတယ်။ ချွန်ဘူရီ ပြည်နယ်ကနေ ရန်ကုုန်ကိုု ရေလမ်းနဲ ့ ပိုု့ဆောင်မယ်လိုု ့ စာရွက်စာတမ်းတွေမှာ ရေးသားထားပြီးမှ ခုုလိုု ရွှေတြိဂံသေကိုု ကနေ သယ်ဆောင်တယ်ဆိုုတာ မင်္သကာစရာဖြစ်နေပါတယ်လိုု ့ဖေါ်ပြထားပါတယ်။

ဒါ့အပြင် ထိုုင်းနိုုင်ငံ အလိုုရှိနေတဲ့ မူးယစ်တရာခံပြေး Charoenkiat Phornpanit နိုုင်ကျလန်ကရက်ကိုု တာချီလိတ် မှာ ဖမ်းမိခဲ့ပြီး မြန်မာအာဏာပိုုင်က ပြန်လည်လွဲပြောင်း ပေးခဲ့တယ်လိုု ့ မူယစ်နိမ်နင်းရေးအဖွဲ ့အတွင်းရေးမှူး Mr. Sirin Yaichachai စီရိရင် ယစ်ချချိုင်းက ထုုတ်ဖော်ပြောဆိုု သွားပါတယ်။

အဆိုုပါတရားခံပြေး ကျလန်ရဲ ့ပိုုင်ဆိုုင်တဲ့ မြန်မာကျပ်ငွေ သိန်း ၄၀ အပါအဝင် ကားသုုံးစီး ဆိုုင်ကယ် ၈ စီး အိမ်ခြံမြေနဲ ့ ရွှေ ၄၀ ဘတ်သားပါ စုုစုုပေါင်း တန်ဘိုုး ဘတ်သန်း ၂၀ ကိုု နိုုင်ငံတော်ပိုုင်အဖြစ် သိမ်းဆီးထားလိုုက်ပြီလိုု့ သိရပါတယ်။

Source : SAW