


မြို့နယ်ပြန်/ဆက်


(Unicode Version)

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မင်းတုန်းချောင်း ရေကြီး

သရက်ခရိုင် မင်းတုန်းမြို့နယ်တွင်မိုးများအဆက် မပြတ်ရွာသွန်းမှုကြောင့် ပုသိမ်-မုံရွာလမ်းဘူးတောင်း ကျေးရွာနှင့်မင်းတုန်းမြို့ဆက်သွယ်ရေးကား လမ်းပေါ်သို့ မင်းတုန်းချောင်းရေများ ဘူးတောင်းရွာအနီး ဇွန်လ ၁၁ ရက်နေ့ နံနက် ၀၉း၃၀ ခန့်တွင် ၂ ပေကျော်ခန့်ကျော်လာခဲ့ပြီး မင်းတုန်းချောင်း တံတားတွင်လည်း တံတားအား ချောင်းရေထိရန် ၆ ပေခန့်သာ လိုတော့ကြောင်း သိရှိရပါသည်။

ယခုကဲ့သို့ ချောင်းရေကြီးခြင်းကြောင့် ဘူးတောင်း မင်းတုန်း ဆက်သွယ်ရေး လမ်းပြတ်တောက်သွားသော်လည်း ၄ မိုင် ၆ ဖာလုံလမ်းမှ မော်တော် ယာဉ်များသွားလာ၍ ရသည့်အတွက် လမ်းပန်းဆက် သွယ်ရေးပြတ် တောက်မှု မရှိကြောင်း သတင်းရရှိသည်။

မြို့နယ်ပြန်/ဆက်

Source : MOI Webportal Myanmar