မူဆယ္ ေလာင္းကစား႐ုံ၌ ပစ္ခတ္မႈျဖစ္ပြား

မူဆယ္ၿမိဳ႕ ဟိုမြန္ရပ္ကြက္ သိန္းသန္းခ်ီ အေဝးေျပးယာဥ္ရပ္နားကြင္းအတြင္းရွိ စိုစိုေျပေျပတည္းခိုခန္းအေနာက္ဘက္ တီဗြီဂိမ္းေလာင္းကစား႐ုံတြင္ ဇြန္ ၁ဝ ရက္ မြန္းလြဲ ၁ နာရီ မိနစ္၂ဝ ခန္႔က ေလာင္းကစား႐ုံ စာေရးမ မခ်စ္ျမတ္ႏိုးႏွင့္ လာေရာက္ေလာင္းကစားသူ ရန္ႏိုင္ ေအာင္တို႔ စကားမ်ားခိုက္ရန္ျဖစ္ပြားရာမွ အလုပ္သမားတစ္ဦးကပိုင္ရွင္ထံ ဖုန္းဆက္ အေၾကာင္းၾကားခဲ့ရာ အမ်ဳိးသားငါးဦး ေရာက္ရွိလာၿပီး ရန္ႏိုင္ေအာင္အား ဝိုင္းဝန္းထိုးႀကိတ္႐ိုက္ႏွက္ကာ ေသနတ္ ျဖင့္ သံုးခ်က္ပစ္ေဖာက္၍ ကားျဖင့္ ထြက္ေျပးသြားၾကသည္။

အဆိုပါ ပစ္ခတ္မႈျဖစ္ပြားရာ ေနရာသို႔ တာဝန္ရွိသူမ်ား သြားေရာက္ ၾကည့္႐ႈစစ္ေဆးခဲ့ရာ ေလာင္းကစား ဖြင့္လွစ္လုပ္ကိုင္သူ ငါးဦးတို႔အား ေလာင္းကစား႐ုံအတြင္းရွိ ေလာင္းကစား ရာတြင္ အသုံးျပဳသည့္ ငါးပစ္ဂိမ္းစက္ ၁၁ လုံး၊ ပဲၾကားေလာ့(ဖဲစက္) တစ္လုံး၊ အန္စာတုံး (ေျခာက္ေကာင္) ကစားခုံ တစ္ခု၊ ေလာင္းကစားေငြက်ပ္ ၁၄ဝ၁၈ဝဝ၊ အေပါင္ခံပစၥည္းမ်ဳိးစုံႏွင့္ အတူ အခင္းျဖစ္ပြားရာတြင္ ပစ္ခတ္ ခဲ့သည့္ ၉-မမ အမ်ဳိးအစား က်ည္ခြံ သံုးခုတို႔ကို သိမ္းဆည္းရမိခဲ့သည္။

ထိုျဖစ္စဥ္ေၾကာင့္ ရန္ႏိုင္ေအာင္တြင္ နဖူးႏွင့္ ဦးေခါင္းေနာက္ေစ့ ေပါက္ၿပဲ ေသြးထြက္ဒဏ္ရာ(မစိုးရိမ္ရ)ရရွိခဲ့ၿပီး ေလာင္းကစားဖြင့္လွစ္လုပ္ကိုင္သူမ်ား ျဖစ္ေသာ ဦးအား႐ုံ (၃၉ ႏွစ္)ပါ ငါးဦး တို႔အား အမႈဖြင့္ အေရးယူေဆာင္ရြက္ လ်က္ရွိေၾကာင္းႏွင့္ မခ်စ္ျမတ္ႏိုး အပါ အဝင္ ေသနတ္ျဖင့္ ပစ္ေဖာက္သူမ်ား (တိမ္းေရွာင္)တို႔အား ဖမ္းဆီးရမိေရး မူဆယ္ၿမိဳ႕မရဲစခန္းက ေဆာင္ရြက္လ်က္ ရွိေၾကာင္း သိရသည္။

ခ႐ိုင္(ျပန္/ဆက္)

Source : Myanmaalinn

(Unicode Version)

မူဆယ် လောင်းကစားရုံ၌ ပစ်ခတ်မှုဖြစ်ပွား

မူဆယ်မြို့ ဟိုမွန်ရပ်ကွက် သိန်းသန်းချီ အဝေးပြေးယာဉ်ရပ်နားကွင်းအတွင်းရှိ စိုစိုပြေပြေတည်းခိုခန်းအနောက်ဘက် တီဗွီဂိမ်းလောင်းကစားရုံတွင် ဇွန် ၁ဝ ရက် မွန်းလွဲ ၁ နာရီ မိနစ်၂ဝ ခန့်က လောင်းကစားရုံ စာရေးမ မချစ်မြတ်နိုးနှင့် လာရောက်လောင်းကစားသူ ရန်နိုင် အောင်တို့ စကားများခိုက်ရန်ဖြစ်ပွားရာမှ အလုပ်သမားတစ်ဦးကပိုင်ရှင်ထံ ဖုန်းဆက် အကြောင်းကြားခဲ့ရာ အမျိုးသားငါးဦး ရောက်ရှိလာပြီး ရန်နိုင်အောင်အား ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်ကာ သေနတ် ဖြင့် သုံးချက်ပစ်ဖောက်၍ ကားဖြင့် ထွက်ပြေးသွားကြသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်ပွားရာ နေရာသို့ တာဝန်ရှိသူများ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ရာ လောင်းကစား ဖွင့်လှစ်လုပ်ကိုင်သူ ငါးဦးတို့အား လောင်းကစားရုံအတွင်းရှိ လောင်းကစား ရာတွင် အသုံးပြုသည့် ငါးပစ်ဂိမ်းစက် ၁၁ လုံး၊ ပဲကြားလော့(ဖဲစက်) တစ်လုံး၊ အန်စာတုံး (ခြောက်ကောင်) ကစားခုံ တစ်ခု၊ လောင်းကစားငွေကျပ် ၁၄ဝ၁၈ဝဝ၊ အပေါင်ခံပစ္စည်းမျိုးစုံနှင့် အတူ အခင်းဖြစ်ပွားရာတွင် ပစ်ခတ် ခဲ့သည့် ၉-မမ အမျိုးအစား ကျည်ခွံ သုံးခုတို့ကို သိမ်းဆည်းရမိခဲ့သည်။

ထိုဖြစ်စဉ်ကြောင့် ရန်နိုင်အောင်တွင် နဖူးနှင့် ဦးခေါင်းနောက်စေ့ ပေါက်ပြဲ သွေးထွက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး လောင်းကစားဖွင့်လှစ်လုပ်ကိုင်သူများ ဖြစ်သော ဦးအားရုံ (၃၉ နှစ်)ပါ ငါးဦး တို့အား အမှုဖွင့် အရေးယူဆောင်ရွက် လျက်ရှိကြောင်းနှင့် မချစ်မြတ်နိုး အပါ အဝင် သေနတ်ဖြင့် ပစ်ဖောက်သူများ (တိမ်းရှောင်)တို့အား ဖမ်းဆီးရမိရေး မူဆယ်မြို့မရဲစခန်းက ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

Source : Myanmaalinn

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္